အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့
Filter
  • ၁၂-၇-၂၀၁၇ ရက်နေ့တွင်ကြားနာစစ်ဆေးမည့်ကန့်ကွက်လွှာအမှုများစာရင်း

    {edocs}photo/news_photos/12-7-2017/1272017.pdf,100%,900{/edocs}

  • ၁၁-၇-၂၀၁၇ ရက်နေ့တွင်ကြားနာစစ်ဆေးမည့် ကန့်ကွက်လွှာအမှုများစာရင်း

    {edocs}photo/news_photos/11-7-2017/1172017.pdf,100%,900{/edocs}

  • ၂၁-၇-၂၀၁၇ ရက်နေ့တွင်ကြားနာစစ်ဆေးမည့် ကန့်ကွက်လွှာအမှုများစာရင်း

    {edocs}photo/news_photos/6-7-2017/672017.pdf,100%,900{/edocs}

  • ၁၀-၇-၂၀၁၇ ရက်နေ့တွင်ကြားနာစစ်ဆေးမည့် ကန့်ကွက်လွှာအမှုများစာရင်း

    {edocs}photo/news_photos/3-7-2017/372017.pdf,100%,900{/edocs}

  • စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၉)၊ (၁၀) နှင့် (၁၁) တို့အား သြဂုတ် ၃၀ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်

    body

    နေပြည်တော် ဇူလိုင် ၂၇

    ၁။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးမောင်မောင်ဖြူ (ရခိုင်အမျိုးသားပါတီ)က ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အပေါ် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊၆၈၊ နည်းဥပဒေ ၈၇၊ ၈၈ တို့အရ ၂၃-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေး စေခဲ့သည်။ ၂၀၁၆ ခုနှစ် ဇွန် ၁၃ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ခုံအဖွဲ့ဝင်များအဖြစ် ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင် တို့ပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့ (၂)က လျှောက်ထားခံရသူ ဦးဝင်းနိုင်အား ရွေးကောက် တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ အတည်ဖြစ်လျက်ရှိကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်ကြောင်းဆုံးဖြတ်ချက် (အမိန့်) ချမှတ် ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးမောင်မောင်ဖြူမှ ကျေနပ်မှုမရှိသဖြင့် ၂၀၁၆ ခုနှစ် ဇွန် ၂၈ ရက်နေ့ တွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) အရ အယူခံမှုလျှောက်ထား တင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၉/၂၀၁၆)ဖြင့် လက်ခံ ခဲ့ပြီးဖြစ်သည်။

    ၂။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ရွေးကောက်ပွဲကန့်ကွက်လွှာအယူခံမှုအမှတ် (၉/၂၀၁၆) ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၉/၂၀၁၆) ကို ၂၀၁၆ ခုနှစ် ဇူလိုင် ၂၇ ရက် (ဗုဒ္ဓဟူးနေ့)တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော် သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ် သြဂုတ် ၃၀ ရက် (အင်္ဂါနေ့) နံနက် ၁၀:၀၀ နာရီအချိန်တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့် ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

    ၃။ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးခေါဘောမ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင် [စည်းလုံး ညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)] အပေါ် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ တို့အရ ၂၂-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလက်ခံခဲ့ပြီး ရွေးကောက်ပွဲ ခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ၂၀၁၆ ခုနှစ် ဇွန် ၁၄ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ခုံအဖွဲ့ဝင်များအဖြစ် ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင် တို့ပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့ (၂) က လျှောက်ထား ခံရသူ ဦးဇခုန်ယိန်းဆောင်အား ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ အတည်ဖြစ်လျက်ရှိကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးခေါဘောမ်၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်ကြောင်းဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးခေါဘောမ်မှ ကျေနပ်မှုမရှိသဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင် ၆ ရက်နေ့တွင် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) အရ အယူခံမှုလျှောက်ထားတင်ပြလာရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁၀/၂၀၁၆) ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။

    ၄။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ရွေးကောက်ပွဲကန့်ကွက်လွှာအယူခံမှုအမှတ် (၁၀/၂၀၁၆) ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၀/၂၀၁၆) ကို ၂၀၁၆ ခုနှစ် ဇူလိုင် ၂၇ ရက် (ဗုဒ္ဓဟူးနေ့)တွင် နှစ်ဖက်လျှောက်လဲချက်များနှင့်ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ ၏ ဥပဒေအကြံဉာဏ် ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ် သြဂုတ် ၃၀ ရက် (အင်္ဂါနေ့)တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့် ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

    ၅။ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစံဝေခေါင်လွမ်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က ကချင် ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) မှ ရွေးကောက်တင်မြှောက်ခံရသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း (တစ်သီးပုဂ္ဂလ)အပေါ် အမျိုးသား လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ၆၈ နှင့် နည်းဥပဒေ ၈၇ အရ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁ ရက် နေ့တွင် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကန့်ကွက်လွှာ အမှုအမှတ် (၂/၂၀၁၅)ဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၅)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးယောနာ(တစ်သီးပုဂ္ဂလ)က အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၈ အရ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကန့်ကွက်လွှာတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကန့်ကွက်လွှာအမှု အမှတ် (၄၁/၂၀၁၅)ဖြင့် လည်းကောင်းလက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့များဖြင့် ကြားနာစစ်ဆေးခဲ့သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ကန့်ကွက်လွှာမှုအမှတ် (၂/၂၀၁၅) နှင့် (၄၁/၂၀၁၅) တို့အား လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၉ (င) အရ ကန့်ကွက်လွှာ အမှုအမှတ်(၂)ဖြင့် တစ်ပေါင်းတည်း ဆက်လက်ကြားနာ စစ်ဆေးခဲ့ သည်။

    ၆။ ၂၀၁၆ ခုနှစ် ဇွန် ၂၄ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ် (ဥက္ကဋ္ဌ)အဖြစ်ဆောင်ရွက်ပြီး ခုံအဖွဲ့ဝင်များအဖြစ် ဦးသောင်းလှိုင် နှင့် ဦးဇော်လင်းမောင်တို့ ပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့(၂)က လျှောက်ထားခံရသူ ဦးဇခုန်တိန့်ယိန်းသည် တရားမဲ့ ပြုကျင့်မှုများကြောင့် ရွေးကောက်တင်မြှောက်ခံရခြင်းဖြစ်၍ ပျက်ပြယ်ကြောင်း ဆုံးဖြတ်ချက် (စီရင်ချက်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားခံရသူ ဦးဇခုန်တိန့်ယိန်းမှ ကျေနပ်မှုမရှိသဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၄(က) အရ အယူခံမှု လျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှု အမှတ်(၁၁/၂၀၁၆)ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။

    ၇။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုအမှတ် (၁၁/၂၀၁၆) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံး ရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၁/၂၀၁၆) ကို ၂၀၁၆ ခုနှစ် ဇူလိုင် ၂၇ ရက်(ဗုဒ္ဓဟူးနေ့) တွင် နှစ်ဖက် လျှောက်လဲချက်များနှင့်ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ် ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ် သြဂုတ် ၃၀ ရက် (အင်္ဂါနေ့)တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့် ချမှတ်မည်ဖြစ်သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၂၅) အား စီရင်ချက် (အမိန့်) ချမှတ်

    body1

    နေပြည်တော် ဇူလိုင် ၂၆

    ၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝေဖြိုးက စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့်အပေါ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်း၊ လျှောက်ထားခံရသူ သည် ရွေးချယ်ခံရကြောင်း ကြေညာခွင့်ရထိုက်သူမဟုတ်ဟု ဆုံးဖြတ်၍ လျှောက်ထားသူအား ခိုင်လုံ မဲအများဆုံးရရှိသူဖြစ်ကြောင်းနှင့် ရွေးကောက်ခံရသူဖြစ်ကြောင်း ကြေညာပေးပါရန် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈နှင့် နည်းဥပဒေ ၈၇ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက် လွှာအမှု အမှတ် (၂၅/၂၀၁၅) ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့သည်။

    ၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးခင်မောင်ဝင်းနှင့် ဦးကျော်သူတို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၄) က ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်း မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးသန်းညွန့်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်သည်ဟု ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးဝေဖြိုးက တရားစရိတ်ငွေကျပ် နှစ်သိန်းအား လျှောက်ထားခံရသူ ဦးသန်းညွန့် အားပေးစေရန် အမိန့်ချမှတ်ခဲ့သည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဒဂုံတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ

    body

    နေပြည်တော် ဇူလိုင် ၂၆

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက် လေ့လာသော ဒဂုံတက္ကသိုလ်၊ ဥပဒေပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာ သင်းသင်းမော် ဦးဆောင်သည့် ဆရာ၊ ဆရာမ (၁၀)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၁၃၆)ဦးတို့အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

    အစီအစဉ်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်ဖွဲ့စည်းမှု၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များအား ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာတွေ့သီအိုရီပိုင်းသာမက လက်တွေ့ပိုင်းကိုပါ လေ့လာထိတွေ့မှု ရှိရန်လိုကြောင်း၊ လုပ်ငန်းခွင် ပိုင်း ထိတွေ့မှုရှိမှသာ လုပ်ငန်းခွင် ရောက်ရှိသည့်အခါ ဦးဆောင်ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ အဓိကမှာ ကြိုးစားရန် ရိုးသားရန်နှင့် စေတနာထား ဆောင်ရွက်ရန်လိုကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဟူသည့် ဆောင်ပုဒ်အတိုင်း ယနေ့လာရောက်သည့် လူငယ်များအနေဖြင့် နောင်တချိန် လူကြီးဖြစ်လာသည့်အခါ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သီအိုရီပိုင်းသာမက လက်တွေ့နယ်ပယ်မှာပါ အလေးအနက်ထား လေ့လာရန် လိုအပ်ကြောင်း၊ ဘွဲ့ရသွားသည့် အခါတွင်လည်း လုပ်ငန်း ခွင်များသို့ သွားရောက်လေ့လာကြရန်နှင့် နောင်တချိန်တွင် တိုင်းပြည်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။

