အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

အားသာချက်၊ အားနည်းချက််များကို သုံးသပ်ကာ ပိုမိုပြည့်စုံသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားမည်

body

နေပြည်တော် စက်တင်ဘာ ၁၆

ယနေ့ကမ္ဘာတွင် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုများစွာ ရှိသော်လည်း ပြီးပြည့်စုံသော ရွေးကောက်ပွဲဟူ၍ မရှိသေးပါကြောင်း၊ အားသာချက်၊ အားနည်းချက်များ တည်ရှိနေပါကြောင်း၊ ထို့အတူ မိမိတို့ နိုင်ငံတွင်လည်း ပြီးခဲ့သည့် နှစ်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် အားသာချက်၊ အားနည်းချက်များ ရှိခဲ့ပါကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဒီမိုကရေစီအသွင် ကူးပြောင်းရာတွင် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဖိုရမ် အဖွင့်အမှာ စကားတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါ ပြုပြင်ပြောင်းလဲရေးဖိုရမ်ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ စက်မှုဝန်ကြီးဌာနအဆောက်အဦ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌက ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြီးခဲ့သည့် ရွေးကောက်ပွဲမှ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ကာ ပိုမိုပြည့်စုံသော ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ လာမည့် ၂၀၁၇ ခုနှစ်အတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲများကိုလည်း အားနည်းချက်များ နည်းနိုင်သမျှ နည်းစေရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ထိုသို့ ပိုမိုပြည့်စုံသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် ယနေ့ကျင်းပသည့် ဖိုရမ်မှ ဆွေးနွေးမှု ရလဒ်များသည် မိမိတို့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတွက် များစွာ အထောက်အကူပြုနိုင်သည့်အတွက် အကြံပြုဆွေးနွေးပြောကြားရန် ဖိတ်ခေါ်ပါကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ဖိုရမ်တွင် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းနှင့် စပ်လျဉ်းသည့် နိုင်ငံတကာအတွေ့အကြုံများကို ဝေမျှရာတွင် ပါကစ္စတန်နိုင်ငံရွေးကောက်ခံ လွှတ်တော် အမတ်တစ်ဦး၏ အမြင်၊ အိန္ဒိယနိုင်ငံရွေးကောက်ပွဲစီမံခန့်ခွဲမှု အဖွဲ့အစည်းအတွင်းရှိ အဖွဲ့ဝင်တစ်ဦး၏ အမြင်နှင့် သီရိလင်္ကာနိုင်ငံမှ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ၏ အမြင် စသည်တို့ကို ပါကစ္စတန်၊ အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံများ၏ အတွေ့အကြုံများနှင့်အတူ ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

ထို့ပြင် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် စိန်ခေါ်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် စပ်လျဉ်း၍ လည်းကောင်း တက်ရောက်လာကြသူများက ဝိုင်းဝန်း ဆွေးနွေးကြသည်။

အဆိုပါဖိုရမ်သို့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ ရွေးကောက် ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာသူများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ အားသာချက်၊ အားနည်းချက််များကို သုံးသပ်ကာ ပိုမိုပြည့်စုံသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားမည်