အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၁၂) နှင့် (၁၃) တို့အား စက်တင်ဘာ ၁၉ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်

body

နေပြည်တော် စက်တင်ဘာ ၂

၁။ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇောင်းခေါင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ)က ကချင် ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေး {လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)}အပေါ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊၆၈တို့အရ ၂၁-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာ တင်သွင်း ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာ စစ်ဆေးစေခဲ့သည်။ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ခုံအဖွဲ့ဝင်များအဖြစ် ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင် တို့ပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့ (၂)က လျှောက်ထားခံရသူ ဦးလာမာလေးအား ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင် အတည်ဖြစ်လျက်ရှိကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်ကြောင်း ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးဇောင်းခေါင်မှ ကျေနပ်မှုမရှိသဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ် ၃ ရက်နေ့တွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က)နှင့် နည်းဥပဒေ ၉၉ တို့အရ အယူခံမှုလျှောက်ထား တင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ် (၁၂/၂၀၁၆)ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။

၂။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုအမှတ် (၁၂/၂၀၁၆) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၂/၂၀၁၆) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂ ရက် (သောကြာနေ့)တွင် နှစ်ဖက် လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ် ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်(တနင်္လာနေ့)၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝေဖြိုး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က စစ်ကိုင်း တိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့် {တိုင်းလိုင်း(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးရေးပါတီ] အပေါ် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ တို့အရ ၂၂-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ခုံအဖွဲ့ဝင် များအဖြစ် ဦးခင်မောင်ဝင်းနှင့် ဦးကျော်သူ တို့ပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့ (၄) က လျှောက် ထားခံရသူ ဦးသန်းညွန့်အား ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ အတည် ဖြစ်လျက်ရှိကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးဝေဖြိုး၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်ကြောင်းဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးဝေဖြိုးမှ ကျေနပ်မှု မရှိသဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ် ၈ ရက်နေ့တွင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်း ဥပဒေ ၉၉ အရ အယူခံမှုလျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁၃/၂၀၁၆) ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။

၄။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ရွေးကောက်ပွဲကန့်ကွက်လွှာအယူခံမှုအမှတ် (၁၃/၂၀၁၆) ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံး ရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၃/၂၀၁၆) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂ ရက်( သောကြာ နေ့ )တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော် သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက် (တနင်္လာ နေ့)တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့် ချမှတ်မည်ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၁၂) နှင့် (၁၃) တို့အား စက်တင်ဘာ ၁၉ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်