    ၎င်းနောက် ဒေါက်တာ သင်းသင်းမော်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ရွေးကောက်ပွဲခုံအဖွဲ့ ဖွဲ့စည်းမှု၊ ရွေးကောက်ပွဲအငြင်းပွားမှုများ စစ်ဆေးကြားနာမှုတို့အား ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်သည့် ဦးစိုးရယ်၊ ဦးထွန်းခင် နှင့် ဦးလှတင့်တို့က ဖြည့်စွက်ရှင်းလင်း ပြောကြားပါသည်။

    ယင်းနောက် တက်ရောက်လာသည့် ဆရာနှင့် ကျောင်းသားများမှ ကော်မရှင်အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲ တွင် လူငယ်များ၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲကော်မရှင်မှ ဆောင်ရွက်ပေးနိုင်မှု မေးခွန်းများနှင့် စပ်လျဉ်း၍ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းကလည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ (Right to Recall Law) နှင့်စပ်လျဉ်း၍ မေးမြန်းချက်ကို ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်ကလည်းကောင်း ပြန်လည်ရှင်းလင်း ဖြေကြား ပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်း အနားကိုရုပ်သိမ်းခဲ့ပါသည်။

    ၎င်းနောက် ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများသည် ရွေးကောက်ပွဲ ခုံရုံးတရားခွင်များ၌ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများအား စစ်ဆေးကြားနာ အမိန့်ချမှတ် နေမှုများကို အဖွဲ့ (၄)ဖွဲ့ခွဲ၍ လေ့လာခဲ့သည်။

  • ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းရေးဆိုင်ရာ ကြေညာချက်

    {edocs}photo/news_photos/24-7-2016/Declare III.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုအမှတ် (၇)နှင့် (၈)အား ဆုံးဖြတ်ချက် (အမိန့်) များ ချမှတ်ခြင်း

    body

    နေပြည်တော် ဇူလိုင် ၂၂

    ၁။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ ၁၀၀ အရတင်သွင်း လာသည့် ရွေးကောက်ပွဲကန့်ကွက်လွှာ ပြင်ဆင်မှုအမှတ် (၂/၂၀၁၆) လျှောက်ထားသူ ဦးစိုးစိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ လျှောက်ထားခံရသူ ဦးမောင်မောင် (အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ)၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၄(က) နှင့် နည်းဥပဒေ ၁၀၀ အရ တင်သွင်းလာသည့် ရွေးကောက်ပွဲကန့်ကွက်လွှာ ပြင်ဆင်မှုအမှတ် (၃/၂၀၁၆) လျှောက်ထားသူ ဦးစန်းမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ လျှောက်ထားခံရသူ ဦးသိန်းဟန်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) တို့၏ အမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်နှင့် ဦးထွန်းခင် တို့ပါဝင်သည့် ပြင်ဆင်မှုခုံရုံးက ၂၀၁၆ ခုနှစ် ဇွန် ၁၄ ရက်တွင် ရုံးထိုင်ကြားနာစစ်ဆေးခဲ့ရာ လျှောက်ထားသူဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ချိုက ပြင်ဆင်မှုအစားအယူခံမှု အဖြစ် လျှောက်ထားတင်ပြခဲ့မှုအား ခုံရုံးကလက်ခံခဲ့ပြီးဖြစ်ပါသည်။

    ၂။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ တင်သွင်းသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ အယူခံမှုအမှတ် (၇/၂၀၁၆) နှင့် (၈/၂၀၁၆) တို့ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်နှင့် ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံးက၂၀၁၆ ခုနှစ် ဇူလိုင် ၈ ရက်တွင် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၀ အရ ပြည်ထောင်စု ရှေ့နေချုပ် သို့မဟုတ် ကိုယ်စားဆောင်ရွက်စေရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ သင့်လျော်သော ဥပဒေအရာရှိအဆင့် (၁) အောက်မနိမ့်သည့် ပုဂ္ဂိုလ်အား ရုံးတော်သဟာယအဖြစ် ဖိတ်ကြားလျက် နှစ်ဖက်လျှောက်လဲချက်များနှင့် ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာခဲ့ ပါသည်။

    ၃။ အဆိုပါ ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုအမှတ် (၇) နှင့် (၈) တို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်နှင့် ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးက ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၂ ရက်နေ့တွင် လျှောက်ထားသူ တို့၏ အယူခံမှုများကို ခွင့်ပြု၍ မူလခုံအမှတ် (၄) ၏ ၁၂-၅- ၂၀၁၆ ရက်စွဲပါ အမိန့်နှင့် ယင်းအမိန့်နှင့် ဆက်စပ်သော ၂၆-၅-၂၀၁၆ အမိန့်များကို ပယ်ဖျက်လိုက်သည်။

    ၄။ မူလခုံအမှတ် (၄) သည် မူလကန့်ကွက်လွှာအမှုများကို ပြန်လည်ဖွင့်လှစ်၍ ဆက်လက် ကြားနာ စစ်ဆေးသွားရန်နှင့် ၁၂-၅-၂၀၁၆ ရက်နေ့တွင် လျှောက်ထားသူတို့ဘက်မှ ရုံးချိန်း ပျက်ကွက်ရသည့်အတွက် လျှောက်ထားခံရသူတို့ဘက်အား ရွှေ့ဆိုင်းစရိတ် ကျပ်တစ်သိန်း စီပေးရန်နှင့် အယူခံမှုများအတွက် ရှေ့နေခ သုံးသောင်းကျပ်စီ သတ်မှတ်လိုက်သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၃၄) အားစီရင်ချက် (အမိန့်) ချမှတ်ခြင်း

    body

    နေပြည်တော် ဇူလိုင် ၂၁

    ၁။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)၊ ရခိုင်အမျိုးသား ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသော ဦးခင်မောင်ဌေး အပေါ် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်အောင်က လျှောက်ထားခံရသူရရှိသောမဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့်ရရှိသော မဲများမပါရှိခဲ့သော် လျှောက်ထားသူသည် ဆန္ဒမဲအများဆုံးရရှိ၍ ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ် ဖြစ်ကြောင်း ကြေညာပေးပါရန် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၈၇၊ ၈၈ တို့အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် ကန့်ကွက်လွှာ တင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၃၄/၂၀၁၅) ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်ခံကြားနာခဲ့သည်။

    ၂။ အဆိုပါအမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင်တို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ဆက်လက်စစ်ဆေးကြားနာပြီးနောက် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထားခံရသူ ဦးခင်မောင်ဌေး အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်း ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၁ ရက် တွင် ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးတင်အောင်၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်လိုက် ကြောင်းနှင့် လျှောက်ထားခံရသူ ဦးခင်မောင်ဌေးအား တရားစရိတ် နှစ်သိန်းကျပ် ပေးစေရန် အမိန့်ချမှတ်ခဲ့သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၉)နှင့် (၂၀) တို့အားစီရင်ချက် (အမိန့်) များချမှတ်

    body

    နေပြည်တော် ဇူလိုင် ၂၀

    ၁။ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဘောမ်လန်းက ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)၊လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူးလေးပါတီ)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူအပေါ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်းနှင့် လျှောက်ထားသူသည်သာ ခိုင်လုံသော မဲအများဆုံးရရှိသူဖြစ်၍ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် တိုင်းဒေသ ကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက် တွင် ကန့်ကွက်လွှာ တင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၉/၂၀၁၅) ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့သည်။

    ၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင်တို့ ခုံအဖွဲ့ဝင်များ အဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ဆက်လက်စစ်ဆေးကြားနာပြီးနောက် ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၀ ရက်တွင် ကချင် ပြည်နယ်၊ ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် လျှောက်ထားခံရသူ ဒေါ်ခေါ်မာဝူအား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင် အတည်ဖြစ်ကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးဘောမ်လန်း၏ ကန့်ကွက်လွှာကိုစရိတ် နှင့်တကွပယ်လိုက်ပြီး တရားစရိတ် နှစ်သိန်းကျပ်သတ်မှတ်၍ အမိန့်ချမှတ်ခဲ့ကြောင်းသိရှိရသည်။

    ၃။ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇောင်းခေါင်က ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ လီဆူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေးအပေါ် လျှောက်ထားခံရသူအား ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပျက်ပြယ် ကြောင်း ကြေညာပေးရန်နှင့် လျှောက်ထားသူသည်သာ ခိုင်လုံမဲအများဆုံး ရရှိသူဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအမှတ် (၂၀/၂၀၁၅) ဖြင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ဖြစ်သည်။

    ၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင်တို့ ခုံအဖွဲ့ဝင်များ အဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ဆက်လက်စစ်ဆေးကြားနာပြီးနောက် ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၀ ရက်တွင် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထားခံရသူ ဦးလာမာလေးအား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင် အတည် ဖြစ်ကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးဇောင်းခေါင်၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်လိုက်ပြီး တရားစရိတ်နှစ်သိန်းကျပ် သတ်မှတ်၍ အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာမှုအမှတ် (၅) နှင့် (၂၇) အား စီရင်ချက် (အမိန့်)များ ချမှတ်ခြင်း

