အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ရွေးကောက်ပွဲဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းဆင်းပွဲ ကျင်းပ

body

နေပြည်တော် စက်တင်ဘာ ၁၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Foundation for Electoral System(IFES) တို့မှ ကြီးမှူးပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ အရည်အသွေးမြှင့် သင်တန်း ဆင်းပွဲကို နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ယနေ့ နံနက်၈နာရီခွဲတွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲအရာရှိများ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိများနှင့် IFES မှတာဝန် ရှိသူများ တက်ရောက်ခဲ့ ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မြို့နယ်ရွေးကောက်ပွဲ အရာရှိများအဖြစ်ဆောင်ရွက်ရမည်ဖြစ်၍
လက်အောက်ဝန်ထမ်းများထက် လုပ်ငန်းကျွမ်းကျင်မှုနှင့် စည်းကမ်းရှိမှုအပိုင်းတွင် ပိုမိုသာလွန်ရမည်ဖြစ်ပြီး စံပြဖြစ်ရန် လိုအပ်ပါကြောင်း၊ မိမိတာဝန်ကျရာ အရပ်ဒေသရှိ ယဉ်ကျေးမှုဓလေ့ ထုံးစံများကို လေးစားလိုက်နာရမှာဖြစ်ကြောင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း၊ ရုံးလုပ်ငန်း အခြေခံနှင့် ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ နည်းဥပဒေ လုပ်ငန်းလမ်းညွှန်များကို သေချာစွာ လေ့လာ၍ ရွေးကောက်ပွဲများတွင် ကျွမ်းကျင် ပိုင်နိုင်စွာ ပြန်လည်အသုံးချရမှာ ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ် မဲဆန္ဒနယ်ရှိသော မြို့နယ်များအလိုက် ကြိုတင်ပြင်ဆင်ရန်ရှိသည်များကို ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ရိုးသားကြိုးစားပြီး စေတနာထား ဆောင်ရွက်ခြင်းအားဖြင့် လွတ်လပ် တရားမျှတ၍ ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပပေးသွားနိုင်မည်ဖြစ်ကြောင်းနှင့် ဤသင်တန်းဖြစ်မြောက် အောင်မြင်ရေးအတွက် ကူညီဆောင်ရွက်ပေးသော နိုင်ငံတကာအထောက်အကူပြု အဖွဲ့အစည်းဖြစ်သည့်
International Foundation for Electoral System (IFES) အား အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားပါသည်။

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာများအား သင်တန်းပို့ချ ပေးခဲ့သည့် ဆရာ ဆရာမများ အားလည်းကောင်း၊ သင်တန်းသားများ၏ သင်တန်းဆင်း လက်မှတ်များအား တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ သင်တန်းသား ကိုယ်စားလှယ် များအားလည်းကောင်း၊ ဂုဏ်ပြု အမှတ်တရ တံဆိပ်အား Grand Amara ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးအားလည်းကောင်း ပေးအပ်ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ရွေးကောက်ပွဲဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းဆင်းပွဲ ကျင်းပ