အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

စုံညီခုံရုံးက အယူခံမှုအမှတ် (၁၂) နှင့် (၁၃) တို့အား အပြီးသတ်အမိန့်ချမှတ်ခြင်းနှင့် ကန့်ကွက်လွှာအမှုအမှတ် (၃၈) အား အမိန့်ချမှတ်ခြင်း

body

နေပြည်တော် စက်တင်ဘာ ၁၉

၁။ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဦးလာမာလေး [လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)]အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇောင်းခေါင် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုကို ၂၀၁၆ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်) အား ဦးဇောင်းခေါင်က ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁၂/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

၂။ အယူခံမှုတင်သွင်းခြင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးက ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဦးလာမာလေးသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တရားဝင်အတည်ဖြစ်သည်ဟုဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးဇောင်းခေါင်၏ ကန့်ကွက်လျှောက်ထားလွှာကို စရိတ်နှင့်တကွပယ်ကြောင်းချမှတ်ခဲ့သည့် မူလခုံအဖွဲ့(၂)၏ ဆုံးဖြတ်ချက်ကို ဆက်လက်အတည်ပြုကြောင်း၊ အယူခံလျှောက်ထားသူ၏ အယူခံမှုကို စရိတ်နှင့် တကွပယ်ကြောင်း၊ အမှုစရိတ်ငွေကျပ်တစ်သိန်းကို အယူခံလျှောက်ထားသူက အယူခံလျှောက်ထားခံရသူအား ပေးစေသည့် အပြီးသတ်အမိန့် ချမှတ်ခဲ့ကြောင်းသိရှိရသည်။

၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဦးသန်းညွန့် [တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ] အပေါ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်လောင်း ဦးဝေဖြိုး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုကို ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၄) က ချမှတ်ခဲ့သည့် စီရင်ချက်(အမိန့်)အား ဦးဝေဖြိုးက ကျေနပ်မှုမရှိသဖြင့် အယူခံမှု တင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁၃/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

၄။ အယူခံမှုတင်သွင်းခြင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးက စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်အဖြစ် ဦးသန်းညွန့်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်သည် ဟု ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးဝေဖြိုး၏ကန့်ကွက်လွှာကိုစရိတ်နှင့်တကွပယ်ကြောင်း ချမှတ်ခဲ့သည့် မူလခုံအဖွဲ့ (၄)၏ ဆုံးဖြတ်ချက်အမိန့်အား ဆက်လက်အတည်ပြု လိုက်ကြောင်း၊ အယူခံလျှောက်ထားသူ၏ အယူခံမှုကို စရိတ်နှင့်တကွပယ်ကြောင်း၊ အယူခံမှု အမှုစရိတ်ငွေကျပ် တစ်သိန်းတိတိကို အယူခံလျှောက်ထားသူက အယူခံလျှောက်ထားခံရသူအား ပေးစေသည့် အပြီးသတ်အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

၅။ ရခိုင်ပြည်နယ်၊ ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှ တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကိုကိုနိုင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)က ဦးပုန်ဘွေ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် ချင်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်းနှင့် လျှောက်ထားသူသည်သာ ခိုင်လုံသော မဲအများဆုံးရရှိသူဖြစ်၍ ချင်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ကြေညာပေးပါရန် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ နှင့်နည်းဥပဒေ ၈၇ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် ကန့်ကွက်လွှာ တင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၃၈/၂၀၁၅)ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံကြားနာခဲ့သည်။

၆။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ဆက်လက်စစ်ဆေးကြားနာပြီးနောက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်တွင် ရခိုင်ပြည်နယ်၊ ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၌ ချင်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကို ယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူ ဦးပုန်ဘွေ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အား ရွေးချယ်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ အတည်ပြုကြောင်း၊ လျှောက်ထားသူ၏ ကန့်ကွက်လျှောက်ထားမှုအား စရိတ်နှင့်တကွ ပယ်သည့် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

၇။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံးများမှ ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ပြီးသော ရွေးကောက်ပွဲကန့်ကွက်လွှာအမှုပေါင်းမှာ စက်တင်ဘာ ၁၉ ရက်နေ့အထိ (၃၂) မှုရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာခဲ့သော အမှုပေါင်းမှာ (၂၃)မှု ရှိပြီးဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ စုံညီခုံရုံးက အယူခံမှုအမှတ် (၁၂) နှင့် (၁၃) တို့အား အပြီးသတ်အမိန့်ချမှတ်ခြင်းနှင့် ကန့်ကွက်လွှာအမှုအမှတ် (၃၈) အား အမိန့်ချမှတ်ခြင်း