    body

    နေပြည်တော် ဇူလိုင် ၁၄

    ၁။ ကရင်ပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၂)၊ အမျိုးသားလွှတ်တော် ကိုယ် စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးစောသန်း ထွဋ် အပေါ် ကရင်ပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးနိုင်မောင်မောင်လွင်က လျှောက် ထားခံရသူသည် အခြားလွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်များအား သွယ်ဝိုက်ခြိမ်း ခြောက်၍ အရေးယူပေးပါရန်၊ တရားမဲ့ပြုကျင့်မှုကြောင့်ရရှိသောမဲများကို နှုတ်ပယ်ပါက လျှောက် ထားသူသာ ခိုင်လုံမဲအများဆုံးရရှိ၍ လျှောက်ထားခံရသူအား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပြီး လျှောက်ထားသူအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် အမျိုးသား လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊၆၈ အရ ၂၃-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာ တင်သွင်းထားမှုကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလက်ခံခဲ့ပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးစန်းရွှေနှင့် ဦးဝင်းမော်တို့ခုံ အဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၁) က ဆက်လက်စစ်ဆေးကြားနာခဲ့ပြီး နောက် ၁၃-၇-၂၀၁၆ ရက် (ဗုဒ္ဓဟူးနေ့) တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမျိုးသားလွှတ် တော်မဲဆန္ဒနယ်အမှတ်(၂) တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထားခံရသူ ဦးစောသန်းထွဋ်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးနိုင်မောင်မောင်လွင်၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်လိုက်ပြီး ရှေ့နေ စရိတ် ကျပ် သုံးသောင်း သတ်မှတ်၍ အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၂။ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးကောက်တင်မြှောက်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဒိန်ခန်ဖုန် (ခ) ခန်လင် အပေါ် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးချန်းဂျောင်းဆားရ်က လျှောက် ထားခံရသူ၏ ခိုင်လုံမဲများအား ပြန်လည်စိစစ်ရေတွက်ပေးရန်နှင့် လျှောက်ထားခံရသူအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းအား ပယ်ဖျက်၍ လျှောက်ထားသူသည်သာ ခိုင်လုံမဲအများဆုံးရရှိသည်ဖြစ်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ် ကြောင်း ကြေညာပေးပါရန် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက် ပွဲ ဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၁၁-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာတင်သွင်းထားမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ ဝင် ဦးစိုးရယ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင်တို့ ခုံအဖွဲ့ဝင်များ အဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ဆက်လက်စစ်ဆေးကြားနာခဲ့ပြီး ၁၄-၇-၂၀၁၆ ရက် (ကြာသာပတေးနေ့)တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ၌ ဦးဒိန်ခန်ဖုန် (ခ) ခန်လင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ ၁၂-၁၁-၂၀၁၅ ရက်စွဲပါ ကြေညာချက်အမှတ် (၁၀၃/၂၀၁၅) အရ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင်အတည် ဖြစ်လျှက်ရှိကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးချန်းဂျောင်ဆားရ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကန့်ကွက်လွှာလျှောက်ထားမှုကို တရားစရိတ်နှင့်တကွ ပယ်ကြောင်းဆုံးဖြတ်ပြီး တရားစရိတ်ငွေကျပ် နှစ်သိန်းတိတိကို လျှောက်ထားသူက လျှောက်ထားခံရသူအားပေးစေရန် အမိန့်ချမှတ်ခဲ့သည်။

  • စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၄)၊ (၅) နှင့် (၆) တို့အား သြဂုတ် ၃ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်

    body

    နေပြည်တော် ဇူလိုင် ၁၃

    ၁။ ရှမ်းပြည်နယ်၊ ပြည်သူ့လွှတ်တော်၊ ဟိုပန်မြို့နယ် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးယောဟန် (''ဝ" အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ) မှ ဟိုပန်မြို့နယ် မဲဆန္ဒ နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျင်ဝမ်း ( "ဝ"ဒီမိုကရက်တစ်ပါတီ) အပေါ် ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ၆၈ နှင့် နည်းဥပဒေ ၈၇ တို့ အရ၂၃-၁၂-၂၀၁၅ ရက် နေ့တွင် ကန့်ကွက်လွှာတင်သွင်းလာရာ ၃၁-၅-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲ ခုံအဖွဲ့ (၁) က ရှမ်း ပြည်နယ်၊ ဟိုပန်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် လျှောက်ထားခံရသူ ဦးကျင်ဝမ်းအား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင် အတည်ဖြစ်ကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူဦးယောဟန်၏ ကန့်ကွက်လွှာကို စရိတ်နှင့် တကွ ပယ်လိုက်သည့် စီရင်ချက် (အမိန့်) ကို ချမှတ်ခဲ့ခြင်းအပေါ် ဦးယောဟန်က ၈-၆-၂၀၁၆ ရက်နေ့တွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) အရ အယူခံမှုလျှောက် ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီးဖြစ်ပါသည်။

    ၂။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ရွေးကောက်ပွဲကန့်ကွက်လွှာအယူ ခံမှုအမှတ် (၄/၂၀၁၆) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအားလုံး ခုံရုံးအဖွဲ့ဝင်များအ ဖြစ် ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၀ အရ ပြည်ထောင်စုရှေ့နေ ချုပ် သို့မဟုတ် ကိုယ်စားဆောင်ရွက်စေရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ သင့်လျော်သော ဥပဒေ အရာရှိအဆင့် (၁) ထက်မနိမ့်သည့် ပုဂ္ဂိုလ်အား ရုံးတော်သဟာယအဖြစ် ဖိတ်ကြားလျက် ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၉၉ အရ တင်သွင်းလာသည့် ရွေးကောက်ပွဲအယူခံမှု အမှတ် (၄/၂၀၁၆) ကို ၁၃-၇-၂၀၁၆ ရက် (ဗုဒ္ဓဟူးနေ့) တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ရုံးတော် သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီးနောက် ၃-၈-၂၀၁၆ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀:၀၀ နာရီ အချိန်တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့်ချမှတ်မည် ဖြစ်ကြောင်း သိရှိရသည်။

    ၃။ ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် လောင်း ဦးစောဖီးလစ် ("ဝ" အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ) မှ ဟိုပန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်ထွန်းလူ (ခ) ဦးဒီကီ ( "ဝ" ဒီမိုက ရက်တစ်ပါတီ) အပေါ် တိုင်းဒေသကြီးလွတ်တော် သို့မဟုတ် ပြည် နယ်လွှတ်တော် ရွေးကောက် ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ နှင့် နည်းဥပဒေ ၈၇ တို့အရ ၂၃-၁၁-၂၀၁၅ ရက်နေ့တွင် ကန့်ကွက် လွှာတင်သွင်းလာရာ ၃၁-၅-၂၀၁၆ ရက်နေ့တွင် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲ ခုံအဖွဲ့ (၁) က ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ပြည်နယ် လွှတ် တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထားခံရသူ ဦးခွန်ထွန်းလူ (ခ) ဦးဒီကီအား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ် ကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးစောဖီးလစ်၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ် လိုက်သည့် စီရင်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် ဦးစောဖီးလစ်က ၈-၆-၂၀၁၆ ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄(က) နှင့် နည်းဥပဒေပုဒ်မ ၉၉ အရ အယူခံမှုလျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လက်ခံခဲ့ပြီးဖြစ်ပါသည်။

    ၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ရွေး ကောက်ပွဲကန့်ကွက်လွှာအယူခံမှုအမှတ် (၅/၂၀၁၆) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ အားလုံး ခုံရုံးအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၀ အရ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ကိုယ်စားဆောင်ရွက်စေရန် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးမှ သင့်လျော်သော ဥပဒေအရာရှိအဆင့် (၁) ထက်မနိမ့်သည့် ပုဂ္ဂိုလ်အား ရုံးတော် သဟာယအဖြစ် ဖိတ်ကြားလျက် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေး ကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ ၉၉ အရ တင်သွင်းလာသည့် ရွေးကောက်ပွဲအယူ ခံမှုအမှတ် (၅/၂၀၁၆) ကို ၁၃-၇-၂၀၁၆ ရက် (ဗုဒ္ဓဟူးနေ့) တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီးနောက် ၃-၈-၂၀၁၆ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀:၀၀ နာရီ အချိန်တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့်ချမှတ်မည် ဖြစ်ကြောင်းသိရှိရသည်။

    ၅။ ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးဆမ်ဆောင်းကား ("ဝ" အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ)မှ ဟိုပန် မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်ကျော် ("ဝ" ဒီမိုကရက်တစ် ပါတီ)အပေါ် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၇၊၆၈ နှင့် နည်းဥပဒေ ၈၇ တို့အရ ၂၃-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာ တင်သွင်းလာရာ ၃၁-၅-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၁) က ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) တွင် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်အဖြစ်လျှောက်ထားခံရသူ ဦးရန်ကျော်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးဆမ်ဆောင်းကား၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်လိုက်သည့် စီရင်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် ဦးဆမ်ဆောင်းကားက ၈-၆-၂၀၁၆ ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ ၉၉ တို့အရ အယူခံမှု လျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလက်ခံခဲ့ပြီးဖြစ်ပါသည်။

    ၆။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ရွေး ကောက်ပွဲကန့်ကွက်လွှာအယူခံမှုအမှတ် (၆/၂၀၁၆) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ အားလုံး ခုံရုံးအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၀ အရ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ကိုယ်စားဆောင်ရွက်စေရန် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးမှ သင့်လျော်သော ဥပဒေအရာရှိအဆင့် (၁) ထက်မနိမ့်သည့် ပုဂ္ဂိုလ်အား ရုံးတော် သဟာယအဖြစ် ဖိတ်ကြားလျက် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေး ကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ ၉၉ အရ တင်သွင်းလာသည့် ရွေးကောက်ပွဲအယူ ခံမှုအမှတ် (၆/၂၀၁၆) ကို ၁၃-၇-၂၀၁၆ ရက် (ဗုဒ္ဓဟူးနေ့) တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီးနောက် ၃-၈-၂၀၁၆ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀:၀၀ နာရီ အချိန်တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့်ချမှတ်မည် ဖြစ်သည်။

  • စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံအမှုအမှတ် (၁) အား အပြီးသတ်အမိန့်ချမှတ်ခြင်း

    body

    နေပြည်တော် ဇူလိုင် ၁၂

    ၁။ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ဦးအောင်ကျော်ညွန့် အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခိုင်ညီညီကျော်က ၁၇-၁၂-၂၀၁၅ ရက်နေ့ တွင် ကန့်ကွက်လွှာတင်သွင်းလျှောက်ထားလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၁) က ၁၂-၅-၂၀၁၆ ရက်နေ့တွင် လျှောက်ထားခံရသူ ဦးအောင်ကျော်ညွန့်အား ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ မဲဆန္ဒ နယ်အမှတ် (၁)၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်း သည် ပျက်ပြယ် ကြောင်းဆုံးဖြတ်၍ လျှောက်ထားသူ ဦးခိုင်ညီညီကျော်သည်သာ ခိုင်လုံမဲ အများဆုံးရရှိပြီး ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ၏ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဖြစ်ကြောင်းကိုစရိတ်နှင့် တကွ ချမှတ်ပေးသည့် စီရင်ချက် (အမိန့်) အပေါ် ဦးအောင်ကျော်ညွန့်က တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) နှင့် နည်း ဥပဒေ ၉၉ အရ ၂၃-၅-၂၀၁၆ ရက်နေ့တွင် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ်(၁/၂၀၁၆)ဖြင့်လက်ခံခဲ့ပါသည်။

