အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့
Filter
  • ရွေးကောက်ပွဲ ကန့်ကွက်လွှာအယူခံမှုအမှတ် (၁/၂၀၁၇) အား ဧပြီ ၁၁ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်

    body

    နေပြည်တော် မတ် ၂၄

    မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၂)မှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှဆွေ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က ယင်းမဲဆန္ဒ နယ်၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ)အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့ ပြီး ရွေးကောက်ပွဲခုံအဖွဲ့(၄)ဖြင့် ကြားနာစစ်ဆေးခဲ့ရာ လျှောက်ထားသူ၏ ကန့်ကွက်လွှာ အား စရိတ်နှင့်တကွပယ်ကြောင်း ဆုံးဖြတ်ချက် (အမိန့်)ချမှတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက် (အမိန့်) အပေါ် လျှောက်ထားသူ ဦးလှဆွေမှ ကျေနပ်မှုမရှိသဖြင့် အယူခံမှု လျှောက်ထား တင်ပြ လာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁/၂၀၁၇) ဖြင့် လက်ခံခဲ့ပြီး ဖြစ်သည်။

    ယင်းအမှုကို အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံး ရှေ့မှောက်၌၂၀၁၇ ခုနှစ်၊ မတ် ၂၄ ရက် (သောကြာနေ့)တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာ ပြီး ၂၀၁၇ခုနှစ်၊ဧပြီ ၁၁ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည် ဖြစ်သည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်ဥက္ကဋ္ဌတာဝန်လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကျင်းပ

    body

    နေပြည်တော်၊ မတ် ၃၀

    ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်ဥက္ကဋ္ဌတာဝန်လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးမှ ကော်မရှင်ဥက္ကဋ္ဌအသစ်တာဝန်ထမ်းဆောင်မည့် ဦးလှသိန်းထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့သည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌထံသို့ ခေတ်သစ်ပြည်သူ့ပါတီမှ ဂုဏ်ပြုမှတ်တမ်းလွှာ လာရောက်ပေးအပ်

    body

    နေပြည်တော်၊ မတ် ၂၉
    ခေတ်သစ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်နှင့် အထွေထွေအတွင်းရေးမှူး ဒေါ်ရီရီစံတို့သည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးအား လာရောက်တွေ့ဆုံ၍ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား လွတ်လပ် တရားမျှတပြီး တည်ငြိမ်အေးချမ်းအောင်မြင်စွာ ကျင်းပပေးခဲ့သည့်အတွက် ခေတ်သစ် ပြည်သူ့ပါတီ၏
    ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ခဲ့သည်။

  • ဂါရဝပြုနှုတ်ဆက်ကန်တော့ပွဲကျင်းပ

    body

    နေပြည်တော်၊ မတ် ၂၅

    ကော်မရှင်သက်တမ်း(၅)နှစ် ပြည့်မြောက်၍ အနားယူကြမည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် အဖွဲ့ဝင်များအား ကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများမှ ဂါရဝပြု နှုတ်ဆက်ကန်တော့ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

    အခမ်းအနားတွင် ကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများမှ ကာယကံ၊ ဝစီကံ၊ မနောကံ တို့ဖြင် ပြစ်မှားကျူးလွန်ခဲ့မိပါက ခွင့်လွှတ်ပေးပါရန် လက်အုပ်ချီ ရှိခိုးကန်တော့ခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် အဖွဲ့ဝင်များက ဆုံးမသြဝါဒစကားများ ပြောကြားခဲ့သည်။

  • ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ ရွေးကောက်ပွဲကုန်ကျစရိတ်အမှုအခြေပြဇယား

    {edocs}photo/news_photos/3-3-2016/3-3-2016expends.pdf,100%,900{/edocs}

  • တစ်နိုင်ငံလုံးအဆင့် ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့် ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ

    boby

    ရန်ကုန် မတ် ၁

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် တစ်နိုင်ငံလုံးအဆင့် ကဏ္ဍစုံမှပါဝင် ပတ်သက်သူများအကြား ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ယနေ့ နံနက် ၉ နာရီတွင် ဆက်လက်ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီ (၆၉) ပါတီနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း (၅၁) ဖွဲ့မှ တာဝန်ရှိသူများ၊ မီဒီယာများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကဏ္ဍစုံမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ဆွေးနွေးပွဲတွင် ယမန်နေ့ အုပ်စုဖွဲ့ဆွေးနွေးခြင်းမှ ရရှိခဲ့သော အကြံပြချက်များနှင့် သုံးသပ် ချက်များအား တင်ပြရာ တက်ရောက်လာသူများမှ ပြန်လည် အကြံပြုဆွေးနွေးပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက မဲစာရင်းပြုစုခြင်း၊ မဲဆန္ဒနယ် အတွင်းနှင့် မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးခြင်း၊ မဲဆန္ဒရှင် အသိပညာပေးခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပါသည်။

    ၎င်းနောက် ရွေးကောက်ပွဲလွန်ကာလ ခြုံငုံသုံးသပ်ချက်များ၊ မြေပုံများနှင့် ရလဒ် အထွေထွေကို စိစစ်လေ့လာခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် မဲပေးနိုင်မှု၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှု အစီအစဉ်များ ရေးဆွဲခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေး အစီအစဉ်များ၊ ရွေးကောက်ပွဲ စနစ်များနှင့် မဲဆန္ဒနယ်များ သတ်မှတ်ရေးဆွဲခြင်း၊ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူများနှင့် ရွှေ့ပြောင်း အလုပ်သမားများ အရေအတွက်၊ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲနှင့် ကွန်ပျူတာ နည်းပညာဆိုင်ရာ၊ ဥပဒေ မူဘောင်များ၊ မဲဆွယ်စည်းရုံးရေး အသုံးစရိတ်၊ ကဏ္ဍစုံမှ ပါဝင်ပတ်သတ်သူများနှင့် ဆက်ဆံရေး၊ လူနည်းစု တိုင်းရင်းသားလူမျိုးများ ပါဝင်ရေး၊ စောင့်ကြည့်လေ့လာသူများ ကျင့်ဝတ်နှင့် အသိအမှတ်ပြုမှုများအား တက်ရောက်လာသူများမှ အဖွဲ့များခွဲကာ သုံးသပ်အကြံပြု ဆွေးနွေးကြ ပါသည်။

    ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ၂ ရက်တာ အလုပ်ရုံဆွေးနွေးပွဲ၌ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးကြ၍ ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းပြည် တည်ငြိမ်အေးချမ်း မှုရှိရန်လိုအပ်ကြောင်း၊ ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံများအတွက် ပြည်သူလူထုအနေဖြင့် အသိ ပညာကြွယ်ဝရန် လိုအပ်ကြောင်း၊ အသိပညာ ပြည့်စုံသည်နှင့်အမျှ ဒီမိုကရေစီရေချိန် မြှင့်တက် လာမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့် လူထုအတွင်းသို့ စိမ့်ဝင်စည်းရုံးပြီး စည်းစည်း လုံးလုံးနှင့် နိုင်ငံတော် တိုးတက်ရေးအတွက် ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုမရှိသည့် အကြောင်းရင်းကို ပြန်လည်ဆန်းစစ်ပြီး တိုးတက်အောင် ဆောင်ရွက်ကြ ရန်လိုကြောင်း၊ ပါတီအချင်းချင်းထောက်ပြတည့်မတ်၍ တိုင်းပြည် ကောင်းရာကောင်းကျိုးကို ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်းနှင့် နိုင်ငံတော် တိုးတက်ရေးအတွက် နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
    ( သတင်းစဉ် )

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး အမေ ရိကန် နိုင်ငံ Stanford တက္ကသိုလ်၊ နိုင်ငံ တကာ မူဝါဒများ လေ့လာ ရေး မဟာ ဌာနမှ ပါမောက္ခ James Fearon နှင့် သင်တန်းသား၊ သင်တန်းသူ များအား လက်ခံ တွေ့ဆုံ

    Body

    နေပြည်တော် မတ် ၂၅ ရက်

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး သည် အမေ ရိကန် နိုင်ငံ Stanford တက္ကသိုလ် နိုင်ငံ တကာ မူဝါဒ များ လေ့လာရေး မဟာ ဌာနမှ ပါမောက္ခ James Fearon နှင့် သင်တန်းသား၊ သင်တန်းသူ (၂၃) ဦးတို့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးအစည်း အဝေး ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

    ထိုသို့ တွေ့ဆုံရာ တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ရွေးကောက်ပွဲ သည် ဒီမို ကရေစီ ၏ အနှစ် သာရ ဖြစ်သည့် အတွက် ကော်မရှင် ၏ အခန်း ကဏ္ဍ နှင့်တာဝန် များသည် ဒီမို ကရေစီ အသွင် ကူးပြောင်း ရေး၌ အခြေခံ အုတ်မြစ် များဖြစ် ကြောင်း၊ ကော်မရှင် ၏လုပ်ငန်း တာဝန် များအနက် လွှတ်တော် ရွေးကောက်ပွဲ များ ကျင်းပခြင်း၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင် ပေးခြင်းနှင့် ဥပဒေ နှင့်အညီ ဆောင်ရွက် စေရန် ကြီးကြပ်ခြင်း၊ ရွေးကောက်ပွဲ အပြီးတွင် ပေါ်ပေါက် လာသည့် အငြင်းပွားမှု များကို ဖြေရှင်း ပေးခြင်း တို့သည် အရေးကြီး ပါကြောင်း၊ ကော်မရှင် အနေဖြင့် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ နှင့် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ကြောင်း၊ လွတ်လပ်၍ တရား မျှတပြီး အောင်မြင် သည့် ရွေးကောက်ပွဲ များ ကျင်းပ နိုင်ရေး အတွက် နိုင်ငံရေး ပါတီများ၊ CSO များ၊ မီဒီယာများ၊ နိုင်ငံ တကာ အဖွဲ့ အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲများ ပွင့်လင်းမြင်သာစွာ ကျင်းပ နိုင်ရန်အတွက် နည်းဥပဒေ များကို ပြင်ဆင် ရေးဆွဲ ခဲ့ကြောင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ် များ စနစ်တကျ ဆောင်ရွက် နိုင်ရေး အတွက် မဟာ ဗျူဟာ စီမံကိန်း ရေးဆွဲပြီး ဆောင်ရွက် လျက် ရှိကြောင်း၊ Capacity Building မြှင့်တင်ရေး၊ တိကျ မှန်ကန် သည့် မဲစာရင်း ရရှိရေး နှင့် ရွေးကောက်ပွဲ ဆိုင်ရာ ဘေးအန္တရာယ် များ စီမံ ခန့်ခွဲမှု နည်းစနစ် အကောင် အထည်ဖော် ဆောင်ရွက် နိုင်ရန် အတွက် နိုင်ငံ တကာ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်တွင်း/ ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ များ၏ Code of Conduct ကို ရေးဆွဲခဲ့ပြီး ဖြစ်ကြောင်း၊ နိုင်ငံရေး ပါတီများ၊ မီဒီယာ များ၏ Code of Conduct ကို ရေးဆွဲ ဆောင်ရွက် လျက်ရှိကြောင်း ပြောကြား သည်။

    ယင်းနောက် အမေ ရိကန်နိုင်ငံ Stanford တက္ကသိုလ် နိုင်ငံ တကာ မူဝါဒများ လေ့လာရေး မဟာ ဌာန မှ ပါမောက္ခ James Fearon နှင့် သင်တန်းသား၊ သင်တန်း သူများက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် အခက် အခဲ များနှင့် စိန်ခေါ် မှုများ၊ မဲဆန္ဒရှင် အသိ ပညာ ပေးခြင်း၊ မဲစာရင်း ပြုစုခြင်း၊ ရွေးကောက်ပွဲ ကို လွတ်လပ် မျှတ၍ ပွင့်လင်း မြင်သာ စေရန် ဆောင်ရွက်မည့် အစီ အစဉ်များ၊ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံး ခြင်းနှင့် အသုံး စရိတ် သတ်မှက် ချက်များ၊ ရွေးကောက်ပွဲ ရွှေ့ဆိုင်းခြင်း၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာ ခြင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက် နေမှုနှင့် ရွေးကောက်ပွဲ အပေါ် အကျိုး သက်ရောက်မှု၊ Code of Conduct များရေးဆွဲ ဆောင်ရွက် ထားရှိမှု တို့နှင့် စပ်လျဉ်း၍ သိရှိလို သည်များ မေးမြန်းရာ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက ရှင်းလင်း ဖြေကြား ခဲ့သည်။

    ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ က နိဂုံးချုပ် အမှာ စကား ပြောကြား ရာတွင် ရွေးကောက်ပွဲ စနစ်၊ မဲပေးမှု စနစ်၊ အခြေခံ မဲစာရင်း ပြုစု ဆောင်ရွက် နေမှုနှင့် မဲဆန္ဒရှင် များ အနေဖြင့် Online မှ မဲစာရင်း ကြည့်ရှု နိုင်ရေး ဆောင်ရွက် နေမှု၊ Voter Education, Voter Training တို့နှင့် ပတ်သက်၍ ကော်မရှင် အဖွဲ့ခွဲ များ၊ နိုင်ငံရေး ပါတီများ၊ CSO များအား အပိုင်းလိုက် ပညာပေး ဆောင်ရွက်မည့် အစီအစဉ် များ၊ ပြည်တွင်း /ပြည်ပ Observer များအား ရွေးကောက်ပွဲ တွင် စောင့်ကြည့် လေ့လာ နိုင်ရေး စီစဉ် ဆောင်ရွက် ထားရှိမှု၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အား အောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် ဆောင်ရွက် နေမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြား သည်။

    ယင်းသို့ တွေ့ဆုံ ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင် အဖွဲ့ဝင် များဖြစ် ကြသော ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဒေါက်တာ ဒေါ်မြင့်ကြည်၊ ဦးညွန့်တင်၊ ဦးဝင်းကြည်၊ ဦးဝင်းကို၊ အတွင်း ရေးမှူး ဦးတင်ထွန်းနှင့် ကော်မရှင်ရုံးမှ တာဝန် ရှိသူများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး မြန်မာနိုင်ငံ ဆိုင်ရာ ဆွစ်ဇာလန် သံရုံးမှ နိုင်ငံရေးနှင့် စီပွားရေး ဆိုင်ရာသံမှူး Ms. Corinne Henchoz Pignani အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော် ဧပြီ ၂၈ ရက်


    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် မြန်မာနိုင်ငံ ဆိုင်ရာ ဆွစ်ဇာလန် သံရုံးမှ နိုင်ငံရေးနှင့် စီးပွားရေး ဆိုင်ရာသံမှူး Ms.Corinne Henchoz Pignani အား ယနေ့ နံနက် ၁၀ နာရီခွဲ တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

    ထိုသို့ တွေ့ဆုံရာတွင် Ms.Corinne Henchoz Pignani က နိုင်ငံရေး ပါတီများ နှင့် ပူးပေါင်းညှိနှိုင်း ရေးဆွဲခဲ့သော နိုင်ငံရေး ပါတီများ၏ ကျင့်ဝတ်များ (မူကြမ်း) (ပထမအကြိမ်) အား ရှင်းလင်း တင်ပြပြီး ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြသည်။

    ယင်းသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အတူ ကော်မရှင် အဖွဲ့ဝင်များ၊ အတွင်းရေးမှူး နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

     

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး International Republican Institute ၏ ဥက္ကဋ္ဌ သံအမတ် ကြီးဟောင်း Mr. Mark Green နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

    Body

    နေပြည်တော် မတ် ၂၄ ရက်

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး သည် International Republican Institute ၏ဥက္ကဋ္ဌ သံအမတ် ကြီးဟောင်း Mr. Mark Green နှင့် အဖွဲ့ အား ယနေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည်တော် ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

    ထိုသို့ တွေ့ဆုံ ရာ၌ မြန်မာ နိုင်ငံ၏ ရွေးကောက်ပွဲ လုပ်ငန်း စဉ်များတွင် International Republican Institute အနေဖြင့် ပူးပေါင်း ဆောင်ရွက် သွားမည့် အစီ အစဉ်များနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး နှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိသည်။

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး မြန်မာ နိုင်ငံ ဆိုင်ရာ ဂျပန် သံအ မတ်ကြီး Mr. Tatechi HIGUCHI အား လက်ခံ တွေ့ဆုံ

    Body-Japan

    နေပြည်တော် ဧပြီ ၃၀ ရက်

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး သည် မြန်မာ နိုင်ငံ ဆိုင်ရာ ဂျပန် သံအ မတ်ကြီး Mr. Tatechi HIGUCHI အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံး ဧည့်ခန်း မဆောင်၌ လက်ခံ တွေ့ဆုံသည်။

    ထိုသို့ တွေ့ဆုံ ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ကော်မရှင် ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲ စနစ်၊ မဲပေး မှုစနစ်၊ မဲစာရင်း ပြုစုသည့် စနစ်၊ မြန်မာ နိုင်ငံ၏ရွေးကောက်ပွဲ ဖြစ်စဉ် သမိုင်း ကြောင်းနှင့်၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အား အောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် ဆောင်ရွက် နေမှု အခြေ အနေ တို့အား ရှင်းလင်း ပြောကြား ပါသည်။

    ယင်းနောက် ဂျပန် သံအမတ်ကြီး က သိရှိလိုသည် များကို မေးမြန်းပြီး ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ်များ အား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

    ယင်းသို့ တွေ့ဆုံ ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင် အဖွဲ့ ဝင်များ၊ အတွင်း ရေးမှူးနှင့် ကော်မရှင် ရုံးမှ တာဝန် ရှိသူများ တက်ရောက် ခဲ့ကြသည်။

     

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ပါကစ္စတန် နိုင်ငံ National Defense University (NDU) မှ လေ့လာရေး ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

    body

     

    နေပြည်တော် ဧပြီ ၂၉ ရက်

     

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် ပါကစ္စတန် နိုင်ငံ National Defense University (NDU) မှ ဒုတိယ ကျောင်းအုပ်ကြီး Brigadier Muhammad Aneeq Ur Rehman Mallk ၊ မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး H.E.Ehsan Ullah Batth၊ ပါကစ္စတန် နိုင်ငံ National Defense University (NDU) , National Security & War Course 2014/2015 (NSWC) သင်တန်းမှ သင်တန်းသားများ နှင့် စစ်သံမှူး Colonel Azhar Yasin တို့ပါဝင်သ လေ့လာရေး ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲ တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမဆောင် ၌ လက်ခံ တွေ့ဆုံသည်။

    ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ကော်မရှင် ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲ စနစ်၊ မဲပေးမှု စနစ်၊ မဲစာရင်း ပြုစုသည့် စနစ်၊ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဖြစ်စဉ်သမိုင်းကြောင်း နှင့်၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဆောင်ရွက်နေမှု အခြေအနေ တို့အား ရှင်းလင်း ပြောကြားပါသည်။

    ၄င်းနောက် သင်တန်းသားများ က သိရှိလိုသည် များကို မေးမြန်းရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ရင်းနှီး ပွင့်လင်းစွာ ဖြေကြားပါသည်။

    ယင်းသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင် အဖွဲ့ဝင်များ၊ အတွင်းရေးမှူး နှင့်ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

     

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး UNITED STATES INSTITUTE OF PAECE (USIP) ဥက္ကဋ္ဌ Ms.Nancy Lindborg အား လက်ခံ တွေ့ဆုံ

    Body

    နေပြည်တော် မေ ၄ ရက်

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး သည် UNITED STATES INSTITUTE OF PAECE (USIP) ဥက္ကဋ္ဌ Ms.Nancy Lindborg အား ယနေ့ နံနက် ၁၁ နာရီ တွင် နေပြည်တော် ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံး ဧည့်ခန်း မဆောင်၌ လက်ခံ တွေ့ဆုံ သည်။

    ထိုသို့ တွေ့ဆုံ ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ကော်မရှင် ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲ စနစ်၊ မဲပေးမှု စနစ်၊ မဲစာရင်း ပြုစုသည့် စနစ်၊ မြန်မာ နိုင်ငံ၏ ရွေးကောက်ပွဲ ဖြစ်စဉ် သမိုင်း ကြောင်းနှင့်၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အား အောင်မြင် စွာကျင်းပ နိုင်ရေး အတွက် ဆောင်ရွက် နေမှု အခြေအနေ တို့အား ရှင်းလင်း ပြောကြား ပါသည်။

    ယင်းနောက် USIP ဥက္ကဋ္ဌက သိရှိ လိုသည် များကို မေးမြန်းပြီး ရွေးကောက်ပွဲ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရေး နှင့်ပတ် သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြသည်။

    ယင်းသို့ တွေ့ဆုံ ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အတူ ကော်မရှင် အဖွဲ့ဝင် များ၊ အတွင်း ရေးမှူးနှင့် ကော်မရှင် ရုံးမှ တာဝန် ရှိသူများ တက်ရောက် ခဲ့ကြသည်။

     

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ရွေးကောက်ပွဲ ဆိုင်ရာ အသိ ပညာပေး သင်တန်း အမှတ်စဉ် (၁/၂၀၁၅) ဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက် အမှာ စကား ပြောကြား

    body

    နေပြည်တော် မေ ၇ ရက်

    ရွေးကောက်ပွဲ ဆိုင်ရာ အသိ ပညာပေး သင်တန်း အမှတ်စဉ် (၁/၂၀၁၅) ဖွင့်ပွဲ အခမ်း အနားအား ယနေ့ နံနက် ၈ နာရီ တွင် နေပြည်တော် ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်း အဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး တက်ရောက် အမှာ စကား ပြောကြား သည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အမှာစကား ပြောကြား ရာတွင် ယနေ့ ဖွင့်လှစ်သည့် သင်တန်းသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပ ရာတွင် ရွေးကောက်ပွဲ ကိုတာဝန်ယူ ဆောင်ရွက် ကြမည့်သူများ၊ ပါဝင် ပတ်သက် ကြမည့်သူ များအား ရွေးကောက်ပွဲ နှင့်စပ် လျဉ်း၍ သိရှိထား ရမည့် အချက် များကို ပညာပေး ပို့ချမည့် သင်တန်း ဖြစ်ကြောင်း၊ သင်တန်း၏ ရည်ရွယ်ချက် အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့် တွင် တာဝန် ထမ်းဆောင် လျက်ရှိသည့် ဝန်ထမ်း များသည် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များ၊ လုပ်ငန်း လမ်းညွှန် များနှင့် အမိန့် ညွှန်ကြားချက် များကို သိရှိ နားလည်ပြီး မိမိ တာဝန် ယူရမည့် လုပ်ငန်းပိုင်း တွင် ကျွမ်းကျွမ်းကျင်ကျင် ၊ ပိုင်ပိုင် နိုင်နိုင် ဆောင်ရွက် နိုင်စေရန်နှင့် ရွေးကောက်ပွဲ ကို ဥပဒေနှင့် အညီ လွတ်လပ် မျှတပြီး ပွင့်လင်း မြင်သာစွာ ကျင်းပ ပေးနိုင်ရန် ဖြစ်ကြောင်း၊ တက်ရောက် လာကြသည့် သင်တန်းသား များအနေ ဖြင့် သက်ဆိုင်ရာ တိုင်းဒေသ ကြီးအတွင်း ရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် / ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲ ဝန်ထမ်း များနှင့် မဲရုံ အဖွဲ့ဝင် များအထိ ဆင့်ကဲ ဆင့်ကဲ သင်တန်းများ ပို့ချ သွားရမည် ဖြစ်သဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်း လမ်းညွှန် များကို အနည်းနှင့် အများ သိရှိပြီး ဖြစ်သော်လည်း ရှင်းရှင်း လင်းလင်း၊ တိတိ ကျကျ သိရှိ နားလည်အောင် မေးမြန်း ဆွေးနွေး ကြရန် ဖြစ်ကြောင်:။

    ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် အချိန်ကာလ (၆) လခန့် သာ လိုသဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းစဉ် များကို တစ်ခုပြီး တစ်ခု အချိန် ကာလ အလိုက် အဆက် မပြတ် ဆောင်ရွက် ကြရမှာ ဖြစ်ကြောင်း၊ တစ်နိုင်ငံ လုံး အတိုင်း အတာ အနေဖြင့် အခြေခံ မဲစာရင်း ပြုစု ခြင်းနှင့် ကြေညာ ခြင်းတို့ ဆောင်ရွက် ရာတွင် ပြည်သူ လူထု၏ မေးမြန်းချက် များအပေါ် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်း လမ်းညွှန် များနှင့် အညီ ပြန်လည် ရှင်းလင်း ဖြေကြား ပေးရန် ဖြစ်ကြောင်း၊ ပြည်သူ လူထုအား နားလည် သဘော ပေါက်အောင် ရှင်းပြရန် လိုကြောင်း၊ ပြည်သူ လူထု အနေဖြင့် ရွေးကောက်ပွဲ အတွေ့ အကြုံ ဗဟု သုတ နည်းသည့် အတွက် ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာ ပေးရန် လိုအပ် ကြောင်း၊ အသိ ပညာ ပေးရာတွင် ကော်မရှင် သာမက နိုင်ငံရေး ပါတီများ အနေဖြင့် လည်း ပူးပေါင်း၍ ဆောင်ရွက် ပေးရန် လိုကြောင်း။

    ရွေးကောက်ပွဲ တွင် နိုင်ငံ တကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာ ရေးအဖွဲ့ များ၊ ပြည်တွင်း စောင့်ကြည့် လေ့လာရေး လူမှု အဖွဲ့ အစည်း များအား ဖိတ်ခေါ် ထားကြောင်း၊ ယခု ကဲ့သို့ ဖိတ်ခေါ် ရခြင်းမှာ ရွေးကောက်ပွဲ ကို ပွင့်လင်း မြင်သာပြီး လွတ်လပ် မျှတသည့် ရွေးကောက်ပွဲ အဖြစ် မှတ်ကျောက် တင်နိုင်ရန် နှင့် စောင့်ကြည့် လေ့လာရေး အဖွဲ့များက တင်ပြ လာမည့် အားနည်းချက် / အားသာ ချက်များကို သုံးသပ်ပြီး နောင် ကျင်းပမည့် ရွေးကောက်ပွဲ များအတွက် သင်ခန်းစာ ယူ ပြင်ဆင် နိုင်ရန် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့များ အနေဖြင့် ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက် ချက်များ၊ နိုင်ငံရေး ပါတီများ နှင့် ပြည်သူ လူထု၏ အခြေ အနေများကို လေ့လာပြီး လွတ်လပ်မှု ရှိ/မရှိ၊ မျှတမှုရှိ /မရှိနှင့် ပွင့်လင်း မြင်သာမှု ရှိ/မရှိ တို့ကို အစီရင် ခံစာများ ထုတ်ပြန် ကြမှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့များ၏ အစီရင် ခံစာများသည် ကမ္ဘာကို အသိပေး ကြေညာ မှာဖြစ်သည့် အတွက် နိုင်ငံ၏ ပုံရိပ် ကောင်းမွန် စေရန် ရွေးကောက်ပွဲ ကို တာဝန်ယူ ဆောင်ရွက် ကြသူများ အားလုံး၊ ပါဝင် ပတ်သက် သူများ အားလုံး အလေး အနက်ထား ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ များနှင့် ပူးပေါင်း ဆောင်ရွက် နိုင်ရေး အတွက် ၄င်းတို့၏ Code of Conduct ကိုလည်း သိရှိထားရန် လိုကြောင်း။

    ရွေးကောက်ပွဲ ကို လွတ်လပ် မျှတပြီး ပွင့်လင်း မြင်သာမှု ရှိစေရန် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များ၊ လုပ်ငန်း လမ်းညွှန်များ၊ အမိန့်၊ ညွှန်ကြား ချက်များနှင့် အညီ ဘက်လိုက်မှု မရှိဘဲ ဆောင်ရွက် ကြရန် ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် နည်းဥပဒေ နှင့်လုပ်ငန်း လမ်းညွှန် များကို ပွင့်လင်း မြင်သာမှု ရှိအောင် ပြင်ဆင် သင့်သည် များကို ပြင်ဆင် ပေးခဲ့ ပြီးဖြစ်ကြောင်း၊ အထူး သဖြင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် အားနည်း ချက်ရှိခဲ့သည့် ကြိုတင်မဲ ကိစ္စအား ပွင့်လင်း မြင်သာမှု ရှိအောင်၊ အားလုံးက ယုံကြည် လက်ခံ နိုင်အောင် ပြင်ဆင်ထား ပြီးဖြစ်ကြောင်း၊ ကြိုတင်မဲ လုပ်ငန်းစဉ် များကို နည်းဥ ပဒေ၊ လုပ်ငန်း လမ်းညွှန်များ နှင့်အညီ ဆောင်ရွက် နိုင်ရန် တာဝန် ရှိသူများ အားလုံး လေ့လာ ထားရန် လိုကြောင်း။

    ယခု ဖွင့်လှစ် သည့် သင်တန်း သည် ရွေးကောက်ပွဲ အတွက် အရေးကြီး သည့် သင်တန်း ဖြစ်ပြီး ဆင့်ကဲ ဆင့်ကဲ ပို့ချနိုင်ရန် နှင့် ရွေးကောက်ပွဲ ကို လွတ်လပ် မျှတ၍ ပွင့်လင်း မြင်သာမှု ရှိရှိ အောင်မြင်စွာ ကျင်းပ နိုင်ရန် တက်ရောက် လာသည့် သင်တန်းသား များ အနေဖြင့် သင်ခန်းစာ ပို့ချချက် များအား ရှင်းရှင်း လင်းလင်း သိရှိအောင် အလေး အနက်ထား လေ့လာ ဆွေးနွေး သွားကြရန် ပြောကြား ပါသည်။

    အဆိုပါ သင်တန်း ဖွင့်ပွဲ အခမ်းအနား သို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ အတွင်း ရေးမှူးနှင့် ကော်မရှင်ရုံး မှတာဝန် ရှိသူများ၊ တိုင်းဒေသကြီး ကော်မရှင် အဖွဲ့ခွဲ များ၊ တိုင်းဒေ သကြီးများ အတွင်းရှိ ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ နှင့် နိုင်ငံ ရေးပါတီ များမှ သင်တန်းသား (၆၅)ဦး တို့ တက်ရောက် ခဲ့ပြီး သင်တန်းအား မေ ၇ ရက်နေ့မှ ၈ ရက်နေ့ ထိ (၂)ရက် ကြာ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် လူမှု အဖွဲ့အစည်း များ အကြား ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်မှု ဆိုင်ရာ အစည်း အဝေး ကျင်းပ

    Body-14

     နေပြည်တော် မေ ၁၄ ရက် 

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် လူမှု အဖွဲ့ အစည်း များအကြား ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်မှု ဆိုင်ရာ အစည်း အဝေးကို ရန်ကုန်မြို့ရှိ Micasa ဟိုတယ်၌ ယနေ့ နံနက် ၈ နာရီခွဲ တွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ က အဖွင့် အမှာ စကား ပြောကြား ခဲ့ပြီး ကော်မရှင် အဖွဲ့ဝင်များ နှင့် အတွင်း ရေးမှူး ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးကိုကိုနှင့် ရွေးကောက်ပွဲ အရာရှိ ဦးခင်ဇော်ထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန် ရှိသူများ၊ အရပ်ဘက် လူမှု အဖွဲ့ အစည်း ( ၄၈ )ဖွဲ့နှင့် နိုင်ငံ တကာ အဖွဲ့ အစည်း( ၆ ) ဖွဲ့မှ တာဝန် ရှိသူ(၆၀) ဦး တက်ရောက် ခဲ့ကြသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အမှာ စကား ပြောကြား ရာတွင် ကော်မရှင် က ဆောင်ရွက် နေသည့် အခြေခံ မဲဆန္ဒ ရှင်စာရင်း ပြုစုခြင်း လုပ်ငန်း ပိုင်းတွင် လူမှု အဖွဲ့ အစည်းများ အနေဖြင့် အင်တိုက် အားတိုက် ပါဝင် ကူညီ မှုကြောင့် အောင်မြင် မှုများ ရရှိခဲ့ပြီး ပြည်တွင်း စောင့်ကြည့် လေ့လာရေး အဖွဲ့ အတွက် ကျင့်ဝတ်ကို ပူးပေါင်း ရေးဆွဲခဲ့ သည့်အတွက် ပြီးစီး ခဲ့ပြီး ဖြစ်ကြောင်း၊ အခြေခံ မဲဆန္ဒရှင် စာရင်း ပြုစု ရာတွင် တစ်နိုင်ငံ လုံးအတိုင်း အတာ အနေဖြင့် ၇၅ ရာခိုင်နှုန်း ပြီးစီး နေပြီ ဖြစ်ကြောင်း၊ အခြေခံ မဲဆန္ဒရှင် စာရင်း ကြေညာ ခြင်းကို ရန်ကုန်တိုင်း ဒေသကြီး(၁၀) မြို့နယ်တွင် ပထမ အကြိမ်အဖြစ် မတ် (၃၀) ရက်၌ ကြေညာ ခဲ့ပြီးဖြစ်ကြောင်း၊ ဒုတိယ အကြိမ်ကို မေ (၂၅) ရက်၊ တတိယ အကြိမ်ကို ဇွန် (၈) ရက်နှင့် စတုတ္ထ အကြိမ်ကို ဇွန် (၂၂) ရက်တွင် ကြေညာ သွားရန် စီစဉ် လျာထားကြောင်း၊ မဲစာရင်း ကြေညာသည့် အချိန် တွင်လည်း လူမှု အဖွဲ့ အစည်းများနှင့် နိုင်ငံရေး ပါတီများ အနေဖြင့် ပြည်သူ လူထုကို မဲပေး နိုင်ရေး အတွက် မဲစာရင်း တွင်ပါရှိရေး မဲစာရင်း ကြည့်ရှုကြရန် နှိုးဆော် အသိပညာ ပေးခြင်းကို ပူးပေါင်း ဆောင်ရွက် ကြစေ လိုကြောင်း၊ ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်၊ နိုင်ငံရေး ပါတီများ၊ လူမှု အဖွဲ့ အစည်း များအား ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာ ပေးခြင်း (Voter Education) ကို မေလ (၇) ရက်တွင် စတင် ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ သင်တန်း အမှတ်စဉ် (၁)နှင့်(၂) ကို မေလ (၇) ရက်နှင့် မေလ (၁၁) ရက်တို့တွင် ဖွင့်လှစ်ခဲ့ပြီး အမှတ်စဉ် (၃) နှင့် (၄) ကို ဆက်လက် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း၊ အမှတ်စဉ် (၃)နှင့်(၄) တွင် နိုင်ငံရေး ပါတီများနှင့် လူမှုအဖွဲ့ အစည်းများကို တက်ရောက်ရန် ဖိတ်ကြား သွားမည် ဖြစ်ကြောင်း၊ လူမှုအဖွဲ့ အစည်းများ အနေဖြင့် သင်တန်း တက်ရောက် ပြီးပါက ဆင့်ပွား သင်တန်း ပို့ချပြီး ပြည်သူ လူထုကို အသိပညာ ပေးခြင်း ဆောင်ရွက် စေလိုကြောင်း၊ ရွေးကောက်ပွဲ နီးလာ သည်နှင့်အမျှ ပြည်သူ လူထုအား အသိပညာ ပေးခြင်းကို အင်တိုက် အားတိုက် ထိထိ ရောက်ရောက် ဆောင်ရွက်ရန် လိုကြောင်း၊ လူမှု အဖွဲ့အစည်း များအနေဖြင့် မိမိတို့ ဆောင်ရွက် နိုင်သည့် ကဏ္ဍ အလိုက် ကော်မရှင်နှင့် ညှိနှိုင်းပြီး ပူးပေါင်း ဆောင်ရွက် စေလိုကြောင်း၊ ပြည်သူ လူထု အနေဖြင့် ရွေးကောက်ပွဲ အတွေ့အကြုံ နည်းသဖြင့် ရွေးကောက်ပွဲ ဗဟုသုတ အားနည်းပြီး ရွေးကောက်ပွဲ အပေါ် အာရုံ စိုက်မှု နည်းပါးကြောင်း၊ ရွေးကောက်ပွဲ သည် နိုင်ငံတော် အတွက် အရေး ကြီးကြောင်း၊ မဲပေးပိုင်ခွင့် ရှိသူ အားလုံး မဲပေးခွင့် ရရန်၊ အရည် အချင်းရှိသည့် လွှတ်တော် ကိုယ်စား လှယ်များကို မှန်မှန် ကန်ကန် ရွေးချယ် တတ်စေရန်၊ မိမိပေး လိုက်သည့် မဲသည် ပယ်မဲ မဖြစ်ရေးတို့ကို လူမှု အဖွဲ့ အစည်းများ အနေဖြင့် ပြည်သူ လူထုကို အသိပညာ ပေးရန် လိုအပ်ကြောင်း၊ကော်မရှင် အနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ် မျှတပြီး ပွင့်လင်း မြင်သာစွာ ကျင်းပ ပေးသွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် မျှတမှုရှိ/ မရှိ၊ ပွင့်လင်း မြင်သာမှုရှိ/ မရှိကို လေ့လာ အကဲခတ်နိုင်ရန် စောင့်ကြည့် လေ့လာရေး လူမှု အဖွဲ့ အစည်းများကို ဖိတ်ခေါ် ထားကြောင်း၊ လူမှု အဖွဲ့ အစည်းများ အနေဖြင့် စောင့်ကြည့် လေ့လာ သည့်အခါ ဥပဒေနှင့် အညီ ဖြစ်မဖြစ်ကို အလေးထား ကြည့်ရှုရန် လိုကြောင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ နှင့် အမိန့် ညွှန်ကြားချက် များကို သိရှိအောင် လေ့လာ ကြရန်နှင့် ပါတီစွဲ ကင်းပြီး ဘက်လိုက်မှု မရှိဘဲ ဆောင်ရွက် ရန်လိုကြောင်း၊၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် ပြည်သူလူထု အနေဖြင့် မဲပေးခြင်း လုပ်ငန်း စဉ်များတွင် မှန်မှန်ကန်ကန် မဲပေးနိုင်ရန် လူမှု အဖွဲ့အစည်းများ အနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

    ဆက်လက်၍ မဲပေးခြင်း လုပ်ငန်းစဉ်ကို သရုပ် ပြသပြီးနောက် လူမှု အဖွဲ့ အစည်းများမှ သိရှိ လိုသည့် မေးမြန်း ချက်များအပေါ် ဥက္ကဋ္ဌမှ ပြန်လည် ရှင်းလင်း ဆွေးနွေး ခဲ့သည်။

    ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အခြေခံ မဲဆန္ဒရှင် စာရင်းပြုစုခြင်း နှင့်စပ်လျဉ်း၍ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကိုလည်းကောင်း၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာ သူများ အသိ အမှတ်ပြုခြင်း လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက လည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့ပြီး IFES မှ Mr.Ross Attril က Voter Education နှင့် Voter Information နည်းပညာ များကို ရှင်းလင်း ဆွေးနွေး ခဲ့သည်။

    ၄င်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အား လွတ်လပ်မျှတ၍ ပွင့်လင်း မြင်သာမှု ရှိစွာ ကျင်းပ နိုင်ရေးအတွက် လူမှု အဖွဲ့အစည်း များ၏ စွမ်းအားမှာ မဖြစ် မနေ လိုအပ် သဖြင့် ပူးပေါင်း ဆောင်ရွက် ကြရန် တိုက်တွန်း ပြောကြားပြီး အခမ်း အနားကို ရုပ်သိမ်း ခဲ့ကြောင်း သတင်း ရရှိသည်။
    (သတင်းစဉ်)

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီများ အကြား ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်မှု ဆိုင်ရာ အစည်း အဝေး ကျင်းပ

    Body-15

     နေပြည်တော် မေ ၁၅ ရက် 

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီများ အကြား ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်မှု ဆိုင်ရာ အစည်း အဝေးကို ရန်ကုန်မြို့ရှိ Summit Parkview ဟိုတယ်၌ ယနေ့ နံနက် ၈ နာရီခွဲ တွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ကော်မရှင် အဖွဲ့ဝင်များနှင့် အတွင်းရေးမှူး၊ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကို၊ ရွေးကောက်ပွဲ အရာရှိ ဦးခင်ဇော်ထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန် ရှိသူများနှင့် နိုင်ငံရေး ပါတီ (၆၇) ပါတီမှ တာဝန် ရှိသူများ တက်ရောက် ခဲ့ကြသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အမှာ စကား ပြောကြားရာ တွင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် နီးကပ် လာပြီ ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ပွင့်လင်း မြင်သာသည့် ရွေးကောက်ပွဲကို ကျင်းပပေးနိုင်ရန် ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာ ပေးခြင်း (Voter Education) ကို စတင် ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ မေလ (၇) ရက် နှင့် (၁၁) ရက်များတွင် သင်တန်း (၂) ကြိမ် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း၊ မေ (၂၁)ရက် နှင့် မေ (၂၈) ရက်တွင် (၂) ကြိမ် ဆက်လက် ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း၊ နိုင်ငံရေး ပါတီများကို တက်ရောက် စေခဲ့သလို လူမှု အဖွဲ့ အစည်းများကိုလည်း တက်ရောက် စေမှာဖြစ်ကြောင်း၊ သင်တန်း တက်ရောက်ပြီးသည့် ပါတီများ အနေဖြင့် ပါတီတွင်း ဆင့်ပွားသင်တန်း ပို့ချပြီး ပြည်သူ လူထုကို အသိ ပညာပေး ဆောင်ရွက်စေ လိုကြောင်း

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် အခြေခံ မဲဆန္ဒရှင် စာရင်းပြည့်စုံ မှန်ကန်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ပြုစု ဆောင်ရွက်နေရာ ၇၅ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်ကြောင်း၊ သတ်မှတ် ကာလအတွင်း ပြီးစီးရေးကို အင်တိုက် အားတိုက် ဆောင်ရွက် လျက်ရှိကြောင်း၊ မဲစာရင်းပြုစု ပြီးသည့် ရန်ကုန်တိုင်း ဒေသကြီးမှ မြို့နယ် (၁၀) မြို့နယ်တွင် မတ် (၃၀) ရက်၌ မဲစာရင်း ကြည့်ရှုရေး ပထမအကြိမ် ကြေညာ ခဲ့ပြီးဖြစ်ကြောင်း၊ ဒုတိယ အကြိမ်ကို မေ (၂၅) ရက်၊ တတိယ အကြိမ်ကို ဇွန် (၈) ရက်နှင့် စတုတ္ထ အကြိမ်ကို ဇွန် (၂၂) ရက်တွင် ကြေညာရန် စီစဉ် လျာထားကြောင်း၊ နိုင်ငံရေး ပါတီများ အနေဖြင့် မိမိတို့၏ မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါရှိရေး ကြည့်ရှု့ကြရန် အသိပညာပေး နှိုးဆော် တိုက်တွန်း ပေးစေလိုကြောင်း၊ ကော်မရှင် အနေဖြင့် မဲစာရင်းကို Online မှ ကြည့်ရှုနိုင်ရေးနှင့် မဲစာရင်း ကြေညာခြင်း ကို Facebook page မှ လှုံ့ဆော် တိုက်တွန်းရန် ဆောင်ရွက် နေကြောင်း၊

    ပြည်တွင်း စောင့်ကြည့် လေ့လာရေး အဖွဲ့များ၏ ကျင့်ဝတ်ကို လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း ရေးဆွဲခဲ့ပြီး ကြေညာချက် ထုတ်ပြန် ခဲ့ပြီးဖြစ်ကြောင်း၊ မီဒီယာ အနေဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ မီဒီယာ လမ်းညွှန်ကို ထုတ်ပြန် ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံရေး ပါတီများ ကျင့်ဝတ်သည်လည်း နိုင်ငံရေး ပါတီများ၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ပြီးစီး သလောက်ရှိနေပြီ ဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင် နိုင်ငံရေး ပါတီများ ကျင့်ဝတ်ပိုင်းကို အမြန်ဆုံး ပြီးပြတ်အောင် ဆွေးနွေး ညှိနှိုင်း စေလိုကြောင်း၊

    ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲသည် နိုင်ငံတော် အတွက် အရေးကြီးသည့် ရွေးကောက်ပွဲ ဖြစ်ကြောင်း၊ နိုင်ငံတကာ ကလည်း စောင့်ကြည့် လျက်ရှိကြောင်း၊ နိုင်ငံရေး ပါတီများ အနေဖြင့် မိမိပါတီ အနိုင်ရရှိရေး အတွက် အရည်အချင်း ပြည့်ဝသော ကိုယ်စားလှယ်လောင်း များကို ရွေးချယ် လျာထားရန် လိုကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကျား၊ မ ခွဲခြားမှု မရှိသော်လည်း နိုင်ငံရေး အခန်း ကဏ္ဍတွင် အမျိုးသမီးများ ပါဝင်မှု နည်းပါးနေကြောင်း၊ နိုင်ငံရေး ပါတီများ အနေဖြင့် လွှတ်တော် ကိုယ်စား လှယ်လောင်း လျာထားရာတွင် အရည် အချင်းရှိသည့် အမျိုးသမီးများကို တိုးမြှင့် လျာထားရန် လိုအပ် ကြောင်း၊ သို့မှသာ လွှတ်တော် အတွင်း အမျိုးသမီး ပါဝင်မှု ရာခိုင်နှုန်း မြင့်မား လာမည်ဖြစ်ကြောင်း၊

    ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ပွင့်လင်းမြင်သာစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရန် နိုင်ငံရေးပါတီများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို သိရှိအောင်လေ့လာပြီး လိုက်နာဆောင်ရွက်ကြရန် နှင့် မိမိနှင့်ယှဉ်ပြိုင်ဘက်ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်ချက်များအပေါ် စောင့်ကြည့် လေ့လာထောက်ပြပြီး Check and Balance ပြုလုပ်၍ ဥပဒေ၏ အကာအကွယ်ကို ရယူ ဆောင်ရွက်ကြရန် ပြောကြားပါသည်။

    ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အခြေခံ မဲဆန္ဒရှင် စာရင်းပြုစုခြင်း လုပ်ငန်း တိုးတက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်း ဆွေးနွေး ပြောကြားပါသည်။

    ဆက်လက်၍ နိုင်ငံရေး ပါတီများ ကျင့်ဝတ်ဆိုင်ရာအား ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများနှင့် ဆွစ်ဇာလန်သံရုံးမှ Ms. Tatiana Monney တို့က ညှိနှိုင်း ဆွေးနွေး ကြပြီး မဲပေးခြင်း လုပ်ငန်းစဉ် သရုပ်ပြခြင်းအား ဆက်လက် ပြုလုပ်ပါသည်။
    ၎င်းနောက် ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်း လုပ်ငန်းစဉ်အား ရှင်းလင်း ပြောကြားပြီးနောက် နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။
    (သတင်းစဉ်)

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းအမှတ်စဉ်(၃/၂၀၁၅)ဖွင့်လှစ်

    Body

     နေပြည်တော် မေ ၂၁ 

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး သင်တန်း အမှတ်စဉ် (၃/၂၀၁၅) ကို တိုင်းဒေသကြီး အတွင်းရှိ ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၊ နိုင်ငံရေး ပါတီများနှင့် လူမှု အဖွဲ့အစည်း များမှ သင်တန်းသား (၆၁) ဦးဖြင့် မေ ၂၁ ရက်မှ ၂၂ ရက်ထိ နှစ်ရက်ကြာ ဖွင့်လှစ် သွားမည် ဖြစ်သည်။ အဆိုပါ သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ကော်မရှင် အဖွဲ့ဝင် များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်တွင် ရှိကြသည့် ဝန်ထမ်းများ၊ နိုင်ငံရေး ပါတီများ၊ လူမှု အဖွဲ့အစည်းများ အနေဖြင့် ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်း လမ်းညွှန်များနှင့် အမိန့် ညွှန်ကြား ချက်များကို သိရှိနားလည်ပြီး မိမိ တာဝန်ယူရမည့် လုပ်ငန်းများအား ကျွမ်းကျင် ပိုင်နိုင်စွာ ဆောင်ရွက် နိုင်စေရန်နှင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို ဥပဒေနှင့် အညီ လွတ်လပ် မျှတပြီး ပွင့်လင်း မြင်သာစွာ ကျင်းပ ပေးနိုင်စေရန် အတွက် ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး သင်တန်းများကို ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊
    နိုင်ငံရေး ပါတီများ၏ခေါင်းဆောင်များသည် နိုင်ငံတော်၏ အနာဂတ်ကို ဖန်တီး လုပ်ဆောင်ပေးမည့် သူများ ဖြစ်သည့်အတွက် ပါတီ ကိုယ်စားပြု ရွေးချယ်မည့် ကိုယ်စားလှယ် များသည် လူတော် လူကောင်း အရည်အချင်း ရှိသူများ ဖြစ်ရန်လိုကြောင်း၊ ပြည်သူလူထု အနေဖြင့်လည်း ရွေးကောက်ပွဲတွင် လူတော်လူကောင်းများ ရွေးချယ်ရန် လိုအပ်ကြောင်း၊ သို့မှသာ အနာဂတ် နိုင်ငံတော်ကို အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့့် နိုင်ငံတော် ဖြစ်အောင် တည်ဆောက် နိုင်မည်ဖြစ်ကြောင်း၊ရွေးကောက်ပွဲကို ပွင့်လင်း မြင်သာမှု ရှိစေရန် ရွေးကောက်ပွဲတွင် ပါဝင် ပတ်သက်မည့် သူများအားလုံး ရွေးကောက်ပွဲ လုပ်ငန်းစဉ် တိုင်းတွင် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများနှင့် အညီ လိုက်နာ ဆောင်ရွက်ကြရန် လိုကြောင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ လုပ်ငန်းလမ်းညွှန်များ၊ အမိန့်နှင့် ညွှန်ကြားချက်များကို သေသေချာချာ ဂဃနဏ ရှင်းရှင်း လင်းလင်း သိရှိထားမှသာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိတိကျကျ လိုက်နာ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး မသိရှိ သူများကိုလည်း ခိုင်ခိုင်မာမာ ရှင်းလင်း ပြောပြ နိုင်မည် ဖြစ်ကြောင်း၊

    ခရိုင် ကော်မရှင် အဖွဲ့ခွဲများ အနေဖြင့် ဆင့်ကဲဆင့်ကဲ သင်တန်း ပေးသွားရမည် ဖြစ်ပြီး ကြီးကြပ်ရမည် ဖြစ်သည့် အတွက် ပို့ချချက် များကို ရှင်းရှင်း လင်းလင်း နားလည် သဘော ပေါက်အောင် ဆွေးနွေကြရန် လိုကြောင်း၊ နိုင်ငံရေး ပါတီများ၊ လူမှု အဖွဲ့အစည်းများ အနေဖြင့်လည်း မိမိ အဖွဲ့ဝင်များနှင့် ပြည်သူလူထုအား ဆင့်ပွား အသိပညာပေးရန် လိုကြောင်း၊ ဥပဒေကို သိရှိမှသာ လိုက်နာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ယှဉ်ပြိုင်ဘက် ပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်ချက်များ အပေါ် စောင့်ကြည့်လေ့လာ ထောက်ပြပြီး Check & Balance ပြုလုပ်၍ ဥပဒေ၏အကာအကွယ် ရယူနိုင်မှာ ဖြစ်ကြောင်း၊ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်း လမ်းညွှန်များကို ပိုမိုရှင်းလင်း တိကျ ခိုင်မာစေရန် နိုင်ငံရေးပါတီများ၊ လူမှု အဖွဲ့အစည်းများ၏အကြံပြုချက်များကို ရယူပြင်ဆင်ခဲ့ပြီး ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်၊ နိုင်ငံရေး ပါတီများ၊ လူမှု အဖွဲ့အစည်းများနှင့် မီဒီယာများသို့ ပုံနှိပ် ဖြန့်ဝေခဲ့ပြီး ဖြစ်ကြောင်း၊

    ယခင် ရွေးကောက်ပွဲ များ၏ အားနည်းချက် ဖြစ်သည့် မဲစာရင်းနှင့့် ကြိုတင်မဲ ကိစ္စအတွက် အလေးထား ဆောင်ရွက်ခဲ့ကြောင်း၊ အခြေခံ မဲစာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ကြိုတင် ဆောင်ရွက်လျက် ရှိကြောင်း၊ မေ ၂၅ ရက်၌ ရန်ကုန်တိုင်း ဒေသကြီး ၁၄ မြို့နယ်နှင့် နေပြည်တော် ကောင်စီနယ်မြေ ၈ မြို့နယ်တို့တွင် ဒုတိယအကြိမ် ကြေညာသွားမည် ဖြစ်ကြောင်း၊ နိုင်ငံရေး ပါတီများ အနေဖြင့် မိမိတို့၏ မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါရှိရေး ကြည့်ရှု့ကြရန် အသိပညာပေး တိုက်တွန်း နှိုးဆော်ပေးရန် ဖြစ်ကြောင်း၊ ကြိုတင်မဲ ပေးခြင်း အပိုင်းတွင် ပွင့်လင်း မြင်သာမှုရှိအောင် နည်းဥပဒေနှင့် လုပ်ငန်း လမ်းညွှန်များကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် တိတိကျကျ သိရှိအောင် ဆွေးနွေး ကြစေလိုကြောင်း ပြောကြားသည်။

    ဆက်လက်၍ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်၊ ဒေါက်တာ ဒေါ်မြင့်ကြည်၊ ဦးညွန့်တင်နှင့် ဦးဝင်းကိုတို့က ရွေးကောက်ပွဲ ဆိုင်ရာ သင်ခန်းစာများအား ဆွေးနွေး ပို့ချပြီးနောက် သင်တန်းသားများ၏ဆွေးနွေး မေးမြန်းချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြန်လည် ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၄/၂၀၁၅) ဖွင့်လှစ်

    body

    နေပြည်တော် မေ ၂၈


    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်း အမှတ်စဉ်(၄/၂၀၁၅) ကို ပြည်နယ်အတွင်းရှိ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများမှ သင်တန်းသား(၅၇)ဦးဖြင့် မေ ၂၈ ရက်မှ ၂၉ ရက်ထိ နှစ်ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ အဆိုပါ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် သင်တန်း ဖွင့်လှစ်ရခြင်းမှာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်ရှိ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့ အစည်းများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်း လမ်းညွှန်များနှင့် အမိန့်ညွှန်ကြားချက်များကို သိရှိ နားလည်ပြီး မိမိတာဝန်ယူရည့် လုပ်ငန်းပိုင်း တွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်နှင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ လွတ်လပ်မျှတ၍ ပွင့်လင်းမြင်သာစွာ ကျင်းပပေး နိုင်စေရန်ဖြစ်ကြောင်း။

    အခြေခံ မဲဆန္ဒရှင် စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြိုတင် ဆောင်ရွက်လျက် ရှိကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ၁၄ မြို့နယ်နှင့် နေပြည်တော် ကောင်စီနယ်မြေ ၈ မြို့နယ် တို့၌ မေ ၂၅ ရက်တွင် ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင်များ အနေဖြင့် မဲစာရင်း ကပ်ထား ကြေညာထားသည့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးများတွင် သွားရောက် ကြည့်ရှုနိုင်သည့်အပြင် Website မှ ကြည့်ရှုနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်း ကြည့်ရှုစစ်ဆေးခြင်း ဝက်ဘ်ဆိုက်ကို လွှင့်တင်ထားပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင် များအနေဖြင့် ၄င်းတို့ အမည်စာရင်းရှိရာ မြို့နယ်များ၏ မဲစာရင်းများတွင် ၄င်းတို့အမည် ပါ/ မပါကို လူကိုယ်တိုင် သွားရောက်ရန်မလိုဘဲ ကြည့်ရှု စစ်ဆေးနိုင်မည်ဖြစ်ပြီး လိုအပ်သော ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မှုများ ပြုလုပ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကျန်မဲစာရင်း ထုတ်ပြန်ခြင်း မရှိသေးသည့် မြို့နယ်များကိုလည်း မဲစာရင်း ထုတ်ပြန်ပြီးပါက Website မှ ကြည့်နိုင်ရေး ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မဲစာရင်းပါမှ မဲပေးနိုင်မည် ဖြစ်သဖြင့် ပြည်သူလူထု အနေဖြင့် မဲစာရင်း ကြည့်ရှုရေးနှင့် ပြည့်စုံမှန်ကန်သော မဲစာရင်းဖြစ်ရေး ပူးပေါင်း ဆောင်ရွက်ကြရန် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်၊ နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်း များနှင့် မီဒီယာများက တိုက်တွန်း အသိပညာပေးစေလိုကြောင်း။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် လွတ်လပ် မျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေး ပါတီများ၊ လူမှု အဖွဲ့အစည်းများ၊ မီဒီယာများ စသည့် ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများအား သတင်းအချက်အလက်များ ပိုမိုလျင်မြန် လွယ်ကူစွာ ရရှိနိုင်ရန် ရည်ရွယ်ပြီး ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲတွင် ပြင်ပဆက်ဆံရေးဌာန ရုံးခွဲကို မေ ၂၆ ရက်က ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း၊ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ အနေဖြင့် ဥပဒေဆိုင်ရာ အချက်အလက်များ၊ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက်များ၊ သိရှိ မေးမြန်းလိုသည့် သတင်း အချက်အလက်များကို ရယူနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

    ဆက်လက်၍ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်က မဟာဗျူဟာ စီမံကိန်း (၂၀၁၄ − ၂၀၁၈)နှင့် ပတ်သက်၍ လည်းကောင်း၊ ၊ ကော်မရှင် အဖွဲ့ဝင် ဦးညွန့်တင်က ရွေးကောက်ပွဲ ကျင်းပခြင်း၊ ဆန္ဒမဲ ပေးခြင်းနှင့် ကြိုတင် ဆန္ဒမဲပေးခြင်းတို့နှင့် ပတ်သက်၍ လည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက အမည်နှင့် အဓိပ္ပါယ် ဖော်ပြချက်များ၊ လွှတ်တော် (၃)ရပ် ဖွဲ့စည်းပုံ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဖွဲ့စည်း ခြင်း၊ မဲဆန္ဒနယ်များ သတ်မှက်ကြေညာခြင်း၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ရွေးကောက် တင်မြှောက် ခံပိုင်ခွင့်ရှိခြင်းနှင့် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိခြင်း၊ မဲစာရင်း ပြုစုခြင်းတို့နှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေး ပို့ချပြီးနောက် သင်တန်းသားများ၏ဆွေးနွေးမေးမြန်း ချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြန်လည် ရှင်းလင်း ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပ သမဂ္ဂ သံအမတ်ကြီး H.E Mr. Roland Kobia နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

    body

     နေပြည်တော် မေ ၂၁

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး သည် မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပ သမဂ္ဂ သံအမတ်ကြီး H.E Mr. Roland Kobia နှင့် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမဆောင် ၌ လက်ခံ တွေ့ဆုံ သည်။

    ထိုသို့ တွေ့ဆုံ ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် ယခင် အတွေ့အကြုံ များအပေါ် သင်ခန်းစာများ ရယူ၍ ကြိုတင် ပြင်ဆင် ဆောင်ရွက်နေမှု နှင့် Voter Training ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ် Time Frame တို့အား ရှင်းလင်း ပြောကြားခဲ့ပြီး ဥရောပ သမဂ္ဂ သံအမတ်ကြီး က ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အတွက် ကြိုတင် လေ့လာရေး အဖွဲ့ စေလွှတ်မည့် အခြေအနေ ကို ရှင်းလင်း ပြောကြား ပါသည်။

    ဧည့်သည်တော် အဖွဲ့မှ Ms. Lora Borissova က ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမည့် လုပ်ငန်းစဉ်အား ရှင်းလင်း တင်ပြ ပြီးနောက် ကြိုတင်မဲ ပေးခြင်း လုပ်ငန်းစဉ်နှင့် ပတ်သက်၍ သိရှိ လိုသည်များအား မေးမြန်းရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ပြီး ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အပေါ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

    ယင်းသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အတူ ကော်မရှင် အဖွဲ့ဝင်များ၊ အတွင်းရေးမှူး နှင့် ကော်မရှင်ရုံး မှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။
    (သတင်းစဉ်)

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(ရန်ကုန်ရုံးခွဲ)၏သတင်းအချက်အလက်ဌာန ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

    body

     ရန်ကုန် မေ ၂၆ ရက် 

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ သတင်း အချက်အလက်ဌာန ဖွင့်လှစ်ခြင်း အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (ရန်ကုန်ရုံးခွဲ) ၌ ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ကော်မရှင်ဖွဲ့ဝင်များ၊ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးကိုကိုနှင့် ရွေးကောက်ပွဲ အရာရှိ ဦးခင်ဇော်ထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ အမေရိကန်သံရုံး၊ ဗြိတိန်သံရုံး၊ ဥရောပသမဂ္ဂ သံရုံး၊ ပြင်သစ်သံရုံး၊ ဆွီဒင်သံရုံး၊ ဆွန်ဇာလန်သံရုံး၊ သြစတြေးလျသံရုံး တို့မှ သံအမတ်ကြီး များနှင့် ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မီဒီယာ အဖွဲ့များမှ တာဝန်ရှိသူ(၄၀)ဦး တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ မီဒီယာများ စသည့် ကဏ္ဍစုံမှ ပါဝင် ပတ်သက်သူများအား ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ထားပြီး ပူးပေါင်း ဆောင်ရွက်လျက် ရှိကြကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သည့် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် သတင်း အချက်အလက်များအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် သတင်းထုတ်ပြန်ခြင်း၊ Website လွှင့်တင်ခြင်း နှင့် ပြင်ပဆက်ဆံရေး ဌာနကို ဖွင့်လှစ် ထားရှိသော်လည်း ကဏ္ဍစုံမှ ပါဝင် ပတ်သက်သူများ အနေဖြင့် သတင်းအချက် အလက်များကို ပိုမို လျင်မြန်လွယ်ကူစွာ ရရှိနိုင်ရန် ရည်ရွယ်ပြီး နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့ အစည်းများ၊ မီဒီယာများ အများဆုံး ရုံးစိုက်ရာဖြစ်သည့် ရန်ကုန်မြို့တွင် ပြင်ပ ဆက်ဆံရေးဌာန ရုံးခွဲအဖြစ် ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ သို့မှသာ ကဏ္ဍစုံမှ ပါဝင်ပတ်သက် သူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နီးကပ်လွယ်ကူစွာ ဆက်ဆံနိုင်မည်ဖြစ်ပြီး ဥပဒေ ဆိုင်ရာ အချက်အလက်များ၊ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် အမိန်နှင့် ညွှန်ကြားချက်များ၊ ကော်မရှင်၏ ရွေးကောက်ပွဲ ဆိုင်ရာ ဆောင်ရွက်ချက်များ၊ သိရှိမေးမြန်း လိုသည့် သတင်း အချက်အလက်များကို ဤရုံးတွင် ဆောင်ရွက် ရယူနိုင်မည်ဖြစ်ကြောင်း၊ ကော်မရှင်နှင့် နီးကပ်စွာ ဆောင်ရွက်နိုင်သည့်အတွက် မှန်ကန် တိကျသည့် သတင်းများကို ရရှိမည်ဖြစ်ကြောင်း၊ ကော်မရှင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံလိုပါက ဤရုံးတွင် တွေ့ဆုံခွင့် တောင်းခံနိုင်မည် ဖြစ်ကြောင်း၊

