အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၂) အား စီရင်ချက် (အမိန့်) ချမှတ်

body

နေပြည်တော် စက်တင်ဘာ ၅

၁။ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်က ရန်ကုန် တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းအပေါ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးပြီး ဒုတိယခိုင်လုံမဲအများဆုံးရရှိသူ မိမိအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ကန့်ကွက်လွှာ တင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၂/၂၀၁၅)ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။

၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးထွန်းခင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးတင်မြင့်နှင့် ဦးမောင်မောင်လေးမြင့်တို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၃) က ဆက်လက်ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်အား အဆိုပါမဲဆန္ဒနယ်၏ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုကြေညာပေးစေရန် စရိတ်နှင့်တကွ ဆုံးဖြတ်ကြောင်း၊ လျှောက်ထားခံရသူ ဦးလွင်စိုးမင်း၏ ပြန်လှန်ကန့်ကွက်လွှာအား စရိတ်နှင့်တကွ ပလပ်ကြောင်းနှင့် ရှေ့နေစရိတ် ကျပ်တစ်သိန်းတိတိ သတ်မှတ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။

၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံးများမှ ဆုံးဖြတ်ချက်(အမိန့်) ချမှတ်ပြီးသော ရွေးကောက်ပွဲကန့်ကွက်လွှာအမှုပေါင်းမှာ စက်တင်ဘာ ၅ ရက်နေ့အထိ (၃၀)မှုရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာခဲ့သော အမှုပေါင်းမှာ (၂၀)မှု ရှိပြီးဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၂) အား စီရင်ချက် (အမိန့်) ချမှတ်