အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့
Filter
  • စုံညီခုံရုံးက အယူခံမှုအမှတ် (၂၈) အား အပြီးသတ်အမိန့်ချမှတ်ခြင်း

    body

    နေပြည်တော် ဇန်နဝါရီ ၁၇

    ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူ ဦးနေမျိုးထွန်း (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် ဦးသိန်းရီ(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၆/၂၀၁၅)ကို ၂၀၁၆ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့(၃)၏ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်)အား ဦးသိန်းရီက ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည်အယူခံမှုအမှတ်(၂၈/၂၀၁၆)ဖြင့်လက်ခံခဲ့သည်။ယင်းအယူခံမှုအား၂၀၁၇ခုနှစ်၊ ဇန်နဝါရီ ၁၇ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး၊ အဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့်စုံညီခုံရုံးမှ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် တွင် ဦးနေမျိုးထွန်းသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက် ခံရခြင်းသည် တရားဝင်အတည်ဖြစ်သည်ဟု ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးသိန်းရီ၏ ကန့်ကွက်လျှောက်ထားလွှာကို တရားစရိတ်နှင့်တကွပယ်ကြောင်းချမှတ်ခဲ့သည့် မူလ ရွေးကောက်ပွဲခုံအဖွဲ့(၃)၏ဆုံးဖြတ်ချက်ကို ဆက်လက်အတည်ပြုလိုက်ပြီး အယူခံလျှောက် ထားသူ၏အယူခံမှုကိုစရိတ်နှင့်တကွပယ်ကြောင်းနှင့်တရားစရိတ်ငွေကျပ်တစ်သိန်းကို အယူခံလျှောက်ထားသူက အယူခံလျှောက်ထားခံရသူအားပေးစေသည့် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ရွေးကောက်ပွဲခုံအဖွဲ့များမှ ဆုံးဖြတ်ချက် (အမိန့်)ချမှတ်ပြီးသောရွေးကောက်ပွဲကန့်ကွက်လွှာအမှုပေါင်းမှာ(၄၄)မှုရှိပြီး အပြီးသတ်အမိန့် ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာခဲ့သောအမှုပေါင်းမှာ ဇန်နဝါရီ ၁၇ရက် နေ့အထိ(၄၃)မှုရှိပြီဖြစ်သည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော် ဇန်နဝါရီ ၂၆
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ထိုသို့တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား တည်ငြိမ်အေးချမ်းအောင်မြင်စွာ ကျင်းပ ပေးနိုင်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။

    ၎င်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲတည်ငြိမ် အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ခြင်းမှာ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့်နှင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကော်မတီအဆင့်ဆင့်အား ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ အသိ ပညာပေးမှုဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ထိ ဆောင်ရွက်နိုင်ခဲ့ သော်လည်း ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့်တွင် အသိပညာပေးမှု အားနည်းခဲ့ပါကြောင်း၊ Voter Training ပိုင်းတွင် မဲရုံလုပ်ငန်းစဉ်များအတွက် အထောက်အကူပြု စာရွက်စာတမ်းများ၊ ဗွီနိုင်းပိုစတာများနှင့် ပစ္စည်းများဖြင့် ဆောင်ရွက်နိုင်ခဲ့သဖြင့် မဲပေးခြင်းလုပ်ငန်းစဉ်တွင် အဆင်ပြေချောမွေ့မှုရှိခဲ့ပါကြောင်း၊ကော်မရှင်အဖွဲ့ခွဲများတွင် ဝန်ထမ်းအင်အားလုံလောက်မှု မရှိခြင်းနှင့် ရုံးနေရာအခက်အခဲများရှိခဲ့ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အကူအညီ တောင်းခံဆောင်ရွက်ခဲ့ပါကြောင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့်စပ်လျဉ်း၍ Main Server တွင်ရှိပြီးသောစာရင်းများအား ၆ လ တစ်ကြိမ် Update ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယခု ရွေးကောက်ပွဲအတွေ့အကြုံ သင်ခန်းစာများအပေါ် မူတည်၍ ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဥပဒေ နည်းဥပဒေဆိုင်ရာ ပြင်ဆင်သင့်သည်များကို သုံးသပ်အကြံပြုသွားမှာ ဖြစ်ကြောင်းပြောကြားပြီး ဆက်လက်ဆောင်ရွက်ရမည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