    ၂။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအားလုံး ပါဝင် သည့် စုံညီခုံရုံးရှေ့မှောက်တွင် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၀ အရ ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၏ရုံးတော်သဟာယနှင့် နှစ်ဖက်အမှုသည်များ၏ လျှောက်လဲ တင်ပြချက် များကို ကြားနာခဲ့ပြီးဖြစ်ပါသည်။

    ၃။ အယူခံတင်သွင်းခြင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီခုံရုံးက ဗထူး တပ်နယ် မဲရုံအမှတ် (၁) နှင့် (၂) တို့တွင် ကျင်းပသော ရွေးကောက်ပွဲ သည်သာ တရားမျှတသော ရွေးကောက်ပွဲမဟုတ်သဖြင့် ယင်း ဗထူးတပ်နယ် မဲရုံအမှတ် (၁)နှင့်(၂)တို့မှ လျှောက်ထားသူ ဦးခိုင်ညီညီကျော် နှင့် လျှောက်ထားခံရသူ ဦးအောင်ကျော်ညွန့်တို့၏ ခိုင်လုံမဲရလဒ်များကို ပယ်ဖျက်လိုက်ရာ ဦးခိုင်ညီညီကျော်က ဦးအောင်ကျော်ညွန့်ထက် ခိုင်လုံမဲ ၃၅၀၆ မဲ ပိုမိုရရှိသွားသဖြင့် လျှောက်ထားသူ ဦးခိုင်ညီညီကျော် သည်သာလျှင် ခိုင်လုံမဲအများဆုံးရရှိသူဖြစ်ကြောင်း အတည်ပြုလိုက် ပါသည်။

    ၄။ အယူခံ လျှောက်ထားသူ၏ အယူခံမှုကိုစရိတ်နှင့်တကွပယ်ကြောင်း အမိန့်ချမှတ် ခဲ့သည့်အပြင် အမှုစရိတ်ငွေကျပ် ၁ သိန်းကို အယူခံလျှောက်ထားသူက အယူခံ လျှောက်ထားခံရသူကို ပေးစေရန် စီရင်ချက် (အမိန့်) ချမှတ်ခဲ့ကြောင်းသိရှိ ရသည်။

    ၅။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် ၂၁ - ၁၂ -၂၀၁၅ ရက်နေ့မှစ၍ ရွေးကောက်ပွဲကန့်ကွက်လွှာအမှု (၄၅) မှုကို စစ်ဆေးခဲ့ရာ ၁၂-၇-၂၀၁၆ ရက်နေ့အထိ အပြီးသတ်အမိန့် ချမှတ်ပြီး (၆) မှုနှင့် ဆက်လက်စစ်ဆေးရန် ၃၉ မှုကျန်ရှိသည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအယူခံမှုအမှတ် (၂/၂၀၁၆) နှင့် (၃/၂၀၁၆) အား ဇူလိုင်လ ၂၉ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်

    body

    နေပြည်တော် ဇူလိုင် ၁၁

    ၁။ ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်၊ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောနွဲ့ခွန်ဆိုင်ခမ်း (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ) မှ ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်၊ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ၏ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရားဝမ်ဂျုံ (ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အပေါ် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ် တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၈ အရ ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထား ခြင်းနှင့် စပ်လျဉ်း၍ ၃၀-၅-၂၀၁၆ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၂)က ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးရားဝမ်ဂျုံအား ရွေးကောက် တင်မြှောက်ခြင်းသည် ပျက်ပြယ် ခြင်းမရှိ တရားဝင်ဖြစ်သည်ဟု စီရင်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) အရ ဦးစောနွဲ့ခွန်ဆိုင် ခမ်းက ၂-၆-၂၀၁၆ ရက်နေ့တွင် အယူခံမှုလျှောက်ထားခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ် (၂) ဖြင့် လက်ခံခဲ့ပြီးဖြစ်ပါသည်။

    ၂။ ၁၁-၇-၂၀၁၆ ရက် (တနင်္လာနေ့)တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အားလုံးပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် ရွေးကောက်ပွဲဥပဒေပုဒ်မ (၇၀) အရ ပြည် ထောင်စုရှေ့နေချုပ် သို့မဟုတ် ကိုယ်စားဆောင်ရွက်စေရန် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးမှ သင့်လျော်သော ဥပဒေအရာရှိ အဆင့် (၁) ထက်မနိမ့်သည့်ပုဂ္ဂိုလ်အား ရုံးတော်သဟာယ အဖြစ် ဖိတ်ကြားလျက် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄(က) နှင့် နည်းဥပဒေ ၉၉ အရ တင်သွင်းလာသည့် ရွေးကောက်ပွဲအယူခံမှုအမှတ် (၂/၂၀၁၆) ကို ၁၁-၇-၂၀၁၆ (တနင်္လာနေ့)တွင် နှစ်ဖက် လျှောက်လဲချက်များနှင့် ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာ ပြီးနောက် ၂၉-၇-၂၀၁၆ ရက် (သောကြာနေ့) နံနက် ၁၀:၀၀ နာရီ အချိန်တွင် ယင်းအယူခံ မှုအတွက် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

    ၃။ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစံဝေခေါင်လွမ်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က ကချင် ပြည်နယ်၊ ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်လွမ်းလမ်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အပေါ် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၈ အရ ကန့်ကွက် လွှာ တင်သွင်းထားမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ် ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါ်လွမ်းလမ်း (ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) ရွေးကောက်တင်မြှောက်ခံရခြင်းသည် အတည်ဖြစ် လျက် လျှောက်ထားသည့် လျှောက်ထားမှုအားပယ်သည့်စီရင်ချက် (အမိန့်) ချမှတ်ခဲ့ခြင်း အပေါ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) အရ ဦးစံဝေခေါင်လွမ်းက ၂-၆-၂၀၁၆ ရက်နေ့တွင် အယူခံမှုလျှောက်ထားလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၃)ဖြင့် လက်ခံပြီး ဖြစ်ပါ သည်။

    ၄။ ၁၁-၇-၂၀၁၆ ရက် (တနင်္လာနေ့)တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အားလုံးပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် ရွေးကောက်ပွဲဥပဒေပုဒ်မ (၇၀) အရ ပြည် ထောင်စုရှေ့နေချုပ် သို့မဟုတ် ကိုယ်စားဆောင်ရွက်စေရန် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးမှ သင့်လျော်သော ဥပဒေအရာရှိ အဆင့် (၁) ထက်မနိမ့်သည့်ပုဂ္ဂိုလ်အား ရုံးတော်သဟာယ အဖြစ် ဖိတ်ကြားလျက် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄(က) နှင့် နည်းဥပဒေ ၉၉ အရ တင်သွင်းလာသည့် ရွေးကောက်ပွဲအယူခံမှုအမှတ် (၃/၂၀၁၆) ကို ၁၁-၇-၂၀၁၆ (တနင်္လာနေ့)တွင် နှစ်ဖက် လျှောက်လဲချက်များနှင့် ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာ ပြီးနောက် ၂၉-၇-၂၀၁၆ ရက် (သောကြာနေ့) နံနက် ၁၀:၀၀ နာရီ အချိန်တွင် ယင်းအယူ ခံမှုအတွက် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်သည်။

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ဗြိတိန်နိုင်ငံ၊ နိုင်ငံခြားရေး နှင့် ဓန သဟာယ ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဟူဂိုဂျော့ ဝီလီယံဆွိုင်း နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော် ဇူလိုင် ၂၉ ရက်

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် ဗြိတိန်နိုင်ငံ၊ နိုင်ငံခြား ရေးနှင့် ဓနသဟာယ ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဟူဂိုဂျော့ ဝီလီယံဆွိုင်းနှင့်အဖွဲ့ အား ၂၈.၇.၂၀၁၅ ရက်၊ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများ တက်ရောက် ခဲ့ကြသည်။

    ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ကော်မရှင် ဖွဲ့စည်းပုံ နှင့်တာဝန်များ၊ ရွေးကောက်ပွဲ စနစ်၊ မဲပေးပုံ စနစ်၊ မဲစာရင်း ပြုစုပုံနှင့် မြန်မာနိုင်ငံ ရွေးကောက်ပွဲ သမိုင်းစဉ် တို့ကို ရှင်းလင်း ပြောကြားခဲ့ရာ မစ္စတာ ဟူဂိုဂျော့ ဝီလီယံဆွိုင်းက မဲစာရင်း အမှားများ နှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲတွင် ပြည်သူလူထုမှ မဲပေးနိုင်သည့် အခြေအနေ၊ နိုင်ငံခြား ရောက်သူများ မဲပေးနိုင်မှု အခြေအနေ၊ မဲဆန္ဒရှင်များ မဲစာရင်း ကြည့်ရှုရေးနှင့် ရွေးကောက်ပွဲတွင် ပိုမို ပါဝင်လာရေး ဆောင်ရွက်ထားမှု၊ မဲဆန္ဒရှင် ပညာပေး ဆောင်ရွက်မှု အခြေ အနေ၊ တပ်မတော်သားများ အတွက် မဲရုံများ ဖွင့်လှစ်မည့် နေရာနှင့် မဲရုံသို့ ကိုယ်တိုင်လာရောက် မဲပေးရန် လို မလို၊ အရံရဲ ၂၀၀၀၀ ကျော် ခန့်အပ်ခြင်းက ရွေးကောက်ပွဲ လုံခြုံရေး အတွက် လုံလောက်မှု ရှိ မရှိ တို့အား မေးမြန်းခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် မှန်ကန်သော မဲစာရင်း ရရန် အခြေခံ မဲဆန္ဒရှင် စာရင်းပြုစု ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်သူလူထု အနေဖြင့် မဲစာရင်း မှန်ကန်ရေး အတွက် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန် မဲစာရင်း ကြည့်ရှုရန် ကာလကန့်သတ်ချက်အား ဇူလိုင်လ ၃၀ ရက်နေ့ထိ ရွှေ့ဆိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ မဲဆန္ဒရှင် ပညာပေး အနေဖြင့် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ တို့မှ သီချင်း၊ ဇာတ်လမ်း၊ ဆောင်းပါးတို့ဖြင့် အသိပေး ဆောင်ရွက်လျက် ရှိကြောင်း၊ တပ်တွင်းရှိ မဲရုံများသို့ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ မဲရုံ ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့များ၊ မီဒီယာများ ဝင်ရောက် ခွင့်ပြုရန်နှင့် ဝင်ခွင့် မပြုနိုင်သော ဧရိယာများတွင် တပ်ပြင်ပ၌ မဲရုံဆောက်ရန် တပ်မတော်နှင့် ညှိနှိုင်းထားပြီး ဖြစ်ကြောင်း၊ တပ်မတော်သားများ အနေဖြင့် ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူ မှအပ ကိုယ်တိုင် မဲရုံတွင ်မဲပေးရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ လုံခြုံရေးနှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာနမှ လုပ်ငန်းစဉ် တစ်ခုခြင်း အလိုက် စီမံချက်များ ရေးဆွဲ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းတို့ကို ရှင်းလင်း ပြောကြားပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်ရေး အတွက် လိုအပ်ချက်များ အပေါ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။
    (သတင်းစဉ်)

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး အမေ ရိကန် ပြည်ထောင်စု၊ နယူးယောက် မြို့အ ခြေစိုက် အာရှ လူမှု အဖွဲ့ အစည်း ဆိုင်ရာ မူဝါဒ အဖွဲ့ ဥက္ကဋ္ဌ၊ သြစ တြေးလျ ဝန်ကြီး ချုပ် ဟောင်း Mr. Kevin Rudd နှင့် အဖွဲ့အား လက်ခံ တွေ့ဆုံ

     

    body

    နေပြည်တော် ဇူလိုင် ၃၀ ရက်

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး သည် အမေ ရိကန် ပြည်ထောင်စု၊ နယူးယောက် မြို့အ ခြေစိုက် အာရှ လူမှု အဖွဲ့ အစည်း ဆိုင်ရာ မူဝါဒ အဖွဲ့ ဥက္ကဋ္ဌ၊ သြစ တြေးလျ ဝန်ကြီး ချုပ်ဟောင်း Mr. Kevin Rudd နှင့် အဖွဲ့အား ဇူလိုင်လ ၂၈ ရက် မွန်းလွဲ ၃ နာရီ တွင် နေပြည် တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင်ရုံး ဧည့်ခန်း မဆောင်၌ လက်ခံ တွေ့ဆုံရာ ကော်မရှင် အဖွဲ့ ဝင်များ၊ တာဝန် ရှိသူများ တက်ရောက် ခဲ့ကြသည်။

    ထိုသို့ တွေ့ဆုံ ရာတွင် ပြည်ထောင် စုရွေး ကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ က ကော်မရှင် နှင့် စပ်လျဉ်း ၍ လည်းကောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် ဆောင်ရွက် နေမှု များနှင့် စပ်လျဉ်း ၍လည်းကောင်း ရှင်းလင်း ပြောကြား ရာ Mr. Kevin Rudd က မြန်မာ နိုင်ငံ ၏ ဒီမို ကရေစီ အသွင် ကူးပြောင်းရေး ဆောင်ရွက် ချက်များ ကို အသိ အမှတ် ပြုခဲ့ ကြောင်းနှင့် ဆောင်ရွက် ချက်များ အပေါ် လက်တွေ့ ကျကျ ကူညီ ဆောင်ရွက် လိုပါကြောင်း၊ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ သိရှိ လိုသည့် အခြေခံ မဲစာရင်း ပြုစု ကြေညာခြင်း၊ မဲရုံ အရေ အတွက်၊ မဲရုံ ဝန်ထမ်း များအား လေ့ကျင့် သင်ကြား ပေးခြင်း၊ မဲဆန္ဒရှင် များမဲ ပေးမည့် အခြေ အနေ တို့နှင့် ပတ်သက်၍ မေးမြန်းရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အခြေခံ မဲဆန္ဒရှင် စာရင်း ပြုစုခြင်း နှင့် စပ်လျဉ်း၍ မဲစာရင်း အမှန် ရရှိ ရေးအတွက် ကြိုတင် ဆောင်ရွက် ခြင်းဖြစ် ကြောင်း၊ မဲဆန္ဒရှင် များအ နေဖြင့် မဲစာရင်း လာရောက် ကြည့်ရှု၍ အမှားများ ကိုပြင်ဆင် ခြင်းဖြင့် အမှန် ရရှိ မည်ဖြစ် ကြောင်း၊ နောက်ဆုံး အကြိမ် မဲစာရင်း ကပ်သည့် အခါတွင် မဲစာရင်း ပြင်ပေးရန် တောင်းဆို ခြင်းကို (၁၄) ရက် ခွင့်ပြု ပေးသွား မည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်၊ နိုင်ငံ ရေးပါတီ များနှင့် အရပ်ဘက် လူမှုအဖွဲ့ အစည်း များက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် မှသာ မဲစာရင်း အမှန်ရ ရှိမည် ဖြစ်ပြီး နောင်ကျင်း ပမည့် ရွေးကောက်ပွဲ များအတွက်လည်း မှန်ကန်သော မဲစာရင်း တစ်ခုရှိနေ မည်ဖြစ်ကြောင်း၊ မဲစာရင်း မှားရုံဖြင့် မဲပေးခွင့် မဆုံးရှုံး ကြောင်း၊ မဲပေးခွင့်ရှိ သူအမှန် ဖြစ်ကြောင်း တာဝန်ခံ ပြောကြားသူ ရှိလျှင် ပြင်ဆင် ရေးမှတ်၍ မဲပေးခွင့်ပြု ရမည်ဟု လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ များ ၅၀ (ဂ) တွင် အတိ အလင်း ပြဋ္ဌာန်းထား ပါကြောင်း မဲဆန္ဒရှင် များ မဲပေးနိုင်ရေး အတွက်လည်း မဲဆန္ဒရှင် သက်သေခံ လက်မှတ်များ ထုတ်ပေးရန် အစီအစဉ် ရှိကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ တွင် ၂၀၁၀ ရွေးကောက်ပွဲ ၌ မဲပေး ခဲ့သည့် မဲဆန္ဒရှင် ၇၂ ရာခိုင်နှုန်း ထက်ကျော်လွန် မဲပေးမည် ဟုမျှော်မှန်း ပါကြောင်း၊ တစ်နိုင်ငံ လုံးတွင် မဲရုံအရေ အတွက် ၄၀၀၀၀ ကျော်ရှိ မည်ဟု ခန့်မှန်း ပါကြောင်း၊ မဲရုံ ဝန်ထမ်း (၆) သိန်းခန့်အား လေ့ကျင့် သင်ကြားပေး ရန်အတွက် လက်စွဲ စာစောင်များ၊ သင်ကြားရေး အထောက် အကူပြု ဗီဒီယိုများ ပြုစုထားပြီး ဖြစ်ကြောင်း၊ ခိုင်လုံမဲ ဖြစ်စေရေးနှင့် ပယ်မဲမဖြစ် စေရေး အတွက် ပညာ ပေးသွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး ကော်မတီ အဆင့် ဆင့်နှင့် ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီ အဆင့်ဆင့် ဖွဲ့စည်း ဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့များ ဖိတ်ခေါ်၍ လွတ်လပ် မျှတသည့် ရွေးကောက်ပွဲ အဖြစ် ကျင်းပ ပေးသွားမည် ဖြစ်ပြီး Observer အဖွဲ့ များ၏ အစီရင် ခံစာ များမှ သင်ခန်းစာ ယူစရာ များအား နောင်လာမည့် ရွေးကောက်ပွဲ များအတွက် သုံးသပ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိသည်။
    (သတင်းစဉ်)

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr. Derek Mitchell နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

    body1

    ရန်ကုန် ဇူလိုင် ၂၂
    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr. Derek Mitchell နှင့် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

    ထိုသို့ တွေ့ဆုံရာတွင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

     (သတင်းစဉ်)

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ဗြိတိန် နိုင်ငံ၏ အကြီးတန်း နိုင်ငံခြားရေး မူဝါဒ အကြံပေး ပုဂ္ဂိုလ် မစ္စတာ ရောဘတ်ကူးပါးအား လက်ခံတွေ့ဆုံ

    body

    နေပြည်တော် ဇူလိုင် ၂၄
    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် ဗြိတိန် နိုင်ငံ၏ အကြီးတန်း နိုင်ငံခြားရေး မူဝါဒ အကြံပေး ပုဂ္ဂိုလ် မစ္စတာ ရောဘတ်ကူးပါးအား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ထိုသို့ တွေ့ဆုံရာတွင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

    (သတင်းစဉ်)

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H.E. Mr. Thierry Mathou အား လက်ခံတွေ့ဆုံ

     

    body

    နေပြည်တော် ဇူလိုင် ၂၃

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ် သံအမတ်ကြီး H.E. Mr. Thierry Mathou အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

    ထိုသို့ တွေ့ဆုံရာတွင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

    (သတင်းစဉ်)

     

