အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၇) အား စီရင်ချက် (အမိန့်) ချမှတ်

body

နေပြည်တော်   စက်တင်ဘာ  ၃၀

၁။ မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးမောင်( ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က မကွေးတိုင်း ဒေသကြီး၊ရေစကြိုမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတိုးရွှေ(ခ)ဒေါက်တာ တင်ဌေးအောင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ရရှိသောမဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့် ရရှိသောမဲများ မပါရှိခဲ့သော် လျှောက်ထားသူသာလျှင် ခိုင်လုံမဲအများဆုံး ရရှိမည်ဖြစ်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် ကန့်ကွက်လွှာတင်သွင်း ထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ်(၇/၂၀၁၅)ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။

၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးစန်းရွှေ (ဥပဒေကျွမ်းကျင်သူ) နှင့် ဦးဝင်းမော်(ဥပဒေကျွမ်းကျင်သူ)တို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင် သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၁)က ဆက်လက် ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့နယ်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးတိုးရွှေ(ခ)ဒေါက်တာတင်ဌေးအောင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အားရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးစိုးမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၏ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ် ကြောင်းနှင့် ရှေ့နေစရိတ် ကျပ်သုံးသောင်းသတ်မှတ်သည့်စီရင်ချက်(အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိ ရသည်။

၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံးများမှ ဆုံးဖြတ်ချက် (အမိန့်) ချမှတ် ပြီးသော ရွေးကောက်ပွဲကန့်ကွက်လွှာအမှုပေါင်းမှာ စက်တင်ဘာ ၃၀ ရက်နေ့အထိ (၃၄)မှုရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာခဲ့သော အမှုပေါင်းမှာ (၂၃)မှု ရှိပြီးဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၇) အား စီရင်ချက် (အမိန့်) ချမှတ်