  • ရွေးကောက်ပွဲကုန်ကျစရိတ် အမှုချိန်းဇယား

    {edocs}photo/news_photos/22-1-2016/10-2-16expense.pdf,100%,900{/edocs}

  • တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း ကြေညာချက် အမှတ် (၃/၂၀၁၆)

    {edocs}photo/news_photos/18-1-2016/repair.pdf,100%,900{/edocs}

  • တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း ကြေညာချက် အမှတ် (၂/၂၀၁၆)

    {edocs}photo/news_photos/18-1-2016/amyothar.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲခုံအဖွဲ့(၁) ဖွဲ့စည်းခြင်း

    {edocs}pdf/Orders/TriOrd/1.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲခုံအဖွဲ့(၂) ဖွဲ့စည်းခြင်း

    {edocs}pdf/Orders/TriOrd/2.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲခုံအဖွဲ့(၃) ဖွဲ့စည်းခြင်း

    {edocs}pdf/Orders/TriOrd/3.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲခုံအဖွဲ့(၄) ဖွဲ့စည်းခြင်း

    {edocs}pdf/Orders/TriOrd/4.pdf,100%,900{/edocs}

  • တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း ကြေညာချက် အမှတ် (၁/၂၀၁၆)

    {edocs}photo/news_photos/18-1-2016/pyithu.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲအသုံးစရိတ် ကြားနာမှု အစီအစဉ်

    {edocs}photo/news_photos/18-1-2016/20-1-2016-schedule.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများနှင့်ပတ်သက်သည့် ကိန်းဂဏာန်းများ

    {edocs}photo/news_photos/14-1-2016/14-1-2016-graph.pdf,100%,900{/edocs}

  • ၂၉-၆-၂၀၁၆ ရက်နေ့မှ ၁-၇-၂၀၁၆ ရက်နေ့အထိ ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုချိန်းဇယား

    {edocs}photo/news_photos/29-6-2016/29-6-2016calendar.pdf,100%,900{/edocs}

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုချိန်းဇယား

    {edocs}photo/news_photos/26-1-2016/29-4-16objection.pdf,100%,900{/edocs}

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၏ မင်္ဂလာနှုတ်ခွန်းဆက်လွှာ

    body

    တိုင်းရင်းသားလုပ်သားပြည်သူအပေါင်းတို့ခင်ဗျား။ နှစ်သစ်မှာ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။ 


    ၂၀၁၆ ခုနှစ်ဟာ ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နှစ်ဖြစ်အောင် စွမ်းဆောင် နိုင်ဖို့ ၂၀၁၅ ခုနှစ်အပေါ်ဝေဖန်သုံးသပ် သင်ခန်းစာယူဖို့လိုပါတယ်။ ၂၀၁၅ ခုနှစ်မှာ သင်ခန်းစာယူဖို့ အကောင်းဆုံးကတော့ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးပဲဖြစ်ပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတတယ်လို့ ပြည်တွင်း၊ ပြည်ပ စောင့်ကြည့်လေ့လာသူ များက အသိအမှတ်ပြုကြပါတယ်။ ရွေးကောက်ပွဲမှာ ပြည်သူလူထုဆန္ဒ ထင်ဟပ်ပေါ်လွင်စေ ခဲ့ပါတယ်။

    ဒီပါတီစုံအထွေထွေရွေးကောက်ပွဲကြီးမှာ သင်ခန်းစာယူရမှာက ပြည်သူပြည်သားများ သည်အဓိက၊ ပြည်သူပြည်သားတို့၏ အဆုံးအဖြတ်ကိုသာ လက်ခံရမှာဖြစ်ပါတယ်။ ပြည်သူ လူထုကိုစည်းရုံး၊ ဒေသဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်နေမှ ပြည်သူလူထုက ယုံကြည်အားကိုးမှာ ဖြစ်ပါတယ်။ လူထုယုံကြည်လက်ခံတဲ့ လူပုဂ္ဂိုလ်၊ ပါတီအဖွဲ့အစည်းဟာ လူထုထောက်ခံမှုကို ရမှာပဲဖြစ်ပါတယ်။ လူထုကို ရွေးကောက်ပွဲကာလမှ ဟောပြောစည်းရုံးရမှာ မဟုတ်ပါဘူး။ လူထုကို ထာဝရထိတွေ့စည်းရုံးပြီး လူထုကောင်းကျိုးကို စွမ်းဆောင်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှလည်း ရွေးကောက်ပွဲကျင်းပချိန်မှာ ပြည်သူလူထုထောက်ခံမှုနဲ့ အနိုင်ရပြီး ဒေသအကျိုးမှ နိုင်ငံတော်အကျိုးကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

