အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

Today Highlights

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဇွန် ၂၂

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကဏ္ဍစုံမှပါဝင်ပတ်သက်သူများအကြား ပြန်လည်သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Kandawgyi Palace Hotel ၌ ကျင်းပပြုလု ပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်၊ ဦးမြင့်နိုင် နှင့် ဦးသန်းဌေး၊ အတွင်းရေးမှူး ဦးတင်ထွန်း၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်
များလေ့လာသုံးသပ်ရေးကော်မတီ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြ ည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နိုင်ငံရေးပါတီ (၂၂) ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်း (၁၁) ဖွဲ့၊ နိုင်ငံတကာအဖွဲ့အစည်း (၁၀) ဖွဲ့၊ International
IDEA နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းက ယနေ့ကျင်းပ ပြုလုပ်သည့် (၂) ရက်တာဆွေးနွေးပွဲတွင် ကြားဖြတ်ရွေးကောက်ပွဲ၌ တွေ့ရှိခဲ့သည့် အားသာချက် အားနည်းချက်များ ကိုဆွေးနွေးသွားမှာဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များပိုမိုတိုးတက်ကောင်းမွန် လာစေမည့်နည်းလမ်းများအား ဆွေးနွေးအကြံပြုဖော်ထုတ်သွားရန်ဖြစ်ကြောင်း၊ ကြားဖြတ် ရွေးကောက်ပွဲတွင် ကဏ္ဍစုံမှပါဝင်
ပတ်သက်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ရွေးကောက်ပွဲ စီမံခန့်ခွဲမှုများ ပိုမိုကောင်းမွန်ခဲ့ပြီး ယခင်က ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့သည့် ကျေးသီးနှင့် မိုင်းရှုးဒေသများတွင်လည်း ရွေးကောက် ပွဲကို အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ကြောင်း၊

၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကျင်းပမည့်ရက်အား ရက်ပေါင်း (၁၈၀) ကြိုတင်၍ကြေညာခဲ့ခြင်းနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အချိန်ဇယား ထုတ်ပြန်ကြေညာပေးခဲ့ သဖြင့် ရွေးကော က်ပွဲနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများအားလုံး ပြင်ဆင်မှုများဆောင်ရွက်ရန် အချိန်လုံလောက်စွာရရှိခဲ့ကြောင်း၊ International IDEA ၊ သြစတြေးလျ ရွေးကောက်ပွဲ ကော်မရှင် (AEC) တို့နှင့် ပူးပေါင်း၍ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးဆင့်ပွားသင်တန်းများကို ထိရောက်မှု ရှိစေရန် ဆောင်ရွက်ခဲ့ကြောင်း၊

မဲစာရင်းပြုစုခြင်းနှင့်စပ်လျဉ်း၍ အားနည်းချက်များအား ဖြေရှင်းနိုင်ရန် အိမ်တိုင်ရာရောက် (Door to Door ) စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း အခက်အခဲများ ရှိခဲ့ကြောင်း၊ မဲစာရင်း ပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင်ပြည်သူလူထုမှ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊

နိုင်ငံပြင်ပရောက်ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍ ကော်မရှင်အနေဖြင့် ကြိုတင်မဲလမ်းညွှန် စာအုပ်များပြုစု၍ နိုင်ငံခြားသံရုံးများသို့ပေးပို့ခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ကြိုတင်ညှိနှိုင်း ခြင်းတို့ကို ဆောင်ရွ က်ခဲ့သဖြင့် အဆင်ပြေချောမွေ့ခဲ့ကြောင်း၊

နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ်များကို အားလုံးမှလိုက်နာကျင့်သုံးခြင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ နှင့် ကျင့်ဝတ်တို့ကို နိုင်ငံရေး ပါတီများနှင့် လွှ တ်တော်ကိုယ်စားလှယ်လောင်းများအား သင်တန်းပို့ချပေးခဲ့ခြင်းနှင့် စေ့စပ်ညှိနှိုင်း ရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းကြောင့် မဲဆွယ်စည်းရုံးစဉ်ကာလနှင့် မဲပေးခြင်းကာလ များတွင် ကြီးမားသော ပြဿနာများ မရှိခဲ့ကြောင်း၊

ကော်မရှင်အနေဖြင့် ရှေ့ဆက်လက်၍ ကဏ္ဍ (၄) ရပ်အား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကဏ္ဍ (၄) ရပ်မှာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ လိုအပ်ချက်များအပေါ် ပြင်ဆင်ရေးဆွဲဆော င်ရွက်ခြင်း၊ မဲစာရင်းပိုမိုပြည့်စုံမှန်ကန်ရေးအတွက်ဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင် အသိပညာပေးခြင်းအား ပိုမိုတိုးမြှင့်ဆောင်ရွက်ခြင်းနှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှဝန်ထမ်း များအား စီမံခန့်ခွဲမှုနှင့်အုပ်ချုပ်မှုလုပ်
ငန်းစဉ်များ၌ ကျွမ်းကျင်မှုရှိလာစေရေးအတွက် ဆောင်ရွက် ခြင်းတို့ဖြစ်ကြောင်း၊ အဆိုပါကဏ္ဍ (၄) ရပ်နှင့်စပ်လျဉ်း၍လည်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင် နိုင်မည့်နည်းလမ်းများကို ဆွေးနွေးပေးကြစေ လိုကြောင်း ပြောကြားပါသည်။

၎င်းနောက် ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက အခမ်းအနားအစီအစဉ်အား ရှင်းလင်း ပြောကြားပြီး International IDEA အဖွဲ့မှ Head of Country Office ဖြစ်သူ Mr. Mark McDowell က အဖွင့် နှုတ်ဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတွေ့ရှိခဲ့မှု အခြေ အနေများနှင့်စပ်လျဉ်း၍ အား
သာချက်၊ အားနည်းချက်များကို အကြံပြုတင်ပြကြပါသည်။

၎င်းနောက် ရွေးကောက်ပွဲလုပ်ငန်းများစီမံခန့်ခွဲခြင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ကိုယ်စားလှယ် လောင်းအမည်စာရင်းတင်သွင်းခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်း၊ မဲဆွယ်စည်း ရုံးခြင်းနှင့်နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ်၊ ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား တရားဝင်အသိ အမှတ်ပြုခြင်းနှင့် ပူး
ပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင်အသိပညာပေးခြင်း၊ ကြိုတင်မဲပေးခြင်း၊ မဲဆန္ဒရှင်သက်သေခံလက်မှတ်ထုတ်ပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်ကြေညာခြင်း တို့နှင့်စပ်လျဉ်းပြီး တက်ရောက်လာသူများမှ အဖွဲ့(၆)ဖွဲ့ခွဲကာ အကြံပြု ဆွေးနွေးကြပါသည်။ အဆိုပါဆွေးနွေးပွဲအား ဇွန်လ ၂၃ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home Highlight News ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ဆွေးနွေးပွဲကျင်းပ