အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

The Carter Center မှ Mr.Stefan Krause အား လက်ခံတွေ့ဆုံ

flag1

နေပြည်တော် မေ ၂၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် The Carter Center မှ Myanmar Field Office Director ဖြစ်သူ Mr.Stefan Krause အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်နှင့်ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းတို့ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံရာတွင် ကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် The Carter Center နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ရာ၌ အဆင်ပြေချောမွေ့မှုများရှိခဲ့ ပါကြောင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားရာ Mr.Stefan Krause က The Carter Center အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးခဲ့သော လူမှုအဖွဲ့အစည်းဖြစ်သည့် Election Education and Observation Partners ( EEOP ) အားလည်း ဆက်လက် အကူအညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ The Carter Center မှ Mr.Stefan Krause အား လက်ခံတွေ့ဆုံ