အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ရွေးကောက်ပွဲဆိုင်ရာ အရည်အသွေးမြှင့်သင်တန်း ဖွင့်လှစ်

body

body1

နေပြည်တော် စက်တင်ဘာ ၁၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Foundation for Electoral System (IFES) တို့မှ ကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းကို နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ယနေ့ နံနက်၈နာရီခွဲတွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်အတွင်းရေးမှူး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲအရာရှိများ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိများနှင့် IFES မှတာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲအရာရှိများအနေဖြင့် မိမိတို့တာဝန် ကျရာ ဒေသအသီးသီးတွင် မိမိတို့၏တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်သည်များကို ဘာသာရပ် ( ၁၅ ) ခု ခွဲခြား၍ သင်ကြား ပေးသွားမှာ ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူ များအနေဖြင့် သင်တန်းကာလ တိုတောင်းသော်လည်း သင်ကြားပေးသည့် ဘာသာရပ်များသည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း တာဝန်များ အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် များစွာ အထောက်အကူဖြစ်စေမှာ ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိကိုယ်တိုင် အရည်အသွေး မြင့်အောင် တည်ဆောက်သွားရန်လိုအပ်သကဲ့သို့ မိမိကြီးကြပ်ကွပ်ကဲရသည့် အမှုထမ်းများ၏ အရည်အသွေး မြင့်အောင် တည်ဆောက်ရမှာဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် ရိုးသား ကြိုးစားပြီး ပေးအပ်သည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်ရန် လိုကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများ၊ ဘဏ္ဍာရေး ဆိုင်ရာလုပ်ငန်းများကို စီမံခန့်ခွဲဆောင်ရွက်နိုင်ရန် လေ့လာထားရမှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်၊ အမိန့်နှင့် ညွှန်ကြားချက်များ ကို ကျေကျေညက်ညက် သိရှိနားလည်ထားရမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် များသည် ကော်မရှင် တစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရဘဲ အခြားသော ဝန်ကြီးဌာနများနှင့် ဆက်စပ်ဆောင်ရွက် ရခြင်းဖြစ်၍ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်မြေ များအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရမည်ဖြစ်ပြီး လစ်လပ်မဲဆန္ဒ နယ်မြေများတွင် တာဝန်ထမ်းဆောင်ကြမည့် ရွေးကောက်ပွဲအရာရှိများအနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အောင်မြင်အောင် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအရာရှိများအဖြစ် တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအပေါ် အလေးအနက်ထား တာဝန်ယူဆောင်ရွက်သွားရန် ပြောကြားပါသည်။

ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက သင်တန်း၏ ရည်ရွယ်ချက် များနှင့် သင်တန်းတွင် ပို့ချမည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပါသည်။

၎င်းသင်တန်းတွင် သင်တန်းသားများအား အုပ်စု (၅) ခု ခွဲ၍ မဲစာရင်းပြုစုခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ ရလဒ်များပေါင်းစည်းဖြည့်သွင်းခြင်း၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း များ စီစဉ်ခြင်းနှင့် ဘတ်ဂျက်စီမံခန့်ခွဲမှု၊ ရုံးလုပ်ငန်းစီမံခန့်ခွဲမှု၊ အများပြည်သူ အသိပညာ ပေးခြင်း၊ နိုင်ငံရေးပါတီများဆိုင်ရာ၊ ပြင်ပအဖွဲ့အစည်းများနှင့် ဆက်ဆံရေး၊ ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းဆိုင်ရာများ၊ ရွေးကောက်ပွဲဆိုင်ရာ ဘေးအန္တရာယ်များစီမံ ခန့်ခွှဲမှုနှင့် ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရေး စသည့် သင်ခန်းစာများအား စက်တင်ဘာလ ၁၅ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ရွေးကောက်ပွဲဆိုင်ရာ အရည်အသွေးမြှင့်သင်တန်း ဖွင့်လှစ်