    လူပုဂ္ဂိုလ်၊ ပါတီတွေဟာ ထန်းပင်ကြီးကဲ့သို့ မြင့်တော့မြင့်ပြီး အရိပ်အာဝါသ မပေးနိုင် တာမျိုးမဖြစ်စေပဲ မန်ကျည်းပင်ကြီးတွေလို၊ ကုက္ကိုလ်ပင်ကြီးတွေလို၊ ညောင်ပင်ကြီးတွေလို လူထုကို အရိပ်အာဝါသပေးပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာအောင် စွမ်းဆောင်ပေးနိုင် သော လူပုဂ္ဂိုလ်များ၊ ပါတီများဖြစ်အောင် ကြိုးစား ဆောင်ရွက်ပါလို့ နှစ်သစ်မှာ တိုက်တွန်း မေတ္တာရပ်ခံအပ်ပါတယ်။ လူမျိုး၊ ဘာသာ၊ သာသနာအကျိုး စွမ်းဆောင်နိုင်ကြပါစေ။

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် UNDP မှ Programme Specialist Mr. Edin Elgsaether နှင့်အဖွဲ့ အားလက်ခံ တွေ့ဆုံ

    Body

    နေပြည်တော် ဇန်နဝါရီ ၂၈ ရက်

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် သည် UNDP မှ Programme Specialist Mr. Edin Elgsaether နှင့် အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌရုံး၊ ဧည့်တွေ့ ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

    ထိုသို့ တွေ့ဆုံရာ တွင် UNDP အနေဖြင့် ရွေးကောက်ပွဲ နှင့်စပ်လျဉ်း ၍ နည်းပညာ ပိုင်းဆိုင်ရာ အကူအညီ ပေးမည့် ကိစ္စရပ် များ၊ Voter Education ဆောင်ရွက် ရာတွင် ကူညီ ဆောင်ရွက် နိုင်မည့် ကိစ္စရပ်များ၊ လူမှု အဖွဲ့ အစည်းများ၊ နိုင်ငံရေး ပါတီ များနှင့် လွှတ်တော် ကိုယ်စား လှယ်လောင်း များအား Capacity မြှင့်တင်ခြင်း ဆိုင်ရာ လုပ်ငန်းများ တွင် ပူးပေါင်း ဆောင်ရွက် သွားမည့် ကိစ္စရပ် တို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

    ယင်းသို့ တွေ့ဆုံရာ တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ အတွင်း ရေးမှူးနှင့် ကော်မရှင် ရုံးမှ တာဝန် ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သတင်း ရရှိသည်။

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် များနှင့် ပွင့်လင်း မြန်မာ့ ရှေ့ဆောင် မှ အဖွဲ့ဝင် များ၊ သင်တန်း သား၊ သင်တန်းသူ များ တွေ့ဆုံ

    body

    နေပြည်တော် ဇန်နဝါရီ ၂၇ ရက်

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် သည် ပွင့်လင်း မြန်မာ့ ရှေ့ဆောင်မှ အဖွဲ့ဝင် (၁၃) ဦးနှင့် သင်တန်းသား / သင်တန်းသူ (၂၇) ဦးတို့အား ယနေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည်တော် ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံး အစည်း အဝေး ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

