အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

IFES အဖွဲ့နှင့် ပြည်တွင်းအရပ်ဘက်လူမှုအဖွဲ့အစည်း (၂) ဖွဲ့အား လက်ခံတွေ့ဆုံ

body

နေပြည်တော် မေ ၃၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် International Foundation For Electoral System ( IFES ) မှ Consultant ဖြစ်သူ Ms.Ashley Pritchard နှင့်အဖွဲ့၊ ပြည်တွင်းအရပ်ဘက်လူမှုအဖွဲ့အ စည်းများဖြစ်သော Rain Maker နှင့် Horn Bill တို့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင် ဦးအော င်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်နှင့် ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းတို့ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် Rain Maker အဖွဲ့မှ ဒေါ်အေးသန္တာအောင်က ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အသိပညာပေးဆောင်ရွက်ခဲ့မှုနှင့် အသိပညာပေးအထောက် အကူပြုပစ္စည်းများ အချိန်မီပေးပို့ဖြန့်ဝေနိုင်ခဲ့မှု၊ Door to Door စနစ်ဖြင့် မဲဆန္ဒရှင်စာရင်းပြုစု ခြင်းအပေါ် စစ်တမ်းကောက်ယူနိုင်ခဲ့မှုတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ Horn Bill အဖွဲ့မှ ဦးစောမြက ၂၀၁၆ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၃ ခုရှိ မြို့ နယ် ၉၆ ခုတွင် CSO အဖွဲ့ (၇) ဖွဲ့မှ နိုင်ငံ့သားကောင်းပညာပေးအစီအစဉ် ( Civic Education) စီမံကိန်းအား ဆောင်ရွက်ခဲ့ပြီး သင်တန်းများဖွင့်လှစ်ခဲ့မှု၊ သင်တန်းသားများအတွက် လက်စွဲစာစောင်များပြုစု နိုင်ခဲ့မှု၊ ဆင့်ပွားအသိပညာပေးဆောင်ရွက်နိုင်မှု၊ လက်ကမ်းစာစောင်များနှင့်ပိုစတာများ ဖြန့်ဝေ ဆောင်ရွက်ခဲ့မှုတို့နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြရာ ကော်မရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့က လိုအပ်သည်များ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ IFES အဖွဲ့နှင့် ပြည်တွင်းအရပ်ဘက်လူမှုအဖွဲ့အစည်း (၂) ဖွဲ့အား လက်ခံတွေ့ဆုံ