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲ ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကျင်းပ

    body

    ရန်ကုန် ဇူလိုင် ၂၂

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲ ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး (ရန်ကုန်ရုံးခွဲ) ၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်၊ ဦးညွန့်တင်၊ ဦးဝင်းကြည်နှင့် ဦးဝင်းကို၊ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) နှင့် သတင်း မီဒီယာအဖွဲ့ (၅၃) ဖွဲ့မှ တာဝန် ရှိသူ(၈၀)ဦး တက်ရောက် ခဲ့ကြသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် ၂၀ ရက်နေ့ နှင့် ၂၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သော လူမှု အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် ဆွေးနွေး ပြောကြားချက်များ အပေါ် ရှင်းလင်း ပြောကြားလို၍ ယနေ့ သတင်း မီဒီယာများသို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ထိုတွေ့ဆုံ ဆွေးနွေးပွဲ များတွင် ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို လည်းကောင်း၊ လွှတ်တော် အသီးသီး အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် နေ့ရက်များကို လည်းကောင်း သတ်မှတ် ကြေညာပြီး ဖြစ်ကြောင်း၊ Silent Day သည် နိုဝင်ဘာလ ၇ ရက်နေ့ ဖြစ်ပြီး မဲဆွယ် စည်းရုံးခြင်းကို ရက်ပေါင်း (၆၀) ပေးထားသဖြင့် မဲဆွယ် စည်းရုံးခြင်း စတင် ဆောင်ရွက်နိုင်မည့် နေ့ကို ခန့်မှန်း နိုင်ပါကြောင်း၊ မဲစာရင်း မှန်ကန်မှု ရှိစေရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံ မဲစာရင်း ပြုစုပြီး (၄) ကြိမ်တိတိ ကပ်ထား ကြေညာခဲ့ကြောင်း၊ မဲစာရင်းတွင် အမှား အယွင်းများ ရှိသည်ဟု ဝေဖန်ပြော ဆိုမှုများ ရှိကြောင်း၊ မဲစာရင်း ပြုစုရာတွင် ရပ်ကွက်/ ကျေးရွာ အုပ်စု အထွေထွေ အုပ်ချုပ်ရေးရုံးရှိ လူဦးရေ စာရင်းနှင့် လဝက ရှိ အိမ်ထောင်စု စာရင်း ပုံစံ (၆၆/၆) အရ အသက် (၁၈) နှစ် ပြည့်ပြီး သူများကို ပြုစု ခြင်းဖြစ်ကြောင်း၊ စာလုံးပေါင်း သတ်ပုံမှားခြင်း၊ မဲစာရင်း ရိုက်သူမှ နားကြားလွဲခြင်း၊ မွေးရက် မွေးလ မသိသူများအား နိုင်ငံတကာ Norm အရ ဇွန်လ ၃၀ ရက်ဟု ဖြည့်သွင်းခြင်းတို့ ဖြစ်ကြောင်း၊ မဲစာရင်း မှန်ကန်ရေး အတွက် ပြည်သူလူထု အနေဖြင့် မဲစာရင်း ကပ်ထား ကြေညာသည့် အချိန်တွင် သွားရောက် ကြည့်ရှုရန် လိုအပ်ကြောင်း၊ မိမိအမည် မပါက ပုံစံ (၃) ဖြင့်လျှောက်ထားရန်၊ အချက်အလက် မှားယွင်း နေပါက ပုံစံ (၄-ဂ) ပြင်ဆင်ရန်၊ မပါသင့်သူများ ပါနေက ပုံစံ (၄) ဖြင့် ကန့်ကွက်ရန် အပြု သဘောဆောင် ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ မဲစာရင်းများ ၃၀ % မှ ၈၀ % အထိ မှားယွင်းနေပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ် မျှတသည့် ရွေးကောက်ပွဲ ဖြစ်ပါ့မလားဟု ဝေဖန် ပြောဆိုမှုများ ရှိနေကြောင်း၊ မဲစာရင်း မှားယွင်းမှု ရှိနေသော်လည်း မဲပေးပိုင်ခွင့် ဆုံးရှုံးမည် မဟုတ်ကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူ အမှန်ဖြစ်ကြောင်း တာဝန်ခံ ပြောကြားသူ ရှိလျှင် ပြင်ဆင် ရေးမှတ်၍ မဲပေးခွင့် ပြုရမည်ဟု ရွေးကောက်ပွဲ နည်းဥပဒေ ၅၀(ဂ)တွင် အတိအလင်း ပြဋ္ဌာန်းထားပါကြောင်း၊ မဲစာရင်း မှားယွင်းမှုများ အမှန်ဖြစ်စေရေး အတွက် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပူးပေါင်း ဆောင်ရွက်မှု မရှိဘဲ သိက္ခာချ ဝေဖန် ပြောဆိုမှုများအား ကော်မရှင် အနေဖြင့် မလိုလားပါကြောင်း၊ နိုင်ငံ၏ ပုံရိပ်ကိုလည်း ထိခိုက်စေပါကြောင်း၊ ရွေးကောက်ပွဲ အတွက် မဲစာရင်းအား တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် သြဂုတ်လ နှောင်းပိုင်းတွင် ၁၄ ရက် ကပ်ထား ကြေညာမည် ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များ အနေဖြင့် မဲစာရင်းကို လာရောက် ကြည့်ရှုပြီး ပြင်ဆင် စေလိုကြောင်း၊ ၁၄ ရက် ကျော်လွန်ပါက ဥပဒေအရ ပြင်ဆင်ခွင့် ပြု၍မရကြောင်း၊ မဲစာရင်း မှန်ကန်ရေးအတွက် ပြင်ဆင် ဖြည့်စွက်ခြင်း တို့ကို အချိန် များစွာပေး၍ ဆောင်ရွက်ခဲ့ကြောင်း၊ မဲစာရင်းအား လာရောက် ကြည့်ရှု၍ ပြင်ဆင်၊ ကန့်ကွက်၊ ဖြည့်စွက်ရန်လည်း သတင်း မီဒီယာ များမှတဆင့် နှိုးဆော်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပသောနေ့တွင် မဲစာရင်းမပါ၍ မဲပေးခွင့် မရပါက မဲစာရင်းတွင်ပါရှိရေး မဆောင်ရွက်ခဲ့သော မဲဆန္ဒရှင်၏ တာဝန်သာ ဖြစ်ပါကြောင်း၊ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် နိုင်ငံရေး ပါတီများ အနေဖြင့် မဲဆွယ် စည်းရုံးရာ၌ နိုင်ငံရေး ပါတီများ ကျင့်ဝတ်နှင့် အညီ လေးစား လိုက်နာ ဆောင်ရွက်ကြရန် လိုကြောင်း၊ ရွေးကောက်ပွဲ လုံခြုံရေးနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး ကော်မတီ အဆင့်ဆင့်ကိုလည်းကောင်း၊ ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီ အဆင့်ဆင့်ကိုလည်းကောင်း ဖွဲ့စည်း ဆောင်ရွက် လျက်ရှိကြောင်း၊ လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ မကျင်းပနိုင်သော နေရာ များအား ရွှေ့ဆိုင်း သွားမည်ဖြစ်ပြီး တည်ငြိမ် အေးချမ်းသော ဒေသများတွင် ရွေးကောက်ပွဲကို ကျင်းပ ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် လက်နက်နှင့် ခြိမ်းခြောက်၍ မဲပေးစေမှု ရှိကြောင်း ကန့်ကွက်လွှာ တင်လာပါက ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ ဥပဒေအရ ခုံအဖွဲ့ဖြင့် စစ်ဆေးဆုံးဖြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပါတီ အချို့မှ မဲစာရင်း အမှားများရှိ၍ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးရန် ပြောကြားခဲ့ကြောင်း၊ ကော်မရှင် အနေဖြင့် မဲလက်မှတ်များ ရိုက်နှိပ်ခြင်း၊ နိုင်ငံခြားသို့ ကြိုတင်မဲ လက်မှတ်များ ဖြန့်ဝေခြင်း စသည့် လုပ်ငန်းစဉ်များအား အချိန်မီ ပြီးစီးရေးအတွက် ဆောင်ရွက် ရမည်ဖြစ်၍ ရွှေ့ပြောင်း ပေးနိုင်ခြင်း မရှိကြောင်း၊ မဲစာရင်း အမှားကို အကြောင်းပြ၍ ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးရန် ပြောကြားမနေဘဲ ကော်မရှင်က ဆောင်ရွက်နေသည့် မဲစာရင်း မှန်ကန်ရေး လုပ်ငန်းစဉ်တွင် ပါတီများ အနေဖြင့် အပြုသဘောဆောင် ပူးပေါင်း ဆောင်ရွက် ကြရန် လိုကြောင်းတို့အား ပြောကြားခဲ့ကြောင်း ရှင်းလင်းခဲ့ပါသည်။