    ထိုသို့ တွေ့ဆုံရာ တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် က အဖွင့်အမှာ စကား ပြောကြားပြီး ပွင့်လင်း မြန်မာ့ ရှေ့ဆောင်မှ အဖွဲ့ဝင် များနှင့် သင်တန်းသား၊ သင်တန်းသူ များက ရွေးကောက်ပွဲ နှင့် ပတ်သက်၍ မဲစာရင်း ပြုစုခြင်း၊ မဲဆန္ဒ ရှင်ပညာ ပေးခြင်း၊ ကြိုတင် မဲကိစ္စ၊ ပြည်တွင်း လေ့လာ စောင့်ကြည့် ရေးဆိုင်ရာ ကိစ္စရပ် များ၊ မဲပေးမှု စနစ်နှင့် ပါတီ ဆိုင်ရာ ကိစ္စရပ် များအား မေးမြန်းရာ ကော်မရှင် အဖွဲ့ဝင် များဖြစ် ကြသော ဦးဝင်းကြည် က အခြေခံ မဲဆန္ဒ ရှင်စာရင်း ပြုစုခြင်း ဆိုင်ရာ လုပ်ငန်းများ ကို လည်းကောင်း၊ ဦးညွန့်တင် က ဆန္ဒမဲ ပေးခြင်းနှင့် ကြိုတင် မဲပေးခြင်း ဆိုင်ရာ ကိစ္စရပ် များကို လည်းကောင်း၊ ဦးဝင်းကိုက ပြည်တွင်း လေ့လာ စောင့်ကြည့် ရေးအဖွဲ့များ ဖိတ်ခေါ် ထားရှိမှု၊ မဲဆန္ဒ ရှင်ပညာ ပေးခြင်း ကိစ္စ၊ မဲပေးမှု စနစ်နှင့် ရွေးကောက်ပွဲ ဥပဒေ၊ နည်း ဥပဒေ များ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင် ခြင်းဥပ ဒေနှင့် ပတ်သတ်၍ လည်းကောင်း ပြန်လည် ရှင်းလင်း ဖြေကြား ခဲ့သည်။

    ယင်းသို့ တွေ့ဆုံ ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ အတွင်း ရေးမှူးနှင့် ကော်မရှင် ရုံးမှ တာဝန်ရှိ သူများ တက်ရောက် ခဲ့ကြကြောင်း သတင်း ရရှိသည်။

  • မဟာ သုန္ဒရာ ရာမ ကျောင်းတိုက် 'အနန္တ ဂုဏ်ရည်' သာသနာ့ ဗိမာန် ငါးထပ် ကျောင်းတော် ကြီး ပန္နက် တော်တင် မင်္ဂလာအခမ်းအနားကျင်းပ

    Body

    မန္တလေး ဇန်နဝါရီ ၂၅

    မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီ:တံခွန်မြို့နယ်၊ မဟာ သုန္ဒရာ ရာမ ကျောင်းတိုက် အတွင်း၌ မန္နလေး ဂါးဒင်း စီးတီး ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက် မိသားစု တို့မှ အသစ် တည်ဆောက် လှူဒါန်း ပူဇော်မည့် 'အနန္တ ဂုဏ်ရည်' သာသနာ့ ဗိမာန် ငါးထပ် ကျောင်းတော် ကြီး ပန္နက် တော်တင် မင်္ဂလာ အခမ်း အနားကို ယနေ့ နံနက် ၉ နာရီက မန္တလေး၊ ပြည်ကြီး တံခွန်မြို့နယ်၊ မန္တလေး − နေပြည်တော် − ရန်ကုန် အမြန်လမ်း တံခွန်တိုင် အဝိုင်းအနီး တံခွန်တိုင် ရပ်ကွက်ရှိ မဟာ သုန္ဒရာ ရာမ ကျောင်းတိုက် အတွင်း၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး တက်ရောက် ပြီး သာသနာ့ ဗိမာန် ငါးထပ် ကျောင်းတော်ကြီး ပန္နတင်ဆောင်ရွက်ပေးသည်။

    အခမ်းအနားသို့ အရပူရမြို့၊ မဟာဂန္ဓာရုံ ကျောင်းတိုက်၊ နာယကချုပ် ဆရာတော် ဘဒ္ဒန္တ ဣန္ဒော ဘာသာ ဘိဝံသ ( အဘိဓဇ မဟာရဋ္ဌ ဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ ) အရှင်သူမြတ် အမှူးပြုသော ဆရာတော်၊ သံဃာတော် များ ကြွရောက် ချီးမြှင့်တော် မူကြပြီး မန္တလေး တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ သူရဦး အေးမြင့်၊ မန္တလေး တိုင်းဒေသကြီး နှင့် စစ်ကိုင်း တိုင်းဒေသကြီး တို့မှ အစိုးရ အဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင် မန္တလေး ဂါးဒင်း စီတီး ကုမ္ပဏီ လီမိတက် မိသားစုများ၊ ဖိတ်ကြား ထားသူများ တက်ရောက် ကြည်ညို ကြသည်။

