အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

Today Highlights

International IDEA အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၁၅

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် International IDEA မှ Senior Program Manager ဖြစ်သူ Mr. Gregory Kehailia နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဥက္ကဋ္ဌရုံးအစည်းအဝေးခန်း၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်း၊ Australia Volunteers For International Development ( AVID ) မှ Ms. Kimberley Gardiner နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံရာတွင် ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home Highlight News International IDEA အဖွဲ့အား လက်ခံတွေ့ဆုံ