အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ဒုတိယအကြိမ် ရွေးကောက်ပွဲဥပဒေဆိုင်ရာလုပ်ငန်းစဉ် သုံးသပ်ဆွေးနွေးပွဲကျင်းပ

body1

နေပြည်တော် စက်တင်ဘာ ၂၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် Stakeholdersများအကြား ဒုတိယအကြိမ် ရွေးကောက်ပွဲ ဥပဒေဆိုင်ရာလုပ်ငန်းစဉ် သုံးသပ်ဆွေးနွေးပွဲကို နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရပ်ဘက်လူမှုအဖွဲ့အစည်း(၁၅) ဖွဲ့၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယခု ဆွေးနွေးပွဲမှ အကြံပြုချက်များသည် နောင်လာမည့် ရွေးကောက်ပွဲများ ပိုမိုတိုးတက်ကောင်းမွန် အောင် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေများ ပြင်ဆင်ရေး ကို ဥပဒေကြမ်းကော်မတီနေဖြင့် လွှတ်တော်တွင် ဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးပေးစေလိုပါကြောင်း၊ကော်မရှင်အနေဖြင့် ပြည်တွင်း ပြည်ပ စောင့်ကြည့်လေ့လာသူများ ၏ အစီရင်ခံစာများမှ အကြံပြုချက်များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများမှ အကြံပြုချက်များကို စုစည်းပေးထားပြီး နိုင်ငံတကာ ရွေးကောက်ပွဲများအား သွားရောက် လေ့လာခဲ့သည့် အတွေ့အကြုံများကိုလည်း အကြံပြုထားပါကြောင်း၊ လွှတ်တော်ကော်မရှင်နှင့် ကော်မတီများက ဦးဆောင်ဆွေးနွေးပေးရန် မျှော်လင့်ပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကိုသာ အကြံပြု တင်ပြသွားမည် ဖြစ်ပါကြောင်း၊ ယခု ဆွေးနွေးပွဲကို လွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ရှေ့နေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ခဲ့ကြသည့်အတွက် ဘက်ပေါင်းစုံမှ ဆွေးနွေးအကြံပြုကြမည်ဟု မျှော်လင့် ပါကြောင်း ပြောကြားပါသည်။

ယင်းနောက် ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက ပထမအကြိမ် ဆွေးနွေးပွဲ အစီရင်ခံ စာအား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကျင့်သုံးသည့် ဥပဒေများနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်များအား ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်နှင့် ဦးထွန်းခင်တို့က အကြံပြု ဆွေးနွေးပါသည်။

၎င်းနောက် ရွေးကောက်ပွဲဥပဒေဆိုင်ရာ ပြန်လည်သုံးသပ်ပြင်ဆင်ရေး လုပ်ငန်းစဉ်အတွက် ဆောင်ရွက်မည့် အချိန်ကာလ၊ ရွေးကောက်ပွဲ ဥပဒေ နည်းဥပဒေဆိုင်ရာများနှင့် ဦးစားပေး စဉ်းစားရမည့် ကဏ္ဍများ၊ ရွေးကောက်ပွဲဥပဒေဆိုင်ရာ ပြန်လည်သုံးသပ်ပြင်ဆင်ရေး လုပ်ငန်းစဉ် အတွက် ကဏ္ဍစုံမှ ပါဝင်သည့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် နည်းလမ်း များအား တက်ရောက်လာသူများမှ သုံးသပ်အကြံပြုဆွေးနွေးခဲ့ကြပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ဒုတိယအကြိမ် ရွေးကောက်ပွဲဥပဒေဆိုင်ရာလုပ်ငန်းစဉ် သုံးသပ်ဆွေးနွေးပွဲကျင်းပ