အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

Today Highlights

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဇွန် ၁၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရုံးရှေ့မျက်နှာစာ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း တက်ရောက်၍ စိန်တစ်လုံးသရက်ပင်အား စိုက်ပျိုးပေးသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများက စိန်တစ်လုံးသရက်ပင်များ၊ မဟော်ဂနီပင်များနှင့် ပိတောက်ပင်များအား တပျော်တပါး စုပေါင်း စိုက်ပျိုးကြပြီး ကော်မရှင်ဥက္ကဋ္ဌက အရာထမ်း၊ အမှုထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ယနေ့ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိန်တစ်လုံးသရက် (၇၇)ပင်၊ မဟော်ဂနီ (၁၅) ပင်နှင့် ပိတောက်ပင် (၁၀) ပင်၊ စုစုပေါင်း (၁၀၂) ပင်ကို စိုက်ပျိုးခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home Highlight News ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