    ရွေးကောက်ပွဲ အတွက် မဲစာရင်း ပြည့်စုံ မှန်ကန်ရေးမှာ အရေးကြီးကြောင်း၊ အခြေခံ မဲစာရင်း ကြေညာခြင်းကို ရန်ကုန်တိုင်း (၁၄) မြို့နယ်တွင် မေ ၂၅ ရက်နေ့ မှစ၍ ကြေညာ ထားပါကြောင်း၊ မဲဆန္ဒရှင် ပြည်သူလူထု အနေဖြင့် မဲစာရင်း ကပ်ထားကြေညာသည့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးများတွင် သွားရောက် ကြည့်ရှု နိုင်သည့်အပြင် Website မှ ကြည့်ရှုနိုင်ရေးအတွက် ယနေ့မှ စတင်၍ မဲဆန္ဒရှင်စာရင်း ကြည့်ရှု စစ်ဆေးခြင်း ဝက်ဘ်ဆိုက်အား လွှင့်တင် သွားမည် ဖြစ်ပါကြောင်း၊ ၄င်းဝက်ဘ်ဆိုက်မှာ https://checkvoterlist. uecmyanmar.org ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များ အနေဖြင့် ၄င်းတို့ အမည်စာရင်းရှိရာ မြို့နယ်များ၏ မဲစာရင်းများတွင် ၄င်းတို့အမည် ပါ/ မပါကို လူကိုယ်တိုင် သွားရောက်စရာမလိုဘဲ ကြည့်ရှု စစ်ဆေးနိုင်မည်ဖြစ်ပြီး လိုအပ်သော ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မှုများ ပြုလုပ်ရန် ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း၊ ကျန်မဲစာရင်း ထုတ်ပြန်ခြင်း မရှိသေးသော မြို့နယ်များကိုလည်း မဲစာရင်း ထုတ်ပြန်ပြီးက Website မှ ကြည့်နိုင်ရေး ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သတင်း အချက်အလက်ဌာန ဖွင့်လှစ်ခြင်းနှင့် မဲဆန္ဒရှင်စာရင်း ကြည့်ရှု စစ်ဆေးခြင်း ဝက်ဘ် ဆိုက် လွှင့်တင်ခြင်းကို ကူညီ ဆောင်ရွက်ပေးခဲ့သည့် USAID, IFES နှင့် နိုင်ငံတကာ အဖွဲ့အစည်းများအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။

    ဆက်လက်၍ သတင်း အချက်အလက်ဌာန ဖွင့်လှစ်ရခြင်းနှင့် မဲဆန္ဒရှင်စာရင်း ကြည့်ရှု စစ်ဆေးခြင်းဝက်ဘ်ဆိုက် လွှင့်တင်ခြင်းနှင့် စပ်လျဉ်း၍ မီဒီယာ အဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး သိရှိလိုသည့် မေးမြန်းချက်များအပေါ် ကော်မရှင် ဥက္ကဋ္ဌက ပြန်လည် ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
    (သတင်းစဉ်)

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး H.E. Mr.Murat Yavus Ates အား လက်ခံတွေ့ဆုံ

    body

     နေပြည်တော် မေ ၂၉ ရက် 

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး H.E. Mr. Murat Yavus Ates အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

    ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အခြေခံ မဲဆန္ဒရှင်စာရင်းပြုစု ဆောင်ရွက်နေမှုနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်း ဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းပြောကြားပါသည်။

    ယင်းနောက် တူရကီ သံအမတ်ကြီးက ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအား အကူအညီ ပေးနိုင်ရေးနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြသည်။

    ယင်းသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်နှင့်အတူ ကော်မရှင် အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    (သတင်းစဉ်)

     

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သို့ National Enlightenment Institute ( အမျိုးသား ခေတ်သစ် အဖွဲ့ အစည်း) မှ သင်တန်းသား၊ သင်တန်းသူ များ လာရောက် လေ့လာ

    Body

     နေပြည်တော် ဇွန် ၁ ရက် 

    မော်လမြိုင်မြို့အခြေစိုက် National Enlightenment Institute (အမျိုးသား ခေတ်သစ် အဖွဲ့အစည်း) မှ ဦးကျော်စံဝင်း ဦးစီးသော တာဝန် ရှိသူ (၅) ဦးနှင့် သင်တန်းသား၊ သင်တန်းသူ (၃၀) ဦး တို့သည် ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော် ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးသို့ လာရောက် လေ့လာ ခဲ့ကြရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး နှင့် ကော်မရှင် အဖွဲ့ဝင် များ၊ အတွင်း ရေးမှူးနှင့် တာဝန် ရှိသူ များက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံး အစည်း အဝေး ခန်းမတွင် တွေ့ဆုံ ခဲ့ပါသည်။

    အစီ အစဉ်အရ National Enlightenment Institute (အမျိုးသား ခေတ်သစ် အဖွဲ့ အစည်း) မှ သင်တန်းသူ တစ်ဦးက မိတ်ဆက် စကား ပြောကြားပြီး သင်တန်း၏ ရည်ရွယ်ချက် များအား ရှင်းလင်း ပြောကြား ပါသည်။

    ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည် က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဆိုင်ရာ များကို လည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ကော်မရှင် မှဆောင်ရွက် နေသော အခြေခံ မဲဆန္ဒရှင် စာရင်း ပြုစုခြင်း ဆိုင်ရာ လုပ်ငန်း များကို လည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက ကော်မရှင် နှင့်စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေ များကို လည်းကောင်း ရှင်းလင်း ဆွေးနွေး ပါသည်။

    ဆက်လက်၍ သင်တန်း သားများမှ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရေး အတွက် သတ်မှက်ချက် ရှိ/မရှိ၊ နိုင်ငံရေး ပါတီများ တည်ထောင်ခြင်း၊ မှတ်ပုံ တင်ခြင်းနှင့် စပ်လျဉ်း၍ မည်သို့ စိစစ်ကြောင်း နှင့်စိစစ်ရေး အဖွဲ့အား ကော်မရှင် အနေဖြင့် လွပ်လပ် သော အဖွဲ့ အစည်း တစ်ရပ် ဖွဲ့စည်း ရန် ရှိ/မရှိ၊ ရွေးကောက်ပွဲ အတွက် ဘဏ္ဍာရေး ဘတ်ဂျက် အား ဖြတ်တောက် ပါက လုံလောက်မှု ရှိရန် ဆောင်ရွက် ထားရှိမှု အခြေ အနေ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တွင် ပူးပေါင်း ဆောင်ရွက်ခွင့်ရှိ/မရှိနှင့်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၏ မိဘနှစ်ပါးအနက် တစ်ဦးဦးသည် ပြစ်မှုကျူးလွန်ထားပါက ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိ/မရှိ တို့အားမေးမြန်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြန်လည် ရှင်းလင်း ဖြေကြားပြီး နိဂုံးချုပ် အမှာ စကား ပြောကြားကာ အခမ်း အနားကို ရုပ်သိမ်း ခဲ့ကြောင်း သတင်း ရရှိသည်။

    (သတင်းစဉ်)

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးDFID Country Programmes In Asia မှ Director General Ms. Joy Hutcheon နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော် ဇွန် ၄ ရက်

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် DFID Country Programmes In Asia မှ Director General Ms. Joy Hutcheon နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များ၊ အတွင်းရေးမှူး နှင့် ကော်မရှင်ရုံး မှတာဝန် ရှိသူများ တက်ရောက် ခဲ့ကြသည်။

    ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အခြေခံ မဲဆန္ဒရှင် စာရင်း ပြုစု ဆောင်ရွက်နေမှု နှင့် ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးသင်တန်း ဆောင်ရွက်နေမှု အခြေအနေ တို့အား ရှင်းလင်း ပြောကြား ပါသည်။

    ယင်းနောက် Ms. Joy Hutcheon က ကြိုတင်မဲ ပေးခြင်း လုပ်ငန်းစဉ်၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာများ ဖြေရှင်း ဆောင်ရွက်မှုနှင့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ သိရှိလိုသည် များအား မေးမြန်းရာ ကော်မရှင် ဥက္ကဋ္ဌက ပြန်လည် ရှင်းလင်း ပြောကြားပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအား အကူအညီ ပေးနိုင်ရေးနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

    (သတင်းစဉ်)

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးမှ ဒုတိယအကြီးအကဲ Mr. Koh Chee Chian အား လက်ခံတွေ့ဆုံ

    body

     နေပြည်တော် ဇွန် ၉ ရက် 

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးမှ ဒုတိယအကြီးအကဲ Mr. Koh Chee Chian အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

    ထိုသို့ တွေ့ဆုံရာတွင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေးနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

     (သတင်းစဉ်)

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့်NIMD & DEMO FINLAND အဖွဲ့တို့ နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပ

    body

     နေပြည်တော် ဇွန် ၉ ရက် 

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် NIMD & DEMO FINLAND အဖွဲ့တို့ ရွေးကောက်ပွဲ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ MoU လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ NIMD & DEMO FINLAND အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    (သတင်းစဉ်)

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ Myanmar Egress အဖွဲ့မှ သင်တန်းသား၊ သင်တန်းသူများ လာရောက်လေ့လာ

    body

    နေပြည်တော်၊ ဇွန် ၁၅

    Myanmar Egress အဖွဲ့မှ ဦးလှထွန်းခိုင် ဦးစီးသော တာဝန်ရှိသူ (၅) ဦးနှင့် သင်တန်းသား (၄၈) ဦးတို့သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ လာရောက် လေ့လာခဲ့ကြရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ပါသည်။

    အစီအစဉ်အရ Myanmar Egress အဖွဲ့မှ ဦးလှထွန်းခိုင်က မိတ်ဆက်စကား ပြောကြားပြီး သင်တန်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပါသည်။

    ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာဒေါ်မြင့်ကြည်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဆိုင်ရာများကိုလည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ကော်မရှင်မှ ဆောင်ရွက်နေသော အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်းများကို လည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ကော်မရှင်နှင့် စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေ များကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးပါသည်။

    ယင်းနောက် သင်တန်းသားများမှ ပြည်ပရောက် မဲပေးခွင့်ရှိသူများ၊ ပြည်ပသို့ တရားဝင် သွားရောက် နေထိုင်သဖြင့် ပြည်တွင်း၌ (၁၀) နှစ် ဆက်တိုက် နေထိုင်ခြင်းမရှိသူများ မဲပေးခွင့် ရှိ/ မရှိ၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသား အမည်မဖော်ပြနိုင်၍ တခြား စာရင်းတွင် ပါဝင်သူများ အနေဖြင့် မဲပေးခွင့်ရှိ/ မရှိ၊ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်တွင် အများ ယုံကြည် လေးစားသူများကို ရွေးချယ်ခန့်အပ်ပုံ၊ ရက်ပေါင်း ၁၈၀ ကျော်လွန် နေထိုင်သူများ မဲပေးနိုင်မှု၊ ရွေးကောက်ပွဲနေ့တွင် မဲရုံတိုင်း၌ ပါတီကိုယ်စားလှယ်များ ထားရှိခွင့် ရှိ/မရှိ၊ မဲရုံများတွင် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများအား ခွင့်ပြုမည့် အတိုင်းအတာတို့အား မေးမြန်းခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကပြန်လည်ရှင်းလင်း ဖြေကြားပြီးနောက် နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် အနာဂတ်ကို ဦးဆောင်မည့် သူများမှာ လူငယ်များ ဖြစ်ကြောင်း၊ လူငယ်များကို ပြုစုပျိုးထောင် ရမည်ဖြစ်ကြောင်း၊ Myanmar Egress မှ သင်တန်းသား လူငယ်များအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး တို့ကို လေ့လာဆည်းပူး နေသည်နှင့်အညီ Vision ရှိရန်လိုကြောင်း၊ Vision ရှိမှသာ Plan ကို ချမှတ်ဆောင်ရွက် နိုင်မှာဖြစ် ကြောင်း၊ ရွေးကောက်ပွဲသည် နိုင်ငံတော်အတွက် အရေးကြီးကြောင်း၊ ကော်မရှင် အနေဖြင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲကို ကျင်းပပေးမှာဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် အခြေခံ မဲစာရင်း ပြုစုနေမှု အခြေအနေနှင့် ပြည်သူလူထု အနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ကြမည့် ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်များကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရေး ပူးပေါင်းပညာပေး ဆောင်ရွက် ကြရန် ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
    (သတင်းစဉ်)