    ရှေးဦးစွာ မန္တေလေးမြို့၊ မဟာ သုန္ဒရာ ရာမ ကျောင်းတိုက်၊ ပဓာန နာယက ဆရာတော် ဘန္ဒန္တ အာဝုဓ ( မဟာ ဂန္တဝါစက ပဏ္ဍိတ၊ သာသန ဓဇ ဓမ္မာ စရိယ၊ မဟာဂန္ဓာ ရာမိက ဓမ္မစရိယ ) နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ တိုင်းဒေသကြီ: ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် မဟာလောက ထွဋ်ခေါင် စေတီတော် အတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်အား ဖူးမြော် ကြည်ညို၍ ပန်း၊ ဆီမီးတို့ဖြင့် လှူဒါန်း ပူဇော်သည်။

    ထို့နောက် ' အနန္တ ဂုဏ်ရည်' သာသနာ့ ဗိမာန် ငါးထပ် ကျောင်းတော်ကြီး ပန္နက်တော်တင် မင်္ဂလာ ရေစက်ချက် အခမ်းအနား ကို အလှဗိမာန် တော်ကြီးတွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနား ကို နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ ဖွင့်လှစ်ပြီး မဟာ ဂန္ဓာရုံ ကျောင်းတိုက်၊ နာယကချုပ် ဆရာတော်ကြီး ထံမှ ဧည့်ပရိသတ် အပေါင်းမှ ငါးပါသီလ ခံယူဆောက်တည် ကြကာ ဆရာတော်၊ သံဃာတော် အရှင်မြတ်တို့ ရွတ်ပွား ချီးမြှင့်တော် မူသော ပရိတ် တရားတော် မြတ်ကို နာယူကြည် ညိုကြပြီး နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ အလှူရှင် များက ဆရာတော်၊ သံဃာတော် များတို့ထံ သာသနာ့ ဗိမာန်တော် ကြီး၏ ပန္နက်တော်များ၊ လှူဘွယ် ဝတ္ထု ပစ္စည်းများကို အသီးသီး ဆက်ကပ် လှူဒါန်း ကြသည်။

    ထို့နောက် မဟာ သုန္ဒရာ ရာမ ကျောင်းတိုက် ၊ ပဓာန နာယက ဆရာတော် ထံမှ ရေစက်ချ အနုမော ဒနာ တရားကို နာယူကြပြီး လှူဒါန်းမှု အစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။

    ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ န္တလေး တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ သူရဦး အေးမြင့်၊ အလှူရှင် နှင့် တာဝန်ရှိ သူများသည် ' အနန္တ ဂုဏ်ရည်' သာသနာ့ ဗိမာန် ငါးထပ် ကျောင်းတော်ကြီး ပန္နက်တော် တင်လှူ ပူဇော်မည့် သတ်မှတ် မြေနေရာ အသီးသီး တို့တွင် ရောက်ရှိ နေရာယူ ကြကာ မင်္ဂလာ အချိန်၌ တစ်ပြိုင်တည်း ပန္နက်တော်တင် ဆောင်ရွက် ပေးကြပြီး အမွှေး နံ့သာရည် များပက်ဖြန်း ပေးကာ ပန္နက်တော်တင် မင်္ဂလာ အခမ်းအနား အောင်မြင်ခြင်း အထိမ်း အမှတ်ဖြင့် မင်္ဂလာ ရွှေမိုးငွေမိုး ရွာသွန်းဖြိုး ပေးကာ ဆရာတော်၊ သံဃာတော် များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ ကြကြောင်း သတင်း ရရှိသည်။

