အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၁၄) နှင့် (၁၅) တို့အား အောက်တိုဘာ ၄ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်

body

နေပြည်တော် စက်တင်ဘာ ၁၂

၁။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ခင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ)က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေ (ရခိုင်အမျိုးသားပါတီ) အပေါ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊၆၈တို့အရ ၂၃-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကလက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၉ ရက် နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၂)က လျှောက်ထားခံရသူ ဦးကျော်ရွှေအား ရွေးကောက်တင်မြှောက် ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင် အတည်ဖြစ်လျက်ရှိကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်ကြောင်း ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးကျော်ခင်မှ ကျေနပ်မှုမရှိသဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၂ ရက်နေ့တွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၄ (က)နှင့် နည်းဥပဒေ ၉၉ တို့ အရ အယူခံမှုလျှောက်ထား တင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှု အမှတ် (၁၄/၂၀၁၆)ဖြင့် လက်ခံခဲ့ပြီးဖြစ် သည်။

၂။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၄/၂၀၁၆) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် (တနင်္လာနေ့)တွင် နှစ်ဖက် လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော် သဟာယ၏ ဥပဒေအကြံဉာဏ် ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၄ ရက် (အင်္ဂါနေ့) တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့် ချမည် ဖြစ်ကြောင်း သိရှိရသည်။

၃။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသခင်ချို (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)က ရခိုင်ပြည် နယ်၊ မင်းပြားမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစစ်နိုင် (ရခိုင်အမျိုးသားပါတီ) အပေါ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊၆၈ တို့အရ ၂၄-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က လျှောက်ထားခံရသူ ဦးစစ်နိုင် အား ရွေးကောက် တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ အတည်ဖြစ်လျက်ရှိကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးသခင်ချို၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်ကြောင်းဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူမှ ကျေနပ်မှုမရှိသဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၂ ရက်နေ့တွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၄ (က)နှင့် နည်း ဥပဒေ ၉၉ အရ အယူခံမှု လျှောက်ထား တင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှု အမှတ် (၁၅/၂၀၁၆) ဖြင့် လက်ခံ ခဲ့ပြီး ဖြစ်သည်။

၄။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၅/၂၀၁၆) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် (တနင်္လာနေ့)တွင် နှစ်ဖက် လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော် သဟာယ၏ ဥပဒေအကြံဉာဏ် ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၄ ရက် (အင်္ဂါနေ့) တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့် ချမည် ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၁၄) နှင့် (၁၅) တို့အား အောက်တိုဘာ ၄ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်