အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်း

body

နေပြည်တော် ဇွန် ၁၄

ယနေ့ နေ့လယ် ၁ နာရီခွဲအချိန်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အစည်းအဝေးခန်းမတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများနှင့် စပ်လျဉ်း၍ လာရောက်ရှင်းလင်းပြောကြားသည်။ ထိုရှင်းလင်းပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ အဖွဲ့ဝင်များ၊ ကော်မရှင် အတွင်းရေးမှူးနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။

ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ အခြေခံ အယူအဆများနှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးခင်မောင်လေးက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ချက်များအကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းများက သိရှိလိုသည်များမေးမြန်းခဲ့ရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်း