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး မြန်မာ့ နိုင်ငံရေး သင်တန်းကျောင်း(Myanmar School of Politics) တက်ရောက် ခဲ့သည့် သင်တန်းသား ဟောင်းများ တွေ့ဆုံပွဲသို့ တက်ရောက် အမှာစကား ပြောကြား

    body

     နေပြည်တော် ဇွန် ၁၀ ရက်

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် NIMD & DEMO FINLAND တို့မှ ဖွင့်လှစ်သည့် မြန်မာ့ နိုင်ငံရေး သင်တန်းကျောင်း(Myanmar School of Politics) သို့ တက်ရောက် ခဲ့သည့် သင်တန်းသား ဟောင်းများ တွေ့ဆုံပွဲ ကို နေပြည်တော်ရှိ တော်ဝင် နေပြည်တော် ဟိုတယ်၌ ယနေ့နံနက် ၈ နာရီခွဲ တွင် ကျင်းပ ပြုလုပ် ခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ တက်ရောက်၍ အမှာစကား ပြောကြား ခဲ့ပါသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက အမှာစကား ပြောကြားရာတွင် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်ရာ၌ နိုင်ငံရေး ပါတီများ အချင်းချင်း ချစ်ခင် စည်းလုံး၍ ပူးပေါင်း ဆောင်ရွက်ခြင်းသည် အရေးကြီးကြောင်း၊ နိုင်ငံတော် အကျိုးအတွက် ပါတီများ အချင်းချင်း နားလည်မှု ရှိပြီး ပူးပေါင်း ဆောင်ရွက် နိုင်စေရန် ရည်ရွယ်၍ ယခု သင်တန်းကို ဖွင့်လှစ်ခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ပထမ ဦးဆုံး သင်တန်းကို တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့တွင် ၁၅.၁၂.၂၀၁၄ ရက်၌ စတင် ဖွင့်လှစ်ခဲ့ပြီး ဒုတိယ သင်တန်းကို မွန်ပြည်နယ် မော်လမြိုင် မြို့တွင် ၂၇.၄.၂၀၁၅ ရက်၌ ဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်း အစီရင် ခံစာအရ အကျိုး ရလဒ်ကောင်းများ တွေ့ရှိ ရပါကြောင်း၊ အနာဂတ်ကို ဦးဆောင်မည့် သူများမှာ လူငယ်များ ဖြစ်၍ အားထားပါကြောင်း၊ လူငယ်များ အနေဖြင့် ပညာတတ်မှ ကျန်းမာမှ နိုင်ငံတော်၏ ဖွံ့ဖြိုး တိုးတက်ရေး တာဝန်များကို ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ ယနေ့ တာဝန် ရှိသူများ အနေဖြင့် လူငယ်များကို ပြုစု ပျိုးထောင် ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ရွေးကောက်ပွဲ အတွေ့အကြုံ ဗဟုသုတပိုင်း အားနည်းကြောင်း၊ လွတ်လပ်ရေး ရပြီး ၆၇ နှစ် အတွင်းတွင် ရွေးကောက်ပွဲ အတွေ့အကြုံ ၅ကြိမ် သာရှိကြောင်း၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပ ခဲ့သော်လည်း ကော်မရှင်၊ နိုင်ငံရေး ပါတီများနှင့် လူထုမှာ ရွေးကောက်ပွဲ အရေးကြီးပုံ နှင့် အနှစ်သာရ ကို တိတိကျကျ သိရှိ နားလည်ခြင်းမရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲ ဆိုသည်မှာ လူထု၏ အချုပ်အခြာ အာဏာကို နိုင်ငံ တစ်ဝှမ်း ပျံ့နှံ့စေရန် အတွက် ပြည်သူလူထု မှ ကိုယ်စားလှယ် များကို ရွေးကောက် တင်မြှောက်၍ လွှတ်တော်တွင် အာဏာသုံးရပ် ကို ဆောင်ရွက် စေခြင်းဖြစ်ကြောင်း၊ လူထုက လွှတ်တော် ကိုယ်စားလှယ်များ ကို ရွေးကောက် တင်မြှောက်ရာတွင် လူတော်လူကောင်း များ ရွေးချယ်ရန် လိုကြောင်း၊ သို့မှသာ လွှတ်တော် အတွင်းသို့ အရည်အချင်း ပြည့်ဝသော ကိုယ်စားလှယ်များ ရောက်ရှိပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ အစိုးရ ဆိုသည်မှာ တစ်ဦး တစ်ယောက်၏ အစိုးရ မဟုတ်ဘဲ အာဏာရ ပါတီသာလျှင် ဖြစ်ကြောင်း၊ ပါတီများ အနေဖြင့် မိမိပါတီ အာဏာ ရရှိပါက နိုင်ငံတော် တည်ဆောက်ရေး အတွက် မူဝါဒများ ချမှတ်ပြီး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ အတိုက်အခံ ပါတီ အနေဖြင့် အာဏာရ ပါတီ၏ လုပ်ဆောင်ချက်ကို စောင့်ကြည့်ပြီး လိုအပ်ချက်ကို ထောက်ပြ တည့်မတ် ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊

    အာဏာရ ပါတီ၏ လုပ်ဆောင်ချက်ကို အဆိုးမြင် ဆန့်ကျင်ပြီး ပူးပေါင်း ဆောင်ရွက်မှု မရှိပါက နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ရှိမည် မဟုတ်ကြောင်း၊ ပါတီဝင်များ အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် နိုင်ငံတကာ ရေးရာ အမြင် စသည့် အမြင် ၅ မြင်ရှိရန် လိုကြောင်း၊ နိုင်ငံရေး ပါတီများ အနေဖြင့် မိမိ ပါတီဝင် များ၏ စွမ်းဆောင်မှု အရည်အသွေး ကို တိုးတက်အောင် အစဉ် မြှင့်တင် နေရမည် ဖြစ်ကြောင်း ပြောကြားသည်။

    ယင်းနောက် ဖင်လန်နိုင်ငံ Green Party မှ လွှတ်တော် ကိုယ်စားလှယ် Ms. Helli Jarvinen က လွှတ်တော်အတွင်း အမျိုးသမီး ကိုယ်စားလှယ်များ ပါဝင်မှု မြှင့်မားစေရန် ဆန္ဒ ရှိကြောင်း၊ မိမိပါတီ သို့မဟုတ် အခြားပါတီ မှ အမျိုးသမီး များ ပိုမို ပါဝင်ရေးကို ဆောင်ရွက် ကြရန်လိုကြောင်း၊ နယ်သာလန် နိုင်ငံ Labour Party မှ လွှတ်တော် ကိုယ်စားလှယ် Mr. Michiel Servaes က နိုင်ငံရေး ဆိုသည်မှာ ပွင့်လင်းသည့် စကား စစ်ထိုးပွဲ ဖြစ်ကြောင်း၊ တက်ရောက်လာသည့် ပါတီဝင်များ အနေဖြင့် ကော်မရှင်၏ တာဝန်ယူ ရမှုများကို သိရှိရန်လိုကြောင်း၊ သင်တန်းသားများ အနေဖြင့် အနာဂတ်၏ ကြယ်ပွင့်များ ဖြစ်သဖြင့် ကြိုးစား လေ့လာရန် လိုကြောင်း ပြောကြားပြီး တွေ့ဆုံပွဲအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
    (သတင်းစဉ်)

     

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး နယူးဇီလန်နိုင်ငံသံရုံးယာယီတာဝန်ခံ Mr. Mike Burrel နှင့်အဖွဲ့ အား လက်ခံတွေ့ဆုံ

    body

     နေပြည်တော် ဇွန် ၉ ရက်

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် နယူးဇီလန် နိုင်ငံသံရုံး ယာယီတာဝန်ခံ Mr. Mike Burrel နှင့် အဖွဲ့ အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

    ထိုသို့ တွေ့ဆုံရာတွင် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

  • ရွေးကောက်ပွဲ လုပ်ငန်းစဉ် ဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲကျင်းပ

    body

     နေပြည်တော် ဇွန် ၁၇ 

    ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဦး တင်အေးနှင့် ကော်မရှင် အဖွဲ့ဝင် များ၊ ကော်မရှင် အတွင်းရေးမှူး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ကာကွယ်ရေး ဝန်ကြီး ဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

    အစီအစဉ်အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ကော်မရှင်မှ ဆောင်ရွက်နေသော အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်းများကို လည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးညွန့်တင်က ရွေးကောက်ပွဲများ ကျင်းပခြင်း၊ ဆန္ဒမဲပေးခြင်း၊ ကြိုတင် ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်း ဆွေးနွေးပါသည်။

    ယင်းနောက် တက်ရောက် လာသူများ၏ မေးမြန်းချက် များအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ရှင်းလင်း ပြောကြားပြီး နိဂုံးချုပ် ပြောကြားရာတွင် အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုရာ၌ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် အပြောင်း အရွှေ့များရှိ၍ စာရင်း ကောက်ယူမှု မရှိသေးကြောင်း၊ မကြာခင်ကာလတွင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများအား ညွှန်ကြားချက် ထုတ်ပြန်၍ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အတူနေ အိမ်ထောင်စုဝင်များ၏ မဲစာရင်းကို တောင်းယူ သွားမည်ဖြစ်ကြောင်း၊ ၎င်းအချိန်တွင် တပ်များက မဲစာရင်းများကို ပေးရန်လိုကြောင်း၊ မဲစာရင်း ကပ်သည့် အခါတွင်လည်း သွားရောက် ကြည့်ရှု၍ မဲစာရင်းတွင် မပါက လျှောက်ထားခြင်း၊ အချက်အလက်များ မှားယွင်းနေကပြင်ဆင်ခြင်း၊ မပါသင့်သူများ ပါနေပါက ကန့်ကွက် ခြင်းတို့ကို ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ ကြိုတင် မဲပေးခွင့် ရှိသူများမှအပ မဲရုံသို့ ကိုယ်တိုင် လာရောက် မဲပေးရမည် ဖြစ်ကြောင်း၊ ကြိုတင်မဲ ပေးခြင်းတွင် အပိုင်း နှစ်ပိုင်း ရှိကြောင်း၊ တစ်ပိုင်းမှာ တပ်ထဲတွင် ရှိသော်လည်း ရွေးကောက်ပွဲ ကျင်းပသောနေ့၌ ယာယီ တာဝန်သွားရန်ရှိက ရပ်ကွက်/ ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲကဆောင်ရွက် သော ကြိုတင်မဲ ပေးခြင်းကို သတ်မှတ် ထားသည့်ရက် (၂) ရက်တွင် ဆောင်ရွက်နိုင်ကြောင်း၊ နောက်တစ်ပိုင်းမှာ မဲဆန္ဒနယ် ပြင်ပ ရှေ့တန်းရောက် တပ်မတော်သားများ ကြိုတင်မဲ ပေးခြင်းဖြစ်ကြောင်း၊ ၎င်းရှေ့တန်းရောက် တပ်မတော်သားများ မဲပေးနိုင်ရန် ကြိုတင် မဲစာရင်းကို မြို့နယ် ကော်မရှင် အဖွဲ့ခွဲသို့ ပေးပို့ရမည် ဖြစ်ကြောင်း၊ မြို့နယ် ကော်မရှင် အဖွဲ့ခွဲမှ ပုံစံ (၁-၂) ဖြင့် မှတ်တမ်းတင် ထားမည် ဖြစ်ပြီး ကြိုတင် ဆန္ဒမဲ လက်မှတ်များ ရရှိပါက ရှေ့တန်းရောက် တပ်မတော်သားများ ထံသို့ ပေးပို့ရမည် ဖြစ်ကြောင်း၊ ကြိုတင် ဆန္ဒမဲ ပေးပြီးသော မဲလက်မှတ်များကို မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံးသို့ ရွေးကောက်ပွဲ ကျင်းပသည့်နေ့ ညနေ ၄ နာရီ မဲရုံပိတ်ချိန် မတိုင်မီ အရောက်ပေးပို့ ရမည်ဖြစ်ကြောင်း၊ ညနေ(၄) နာရီ နောက်ပိုင်း ရောက်ရှိသည့် ကြိုတင် မဲလက်မှတ်များသည် ပယ်မဲ ဖြစ်မည် ဖြစ်ကြောင်း၊ မဲရုံ တည်ဆောက်ခြင်းနှင့် ပတ်သက်၍ တပ်တွင်းရှိ စာသင်ကျောင်းများတွင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကပြုလုပ်ခဲ့ကြကြောင်း၊ တပ်တွင်းကျောင်းတွင် မဲရုံဖွင့်က မဲရုံများသို့ လာရောက်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ မဲရုံ ကိုယ်စားလှယ်များ၊ မီဒီယာများ၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့ များ၊ လေ့လာ လိုသော လုပ်သား ပြည်သူများကို လာရောက်ခွင့် ပြုရမည် ဖြစ်ကြောင်း၊ လုံခြုံရေး အရ သွားရောက်ခွင့် မပြုနိုင်သည့် နေရာများကို ကန့်သတ် ထားနိုင်ကြောင်း၊ လုံခြုံရေး အရ တပ်တွင်းသို့ ဝင်ရောက်ခွင့် မပြုနိုင်ပါက မဲရုံများကို တပ်ပြင်ပ (သို့မဟုတ်) ရပ်ကွက်/ ကျေးရွာအုပ်စု မဲရုံများတွင် မဲပေးရမည် ဖြစ်ကြောင်း၊ တပ်တွင်းရှိ တပ်မတော်သားများနှင့် မိသားစုဝင်များသည် ၎င်းမဲရုံများသို့ ကိုယ်တိုင် သွားရောက် မဲပေးရမည် ဖြစ်ကြောင်း၊ မဲရုံများတွင် မဲပေးသူများ အနေဖြင့် တံဆိပ်တုံး နှိပ်ပေးရမှာ ဖြစ်သော်လည်း ရှေ့တန်းရောက် တပ်မတော်သားများနှင့် မဲဆန္ဒနယ် ပြင်ပရှိ ကြိုတင်မဲများ အနေဖြင့် အမှန်ခြစ်၍ ပေးရမှာ ဖြစ်ကြောင်း၊

