အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှ ဝန်ထမ်းများအားတွေ့ဆုံ၍ ရုံးလုပ်ငန်းဆိုင်ရာများမှာကြား

body

နေပြည်တော် ဇူလိုင် ၁၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအားတွေ့ဆုံ၍ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းပြီး မှာကြားမှုများပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်အတွင်းရေးမှူးတို့လည်း တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာ၌ ဝန်ထမ်းများအနေဖြင့် ရာထူးအဆင့်အလိုက် တာဝန်ကိုသိရှိပြီး တာဝန် ကျေပွန်ရမှာဖြစ်ကြောင်း၊ ရာထူးနှင့်ထိုက်တန်အောင် လုပ်ဆောင်ရမှာဖြစ်ပြီး မိမိတို့၏လုပ်ဆောင် ချက်များကို အစဉ်အမြဲသုံးသပ်နေရမှာဖြစ်ကြောင်း၊ အရည်အချင်းတိုးတက်စေရန်အတွက်လည်း မိမိကိုယ်ကိုပြုစုပျိုးထောင်ရမှာဖြစ်ကြောင်း၊ တစ်ဆင့်မြင့်ရာထူးအတွက်လည်း ကြိုတင်လေ့လာ ထားရမှာဖြစ်ကြောင်း၊ အလုပ်အပေါ်တွင် ရိုးသားကြိုးစားကာ စေတနာထားရမှာဖြစ်ကြောင်း၊ ရာထူးအပေါ်တွင်မာနမထားဘဲ အလုပ်အပေါ်တွင် မာနထားရမှာဖြစ်ကြောင်းနှင့် စိတ်ကောင်း ရှိရန်မှာ အရေးအကြီးဆုံးအချက်ဖြစ်ကြောင်းတို့အား ရှင်းလင်းမှာကြားခဲ့ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှ ဝန်ထမ်းများအားတွေ့ဆုံ၍ ရုံးလုပ်ငန်းဆိုင်ရာများမှာကြား