    ၎င်းနောက် သတင်း မီဒီယာ အဖွဲ့များမှ မေးမြန်းသည့် IDP Camp ရောက်နေသူများ၏ မဲစာရင်း ကြေညာမည့် အစီအစဉ်၊ ‘ဝ’ နှင့် ကိုးကန့် ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပမည့် အခြေအနေ၊ White Card နှင့် Green Card ကိုင်ဆောင် ထားသူများ မဲပေးခွင့်ရှိ/မရှိ၊ နိုင်ငံပြင်ပ ရောက်နေသည့် မဲပေးမည့် သူအရေအတွက် ၊ တပ်ဧရိယာအတွင်း မဲဆွယ်စည်းရုံးခွင့်၊ ကြိုတင်မဲပေးမည့် သူများအား ကြေညာခြင်းရှိ/မရှိ၊ ရွေးကောက်ပွဲ အတွက် အရန်ရဲများ၏ လစာအား ကော်မရှင်မှ ပေးဆောင်ခြင်းပြု/မပြု၊ ကော်မရှင် ဘတ်ဂျက် အခြေအနေနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ငွေကြေး အထောက်အပံ့ ရရှိမှု အခြေအနေ၊ မဲရုံ အရေအတွက်နှင့် ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်သည့် ပုံစံများအတွက် ရရှိသည့် ဘတ်ဂျက်တို့အား မေးမြန်းခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက IDP Camp ရောက်နေသူများ အနေဖြင့် စခန်းရှိ စာရင်းအပေါ် မဲပေးနိုင်အောင် စီစဉ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကိုးကန့်ဒေသ၌ မဲစာရင်း ပြုစု ဆောင်ရွက်လျက် ရှိကြောင်း၊ တည်ငြိမ် အေးချမ်းမှုရှိသည့် နေရာများ၌ ရွေးကောက်ပွဲ ကျင်းပ ပေးသွားမည် ဖြစ်ကြောင်း၊ White Card မှာ ဥပဒေအရ မဲပေးခွင့် မရှိကြောင်း၊ Green Card ကိုလည်း ဥပဒေ ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံပြင်ပ ရောက်နေသည့် မဲပေးမည့်သူ အရေအတွက်မှာ သံရုံးများတွင်သာ သိရှိနိုင်ကြောင်း၊ ကောက်ယူထားသည့် မဲစာရင်း ၃၂ သန်းတွင် နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များလည်း ပါဝင်ကြောင်း၊ တပ်ဧရိယာ အတွင်း မဲဆွယ်စည်းရုံးခွင့် ရရှိနိုင်မည် မဟုတ်ကြောင်း၊ တပ်အနီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် မဲဆွယ် စည်းရုံးသည့်အခါ တပ်မှ စစ်သည် မိသားစုများ လာရောက် နားထောင်လိုက နားထောင်ကြမည်ဖြစ်ကြောင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေ စည်းရုံးနိုင်ကြောင်း၊ ကြိုတင်မဲ ပေးမည့် သူစာရင်းများကို မဲရုံများတွင် ကပ်ထား ကြေညာရန် နည်းဥပဒေ၌ ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊ အရန်ရဲများ၏ လစာအတွက် ကော်မရှင်တွင် ဘတ်ဂျက် ပါဝင်မှု မရှိကြောင်း၊ ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ အတွက် ဘတ်ဂျက် ကျပ်(၄၀) ဘီလျံ ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အထောက်အပံ့ အနေဖြင့် ငွေကြေးရရှိခြင်း မဟုတ်ကြောင်း၊ ကော်မရှင်၊ နိုင်ငံရေး ပါတီများနှင့် လူမှု အဖွဲ့အစည်းများ၏ Capacity မြှင့်တင်ခြင်း၊ ရွေးကောက်ပွဲ အတွက် အသုံးပြုမည့် မှင်၊ ဆိုလာမီးအိမ်နှင့် မဲစာရင်း ပြုစုခြင်း အတွက် လိုအပ်သော အထောက်အကူ ပစ္စည်းများကို ရရှိခြင်းဖြစ်ကြောင်း၊ မဲရုံ အရေအတွက်မှာ ၄၇၀၀၀ ခန့်ရှိပြီး အတိအကျ ပြော၍မရသေးကြောင်း၊ အခြေခံ မဲစာရင်း အတွက် ပြင်ဆင် ဖြည့်စွက်ပုံစံများ ဘတ်ဂျက် မပါရှိကြောင်း၊ ၎င်းအတွက် IFES မှ ကူညီခြင်း ဖြစ်ကြောင်း တို့အား ပြန်လည် ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
    (သတင်းစဉ်)

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီများ အကြား ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်မှု ဆိုင်ရာ အစည်းအဝေး ကျင်းပ

     

    body

    ရန်ကုန် ဇူလိုင် ၂၁

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီများ အကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးကို ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကော်မရှင် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲ အရာရှိ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူ (၈၂) ဦး တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် ယနေ့ အစည်းအဝေးသည် ကော်မရှင်နှင့် နိုင်ငံရေး ပါတီများ အကြား ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်မှု ဆိုင်ရာ အစည်းအဝေး ဖြစ်ကြောင်း၊ ယခင် ညှိနှိုင်း အစည်း အဝေးများတွင် ရွေးကောက်ပွဲ အတွက် ကောင်းမွန်သော ရလဒ်ကောင်းများ ရရှိခဲ့ပြီး ယခုလည်း ကောင်းမွန်သည့် ပူးပေါင်း ဆောင်ရွက် မှုများ ရရှိမည်ဟု မျှော်လင့်ပါကြောင်း။

    ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကိုလည်းကောင်း၊ လွှတ်တော် အသီးသီးအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် နေ့ရက်များကို လည်းကောင်း သတ်မှတ် ကြေညာပြီးဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်ပြီးက လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း အတည်ပြု ကြေညာမည်ဖြစ်ပြီး မဲဆွယ် စည်းရုံးခြင်းကို ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ မဲဆွယ် စည်းရုံးခြင်းကို ရက်ပေါင်း (၆၀) ခွင့်ပြု ပေးသွားမည်ဖြစ်ပြီး မဲဆွယ် စည်းရုံး ရာတွင် နိုင်ငံရေး ပါတီများ ကျင့်ဝတ်နှင့်အညီ လေးစား လိုက်နာ ဆောင်ရွက် ကြရန်လိုကြောင်း၊ ရွေးကောက်ပွဲ ကာလအတွင်း တည်ငြိမ် အေးချမ်းရေးသည် အဓိကကျပြီး မိမိတို့ပါတီအား ထောက်ခံ အားပေးကြသည့် ပြည်သူလူထုကို ပဋိပက္ခ မဖြစ်အောင် ထိန်းသိမ်း ဆော်သြ ဆောင်ရွက် ကြရန်လိုကြောင်း၊ ရွေးကောက်ပွဲ ဥပဒေအခန်း (၁၃) နှင့် အခန်း (၁၄) ပါ ပြစ်မှုများနှင့် အငြင်းပွားမှုများ မဖြစ်စေရန် အလေးထား ဆောင်ရွက် စေလိုကြောင်း။

    ကော်မရှင် အနေဖြင့် မဲစာရင်း မှန်ကန်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲစာရင်း ကြေညာသည့်အခါ ယခင် (၇) ရက်အစား (၁၄) ရက်ကပ်ထား ကြေညာရန် နည်းဥပဒေတွင် ပြင်ဆင် ထားကြောင်း၊ မဲစာရင်းတွင် အမည်ပါမှသာ ဆန္ဒမဲပေးနိုင် မည်ဖြစ်၍ မဲစာရင်း အမည်ပါရှိရေးသည် အရေးကြီးကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံကြမည့် သူများ အနေဖြင့်လည်း မဲစာရင်းတွင် ပါမှသာ ရွေးကောက် ခံပိုင်ခွင့် ရှိကြောင်း၊ မဲစာရင်း မှားယွင်းမှု ရှိနေသော်လည်း မဲပေးပိုင့်ခွင့် ဆုံးရှုံးမည် မဟုတ်ကြောင်း၊ မဲပေးပိုင်ခွင့် ရှိသူ အမှန်ဖြစ်ကြောင်း တာဝန်ခံ ပြောကြား သူရှိလျှင် ပြင်ဆင် ရေးမှတ်၍ မဲပေးခွင့် ပြုမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင် ပြည်သူလူထု သိရှိအောင် နိုင်ငံရေး ပါတီများ အနေဖြင့် အသိပညာပေး ဆောင်ရွက်စေလိုကြောင်း၊ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲ ကာလ တစ်လျောက် တည်ငြိမ် အေးချမ်းရေး အတွက် နိုင်ငံရေး ပါတီများ အနေဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားပါသည်။

    ၎င်းနောက် ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က အခြေခံ မဲစာရင်း ကြေငြာသည့် လုပ်ငန်း စဉ်မှရရှိသည့် သင်ခန်းစာများနှင့် တစ်နိုင်ငံလုံး မဲစာရင်း ကြေငြာမည့် လုပ်ငန်းစဉ်အား ရှင်းလင်း ပြောကြားပြီး တက်ရောက် လာသူများမှ သိရှိ လိုသည် များအား မေးမြန်းရာ ကော်မရှင် ဥက္ကဋ္ဌက ပြန်လည် ရှင်းလင်း ဖြေကြားပါသည်။

    ယင်းနောက် နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အတွက် ကျင့်ဝတ်ကို လက်မှတ် ရေးထိုး ရန်ကျန်ရှိသော နိုင်ငံရေး ပါတီများအနက် (၁၃) ပါတီမှ လက်မှတ် ရေးထိုး ကြပါသည်။ ယခင် လက်မှတ် ရေးထိုးခဲ့ကြသော ပါတီများမှာ (၆၉) ပါတီ ရှိခဲ့သဖြင့် စုစုပေါင်း (၈၂) ပါတီ ရှိပြီဖြစ်ပါသည်။ ကျန်ရှိသော ပါတီများ အနေဖြင့် နောင်ဆွေးနွေးပွဲများတွင် လက်မှတ် ရေးထိုးနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်သည်။

    ၎င်းနောက် ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကော်မရှင် ဥက္ကဋ္ဌက ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး ကော်မတီ အဆင့်ဆင့်၊ ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းခြင်း နှင့် စပ်လျဉ်း၍လည်းကောင်း၊ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း၊ မဲဆွယ် စည်းရုံးခြင်းဆိုင်ရာ ညွှန်ကြားချက်၊ မဲဆွယ် စည်းရုံးရေး ရန်ပုံငွေ ထုတ်ဖော်ကြေညာခြင်း၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်၊ မဲရုံ ကိုယ်စားလှယ်များ ဆိုင်ရာတို့နှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်း ဆွေးနွေးပြီး သိရှိလိုသည့် မေးမြန်းချက်များ အပေါ် ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည် ရှင်းလင်း ဆွေးနွေးပြီး ကော်မရှင် ဥက္ကဋ္ဌက နိဂုံးချုပ် အမှာ စကား ပြောကြားကာ အခမ်း အနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
    (သတင်းစဉ်)