    နိုင်ငံခြားရေး ဝန်ကြီးဌာန အနေနှင့် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံ ပြင်ပ ရောက်ရှိနေသော နိုင်ငံသားများနှင့် ပတ်သက်၍ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများအား မဲပေးနိုင်ရန် ပုံစံ (၁၅) များ ကော်မရှင်မှ ဖြန့်ဖြူးပေးရမည် ဖြစ်သော်လည်း နောက်ကျမှု မရှိစေရန် မြန်မာနိုင်ငံ သံရုံးများသို့ ပုံစံ (၁၅) CD များ ဖြန့်ဝေထားပြီး ဖြစ်ကြောင်း၊ Online မှ download ရယူနိုင်ကြောင်း ကိုလည်း ပြောကြားထားပြီး ဖြစ်ကြောင်း၊ ပုံစံ (၁၅) များကို ဖြန့်ဝေရာတွင် ကော်မရှင်ကို အချိန်မီ ပေးပို့နိုင်ရေးအတွက် ပြန်လည် အပ်နှံရမည့် အချိန် ကန့်သတ်ပေးရန် လိုကြောင်း၊ နိုင်ငံခြားသို့ တရားဝင် ရောက်ရှိ နေသူများ စာရင်းကို ယခင် ကတည်းက ကြိုတင် ပြုစုထားရှိရန် သံရုံးများသို့ ပြောကြား ထားသဖြင့် ပြုစုပြီး စာရင်းများ ကော်မရှင်သို့ ပေးပို့ ရရှိထားပြီး ဖြစ်ကြောင်း၊ ဆက်လက်၍ စာရင်း ပြုစုလျက် ရှိသည်ကို သိရှိရကြောင်း၊ သက်ဆိုင်ရာ မြို့နယ် မဲဆန္ဒနယ်များ အလိုက် စုစည်းပြီး မဲစာရင်းတွင် ပါရှိရေး ဆောင်ရွက်လျက် ရှိကြောင်း၊ သံရုံးများ အနေဖြင့် မဲပေးနိုင်ရေးကို သံရုံး Website နှင့် ကြော်ငြာဘုတ်များတွင် ကပ်ထားရန် လိုကြောင်း၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့များ ဖိတ်ကြားထားကြောင်း၊ စောင့်ကြည့် လေ့လာရေး အဖွဲ့များတွင် Long Term, Short Term Observer များ၊ အာဆီယံ နိုင်ငံများ၏ ရွေးကောက်ပွဲ ဆိုင်ရာ အဖွဲ့အစည်းများအား လေ့လာရန် ဖိတ်ကြား သွားမည် ဖြစ်ကြောင်း၊ ၎င်းတို့၏ ပြည်ဝင်ခွင့် ဗီဇာ ရရှိရေးအတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ Long Term Observer များကို MOU လက်မှတ် ရေးထိုးစေပြီး ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး Code of Conduct များကို လိုက်နာစေမှာ ဖြစ်ကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်း Procedure များကို ပေးထားကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏ မူဝါဒနှင့် လိုက်နာရမည့် အချက်များ ရှိပါက အကြံပြု ပြောကြားရန် လိုကြောင်း၊ Long Term Observer များအတွက် စောင့်ကြည့် လေ့လာရေး ကာလကို ရွေးကောက်ပွဲ ကျင်းပမည့်နေ့ သတ်မှတ် ကြေညာသည်မှ လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကြိမ်ဆို ပြီးသည်အထိ သတ်မှတ်ထားကြောင်း၊ ပြည်ပမှ ကြိုတင် ဆန္ဒမဲများပြန်လည် ပေးပို့ရာတွင်လည်း ရွေးကောက်ပွဲနေ့ ညနေ ၄ နာရီမတိုင်မီ သက်ဆိုင်ရာ မြို့နယ် ကော်မရှင် အဖွဲ့ခွဲများသို့ အချိန်မီ ရောက်ရှိရေး အတွက် အချိန်တွက်ချက် ဆောင်ရွက်ရန် လိုကြောင်း၊ မဲဆန္ဒရှင်များ ဆန္ဒမဲပေးခြင်းကို သက်ဆိုင် ရာ သံရုံး အကြီးအမှူး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံး အကြီးအမှူး၊ ကောင်စစ်ဝန်ရုံး အကြီးအမှူး တို့က တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လျှို့ဝှက်မဲပေး စနစ်ဖြင့် ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် နိုင်ငံအတွက် အသက်တမျှ အရေးကြီးကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ဘက်လိုက်မှု မရှိဘဲ ကျင်းပ ပေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံ ပြင်ပ ရောက်ရှိနေသော နိုင်ငံသားများ မဲပေးခွင့် မဆုံးရှုံးရအောင် ဆောင်ရွက်ပေးရန် လိုကြောင်း၊ တပ်မတော် အနေဖြင့် စစ်ဘက် ဥပဒေနှင့် နယ်ဘက် ဥပဒေ များကို လိုက်နာရ သည်နှင့်အညီ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ များကိုလည်း လေးစား လိုက်နာ ပြီး တိတိကျကျ ဆောင်ရွက် သွားကြရန် လိုကြောင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက် ကြောင်းသတင်းရရှိသည်။
    ( သတင်းစဉ် )

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် မဲပေးရေးအစီအစဉ်များတွင် မသန်စွမ်းသူများ ပိုမိုပါဝင်ခွင့် ရရှိလာရေး ဒုတိယ အကြိမ်မြောက် ဆွေးနွေးပွဲသို့ တက်ရောက် အမှာစကားပြောကြား

    body

    နေပြည်တော် ဇွန် ၁၇ ရက်

    ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် မဲပေးရေး အစီအစဉ် များတွင် မသန်စွမ်းသူများ ပိုမိုပါဝင်ခွင့် ရရှိလာရေး ဒုတိယ အကြိမ်မြောက် ဆွေးနွေးပွဲကို နေပြည်တော်ရှိ Sky Palace ဟိုတယ်၌ ယနေ့ ညနေ ၆ နာရီခွဲတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ NGO များ၊ IFES မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက အမှာစကား ပြောကြား ရာတွင် မြန်မာနိုင်ငံ အနေဖြင့် မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ သဘောတူ စာချုပ်ကို ၂၀၁၁ ခုနှစ် ကတည်းက လက်မှတ် ရေးထိုးခဲ့ကြောင်း၊ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် မသန်စွမ်းသူများ တန်းတူ မဲပေးပိုင်ခွင့်နှင့် ကိုယ်တိုင် ရွေးချယ်ခံပိုင်ခွင့် ရရှိရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပြီး မသန်စွမ်းသူများ အတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပါကြောင်း၊

    ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ၂၀၁၃ ခုနှစ် မဟာဗျူဟာ စီမံကိန်းကို ချမှတ် ရေးဆွဲရာတွင်လည်း မသန်စွမ်းသူများ အနေဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၌ ပါဝင်မှု မြှင့်တင်နိုင်ရန် ကဏ္ဍ တစ်ရပ်အဖြစ် ထည့်သွင်းရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် လူမှု အဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးများသို့လည်း မသန်စွမ်းသူ အဖွဲ့အစည်းများကို ဖိတ်ကြား တက်ရောက်စေပြီး လိုအပ်သော အကြံပြု ဆွေးနွေးမှုများကို ဆောင်ရွက် စေခဲ့ပါကြောင်း၊ လွှတ်တော် ရွေးကောက်ပွဲများ၏ နည်းဥပဒေများ၊ လုပ်ငန်း လမ်းညွှန်များအား ပြန်လည် လေ့လာ ပြင်ဆင် ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ၏ အဓိပ္ပါယ် ဖော်ပြချက်၊ မဲစာရင်း ပြုစုရာတွင် မသန်စွမ်းသူများ ကိုပါ ထည့်သွင်းပြုစုရေး၊ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရေး၊ မဲရုံများ တည်ဆောက်ရာတွင် မသန်စွမ်းသူများ လွယ်ကူစွာ မဲပေးနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ရေး၊ ဆန္ဒမဲပေးရာတွင်လည်း ၎င်းတို့ကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်သော သူတစ်ဦး၏ အကူအညီဖြင့် ဆန္ဒမဲပေး နိုင်ရေးတို့ကို ပြင်ဆင် ထည့်သွင်း ရေးဆွဲခဲ့ ပါ ကြောင်း၊ ကော်မရှင် အနေဖြင့် မသန်စွမ်းသူများ ဆန္ဒမဲပေးရာမှာ ပိုမို အဆင်ပြေ လွယ်ကူစေရေး အတွက် အစဉ်အမြဲ စဉ်းစား ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်တို့ တွေ့ဆုံသည့် အစည်းအဝေးများတွင် မသန်စွမ်းသူများ မဲစာရင်းကို သီးခြား ပြုစုနိုင်ရေး၊ မသန်စွမ်းသူ ဦးရေများသည့် ဒေသများတွင် မဲရုံ သီးသန့် တည်ဆောက်နိုင်ရေး တို့ကို ညွှန်ကြား လျက်ရှိပါကြောင်း၊ မျက်မမြင် မသန်စွမ်းသူများ အတွက် မျက်မမြင် စာပေဖြင့် မဲလက်မှတ် ရိုက်နှိပ်နိုင်ရေး ကိုလည်း စဉ်းစား ဆောင်ရွက်လျက် ရှိပါကြောင်း၊

    ၎င်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုဆွေမှ မသန်စွမ်းသူများ ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဆောင်ရွက်နေသောဌာနဖြစ်ပါကြောင်း၊ နိုင်ငံတကာ မှ ချမှတ်ထားသော လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ မသန် စွမ်းသူတစ်ဦးချင်းစီ၏ စွမ်းရည်ကို နိုင်ငံတော်တည်ဆောက်ရေးတွင် စွမ်းအားတစ်ရပ်အဖြစ် ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး မသန်စွမ်းသူများအတွက် အတားအဆီးကင်းမဲ့သော စံပြမဲရုံများ ဖြစ်ပေါ်လာရေး၊ မျက်မမြင် မသန်စွမ်း သူများအတွက် မဲလက်မှတ်ပုံစံနှင့် ပတ်သက်၍ ဦးဇော်လင်းထွန်းကလည်းကောင်း၊ အကြားအာရုံချို့တဲ့သည့် မသန်စွမ်းသူများအတွက် အဆင်ပြေနိုင်မည့်မဲရုံပုံစံနှင့် မဲရုံများတွင် နားမကြားသူများအတွက် သင်္ကေတပိုစတာများ ကပ်ထားပေးရေးကို ဦးကျော်ကျော်ကလည်းကောင်း၊ ကိုယ်အဂၤါ မသန်စွမ်းသူများအဆင်ပြေနိုင်မည့်မဲရုံပုံစံကို ဦးအောင်သိုက်ဝင်းကလည်းကောင်း၊ ဉာဏ်ရည် မသန်စွမ်းသူများ အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် ဦးကောင်းထက်နိုင်ကလည်းကောင်း ဆွေးနွေးကြပါသည်။

    ယင်းနောက် မသန်စွမ်းသူ နိုင်ငံသားများ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် မဲပေးရေး အစီ အစဉ်များတွင် ပိုမိုပါဝင်ခွင့် ရရှိလာနိုင်ရေး အတွက် မသန်စွမ်း အဖွဲ့အစည်းများမှ ရှေ့ဆက်လုပ် ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ ဦးနေလင်းစိုးက ရှင်းလင်း တင်ပြပါသည်။

    ရှင်းလင်း ဆွေးနွေး ချက်များအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ရှင်းလင်း ဆွေးနွေးပြီး တက်ရောက် လာသူများကလည်း အကြံပြု ဆွေးနွေးကြပါသည်။

    ၎င်းနောက် ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး ကော်မတီ ဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ရွှေပြည်သာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက နိဂုံးချုပ် အနေဖြင့် မသန်စွမ်းသူများ အဖွဲ့နှင့် ၂၀၁၀ ခုနှစ်မှ စတင်တွေ့ရှိခဲ့ကြောင်း၊ မသန်စွမ်းသူ ၂.၃ သန်း၏ အရေးကိစ္စကို ဝိုင်းဝန်း ဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားပြီး ဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။
    (သတင်းစဉ်)

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H. E. Mr. Derek Mitchell နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော် ဇွန် ၂၄ ရက်

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H. E. Mr. Derek Mitchell နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

    ထိုသို့တွေ့ဆုံရာတွင် အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုဆောင်ရွက်နေမှုနှင့် ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

    (သတင်းစဉ်)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