အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၄) အား စီရင်ချက် (အမိန့်) ချမှတ်

body

နေပြည်တော် စက်တင်ဘာ ၂၆

၁။ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဉာဏ်လင်းဦးက ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ တအာင်း(ပလောင်)အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်နှင့်ယင်းမဲဆန္ဒနယ်တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းသန်းစိန်(ခ) ဦးထွန်းအောင်တို့ ရရှိသောမဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့် ရရှိသောမဲများမပါရှိခဲ့လျှင် လျှောက်ထားသူကသာ မဲအများဆုံးရရှိသူဖြစ်၍ မိမိအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် ကြေညာပေးပါရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်တွင် ကန့်ကွက်လွှာ တင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၄/၂၀၁၅)ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။

၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးစန်းရွှေ (ဥပဒေကျွမ်းကျင်သူ) နှင့် ဦးဝင်းမော်(ဥပဒေကျွမ်းကျင်သူ)တို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင် သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၁)က ဆက်လက် ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂၆ရက်တွင် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ် ၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထား ခံရသူ(၁) ဦးအေးမောင် [တအာင်း (ပလောင်)အမျိုးသားပါတီ]အား ရွေးကောက် တင်မြှောက်ခြင်းသည် တရားဝင်အတည် ဖြစ်ကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးဉာဏ်လင်းဦး (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ၏ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ်ကြောင်းနှင့် ရှေ့နေစရိတ် ကျပ်သုံးသောင်း သတ်မှတ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။

၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံးများမှ ဆုံးဖြတ်ချက်(အမိန့်)ချမှတ်ပြီးသော ရွေးကောက်ပွဲကန့်ကွက်လွှာအမှုပေါင်းမှာ စက်တင်ဘာ ၂၆ ရက်နေ့အထိ (၃၃)မှု ရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာခဲ့သော အမှုပေါင်းမှာ (၂၃)မှု ရှိပြီးဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၄) အား စီရင်ချက် (အမိန့်) ချမှတ်