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် လူမှု အဖွဲ့အစည်းများ အကြား ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်မှု ဆိုင်ရာ အစည်းအဝေး ကျင်းပ

    body

    ရန်ကုန် ဇူလိုင် ၂၀

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် လူမှု အဖွဲ့ အစည်းများ အကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှု ဆိုင်ရာ အစည်းအဝေးကို ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ကော်မရှင် အဖွဲ့ဝင်များနှင့် အတွင်းရေးမှူး၊ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးကိုကိုနှင့် ရွေးကောက်ပွဲ အရာရှိ ဦးခင်ဇော်ထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်း ( ၅၁ ) ဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်း( ၉ ) ဖွဲ့မှ တာဝန်ရှိသူ ( ၆၆ ) ဦး တက်ရောက် ခဲ့ကြသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် ယနေ့ အစည်း အဝေးသည် ကော်မရှင်နှင့် လူမှု အဖွဲ့အစည်းများ အကြား ပူးပေါင်း ညှိနှိုင်းခြင်း သတ္တမ အကြိမ်မြောက် ဖြစ်ကြောင်း၊ ယခုလို တွေ့ဆုံညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခဲ့သဖြင့်် ယခင် ရွေးကောက်ပွဲများ၏ အားနည်းချက်၊ လိုအပ်ချက်များကို ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွက်လည်း များစွာ အထောက်အကူ ဖြစ်ခဲ့ကြောင်း၊

    မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်း ရာတွင် ရွေးကောက်ပွဲသည် အသက်တစ်မျှ အရေးကြီးကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ရွေးကောက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် လွတ်လပ် မျှတ၍ ပွင့်လင်း မြင်သာမှုရှိစွာ ကျင်းပပေးမည် ဖြစ်ပြီး ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးခြင်းသည် နိုင်ငံ၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ ပုံရိပ်ဖြစ်ကြောင်း။

    လူမှုအဖွဲ့ အစည်းများ အနေဖြင့် ရွေးကောက်ပွဲ အောင်မြင်ရေး အတွက် ရွေးကောက်ပွဲ လုပ်ငန်းစဉ် များတွင် ပူးပေါင်း ဆောင်ရွက် ကြရန်နှင့် ဘက်လိုက်မှု ကင်းသည့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာခြင်းကို ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ အနေနှင့် ရွေးကောက်ပွဲတွင် ကော်မရှင်၊ နိုင်ငံရေး ပါတီများနှင့် မီဒီယာ များသည် ဥပဒေနှင့် အညီ ဆောင်ရွက်မှု ရှိ/မရှိနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ် များ၏ အားနည်းချက်၊ အားသာ ချက် များကို ကြည့်ရှု မှတ်တမ်း ပြုစုပြီး Report ရေးသား တင်ပြရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုလုပ် မိစေရန် အထူး သတိချပ် စေလိုကြောင်း၊ ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ သူများကို UEC Website တွင် ဖိတ်ခေါ်ထား ကြောင်း၊ ပြည်တွင်း စောင့်ကြည့် လေ့လာရေး လုပ်ငန်းစဉ်များနှင့်အညီ ကော်မရှင်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် မိမိတို့ စောင့်ကြည့် လေ့လာလိုသည့် အပေါ် မူတည်၍ လျှောက်ထားနိုင်ကြောင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ သူအားလုံး အနေဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက် များနှင့် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ ကျင့်ဝတ်ကို လိုက်နာရန် လိုကြောင်း။ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို လည်းကောင်း၊ လွှတ်တော်များ အလိုက် မဲဆန္ဒနယ် များကို လည်းကောင်း၊ လွှတ်တော် အသီးသီး အတွက် လွှတ်တော် ကိုယ်စားလှယ် လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် နေ့ရက်များကို လည်းကောင်း သတ်မှတ် ကြေညာပြီး ဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်ပြီး ပါက လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာခြင်းနှင့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ Election Campaign ဆောင်ရွက်မည့် ကာလကို သတ်မှတ် ကြေညာသွားမည် ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ကာလအလိုက်၊ လုပ်ငန်းစဉ် အလိုက် စောင့်ကြည့် လေ့လာရေး ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း။

    မဲစာရင်းများ ကြေညာသည့် အခါ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူအားလုံး မဲပေးခွင့် မဆုံးရှုံး ရအောင် မဲစာရင်းတွင် အမည်ပါရှိရေး၊ ပယ်မဲ မဖြစ်အောင် မှန်ကန်စွာ မဲပေးနိုင်ရေး တို့အတွက် လူမှု အဖွဲ့ စည်းများ အနေဖြင့် ပြည်သူလူထု အား အသိပညာပေး ဆောင်ရွက်ခြင်းကို အမျိုးသားရေး တာဝန် တစ်ရပ် အနေဖြင့် ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်ပေး ကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားပါသည်။

    ၎င်းနောက် အခြေခံ မဲစာရင်း ကြေငြာသည့် လုပ်ငန်းစဉ်မှ ရရှိသည့် သင်ခန်းစာများ နှင့် တစ်နိုင်ငံလုံး မဲစာရင်း ကြေငြာမည့် လုပ်ငန်းစဉ်အား ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ရှင်းလင်း ဆွေးနွေးပြီးနောက် တံဆိပ်တုံးနှင့် မဲပေးသည့် စနစ်အပေါ် ခိုင်လုံမဲ၊ ပယ်မဲနှင့် စပ်လျဉ်း၍ လူမှုအဖွဲ့ အစည်းများမှ အကြံပြု ဆွေးနွေးကြသည်။

    ယင်းနောက် ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် ပတ်သက်၍ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက လည်းကောင်း၊ ကျား/မ ညီမျှရေး လုပ်ငန်း တိုးတက်မှု အခြေအနေ နှင့် စပ်လျဉ်း၍ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်က လည်းကောင်း၊ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ဆိုင်ရာ သတင်းအချက် အလက်ကွန်ယက် ( MERIN-Myanmar Electoral Resources and Information Network) နှင့် စပ်လျဉ်း၍ IFES နှင့် MERIN မှ တာဝန်ရှိသူ များကလည်းကောင်း၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ ဆိုင်ရာ အသိအမှတ် ပြုလွှာ လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ကော်မရှင် အဖွဲ့ဝင် ဦးညွန့်တင်က လည်းကောင်း ရှင်းလင်း ဆွေးနွေးပြီးနောက် တက်ရာက်လာသူ များမှ သိရှိလိုသည့် မေးမြန်းချက်များ အပေါ် ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည် ရှင်းလင်း ဆွေးနွေး ကြပါသည်။

    ၄င်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအား လွတ်လပ် မျှတ၍ ပွင့်လင်း မြင်သာမှု ရှိစွာ ကျင်းပ နိုင်ရေးအတွက် လူမှု အဖွဲ့အစည်း များ၏ စွမ်းအားမှာ မဖြစ်မနေလိုအပ်သဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
    (သတင်းစဉ်)

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၏ စတုတ္ထ အကြိမ်မြောက် ဝါဆိုသင်္ကန်း ဆပ်ကပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပ

    body

    နေပြည်တော် ဇူလိုင် ၁၇

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၏ စတုတ္ထ အကြိမ်မြောက် ဝါဆိုသင်္ကန်း ဆပ်ကပ် လှူဒါန်းခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူခြင်း မင်္ဂလာအခမ်း အနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမ၌ ကျင်းပသည်။

    အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် သြဝါဒစရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာ ဝိသုတာရာမ စျေးကုန်း ကျောင်းတိုက် ဦးစီးပဓာန မဟာ နာယက ဆရာတော် အဘိဓဇ မဟာရ ဋ္ဌဂုရု အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တကဝိသာရ အမှူးပြုသော ဆရာတော် ၊ သံဃာတော်များ ကြွရောက် တော်မူကြပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်သူ့ လွှတ်တော် တရားစီရင်ရေး၊ ဥပဒေ ရေးရာနှင့် တိုင်ကြားစာများ၊ အသနား ခံစာများ စိစစ် ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို၊ ကော်မရှင် အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ တက်ရောက် ခဲ့ကြသည်။

    အခမ်း အနားကို နမောတဿ သုံးကြိမ် ရွတ်ဆို၍ ဘုရား ကန်တော့ ဖွင့်လှစ်ပြီး စျေးကုန်း ကျောင်းတိုက် ဆရာတော်ထံမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။

    ယင်းနောက် ဆရာတော် သံဃာတော်များက အန္တရာယ်ကင်းပရိတ် တရားတော် များနှင့် ကမ္မဝါတို့အား ရွတ်ပွား သရဇ္စျယ် တော်မူကြပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ဆရာတော်ထံ ဝါဆို သင်္ကန်းနှင့် လှူဖွယ် ဝတ္ထု ပစ္စည်းများ ဆပ်ကပ် လှူဒါန်းပါသည်။

    ၎င်းနောက် သူရဦးအောင်ကို၊ ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမြင့်နိုင်နှင့်ဇနီး၊ ဦးအောင်မြင့်၊ ဦးဝင်းကြည်နှင့်ဇနီး၊ ဦးညွန့်တင်နှင့်ဇနီး၊ ဦးဝင်းကို၊ ဦးစိုင်းခမ်းဝင်း၊ ဦးစောဘလှိုင်၊ ဦးစိုင်းနွံတောင်း၊ ဦးစိုင်းထွန်းသိန်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများက ဆရာတော် သံဃာတော်များထံ ဆက်ကပ် လှူဒါန်း ကြပါသည်။

    ထို့နောက် စျေးကုန်း ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရား နာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ဆရာတော် သံဃာတော် အရှင်သူမြတ် တို့အား နေ့ဆွမ်း ဆပ်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
    ( သတင်းစဉ် )

     

  • မဲစာရင်းမှာ အမည်ပါမှ မဲပေးနိုင်ကြောင်း သတိချပ်စေလိုပါသည်။

    မဲစာရင်းမှာ အမည်ပါမှ မဲပေးနိုင်ကြောင်း သတိချပ်စေလိုပါသည်။ မဲစာရင်း မှားယွင်းမှု ရှိနေသော်လည်း မဲပေးခွင့် မဆုံးရှုံးနိုင်ပါ။ မဲပေးပိုင်ခွင့်ရှိသူ အမှန်ဖြစ်ကြောင်း တာဝန်ခံ ပြောကြားသူ ရှိလျှင် ပြင်ဆင်ရေးမှတ်၍ မဲပေးခွင့် ပြုရမည်ဟု လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ ၅၀ (ဂ) တွင် အတိအလင်း ပြဋ္ဌာန်း ထားပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