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ များ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်း များ ပူးပေါင်း ဆောင်ရွက် လျက်ရှိ သည့်ဝန်ကြီး ဌာနများ လုပ်ငန်း ညှိနှိုင်း အစည်း အဝေး ကျင်းပ

    body

    နေပြည်တော် ဇန်နဝါရီ ၂၃

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ များ၊ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်း များပူးပေါင်း ဆောင်ရွက် လျက်ရှိသည့် ဝန်ကြီး ဌာနများ လုပ်ငန်း ညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် (၉) နာရီခွဲ တွင် နေပြည်တော် ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးအစည်း အဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင် များ၊ ပြည်ထောင်စု ဝန်ကြီး ဌာန များမှ ဒုတိယ ဝန်ကြီး များနှင့် တာဝန် ရှိသူများ၊ ကော်မရှင် အတွင်း ရေးမှူး တိုင်းဒေ သကြီးနှင့် ပြည်နယ် ကော်မရှင် အခွဲ့ခွဲ များမှ ဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် ရွေးကောက်ပွဲ အရာရှိများ၊ ကော်မရှင် ရုံး မှတာဝန် ရှိသူများ တက်ရောက် ကြသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အမှာ စကား ပြောကြား ရာတွင် အထွေထွေ ရွေးကောက်ပွဲ ကို ယခုနှစ် အောက်တိုဘာ လကုန် သို့မဟုတ် နိုဝင်ဘာ လဆန်း ပိုင်းမှာ ကျင်းပ သွားဖို့ သတ်မှတ် ကြေညာ ထားကြောင်း၊ အခြေခံ မဲဆန္ဒရှင် စာရင်း ပြုစုခြင်း ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ လမှ စတင် ဆောင်ရွက် လျက်ရှိကြောင်း၊ အဆင့် လေးဆင့်နှင့် ဆောင်ရွက် သွားမည် ဖြစ်ပြီး မဲဆန္ဒရှင် များ အနေနှင့် Online မှ ကြည့်ရှု နိုင်ရေး ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း၊ မကြာမီ ကာလတွင် Voter Training နှင့် Voter Education လုပ်ငန်း များကို ဆောင်ရွက် မှာ ဖြစ်ကြောင်း၊ Voter Education ဆောင်ရွက် ရာတွင် တိုင်းဒေ သကြီး၊ ပြည်နယ် များ၊ ခရိုင်၊ မြို့နယ် ကော်မရှင် အဖွဲ့ခွဲမှ ဝန်ထမ်းများ၊ ရွေးကောက်ပွဲ နှင့် သက်ဆိုင် သည့် ဝန်ကြီး ဌာနများ မှ ဝန်ထမ်း များ၊ နိုင်ငံရေး ပါတီများ၊ လူမှု အဖွဲ့ အစည်း (CSO) များနှင့် မီဒီယာ များကို လေ့ကျင့် ပညာ ပေးသွား မှာဖြစ် ကြောင်း၊ ပွင့်လင်း မြင်သာ သော ရွေးကောက်ပွဲ ဖြစ်စေရန် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်၊ မဲရုံ ဝန်ထမ်း များ၊ သက်ဆိုင်ရာ ဝန်ထမ်းများ၊ နိုင်ငံရေး ပါတီများ၊ CSO များ၊ မီဒီယာ များအနေ ဖြင့် ဥပဒေ၊ နည်းဥ ပဒေနှင့် လုပ်ငန်း လမ်းညွှန် များကိုသိရှိပြီး ဥပဒေနဲ့ အညီ တိတိ ကျကျ လိုက်နာ ဆောင်ရွက် သွားရန် လိုကြောင်း၊ ဥပဒေ ကို သိရှိ မှသာ အမှား အမှန်ကို သိရှိပြီး Check & Blance လုပ်နိုင်မှာ ဖြစ်ကြောင်း၊ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ များ အခန်း (၁၃) တွင် ပြဌာန်း ထားသည့် ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုများ နှင့်ပြစ်ဒဏ် များကို ဖောက်ဖျက် ကျူးလွန်၍ တိုင်ကြား လာပါက မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ အနေနှင့် တည်ဆဲ ဥပဒေ များနဲ့ အညီ တိတိ ကျကျ ဆောင်ရွက် သွားရန် လိုကြောင်း၊ အဆင့်ဆင့် သော ကော်မရှင် အဖွဲ့ခွဲ များ မှလည်း တိုင်ကြား ချက်များ ကိုသိရှိ နိုင်ရန် ညှိနှိုင်း ထားရန် လိုပြီး ဖြစ်စဉ်များ ကို အချိန်နှင့် တစ်ပြေးညီ ကော်မရှင် သို့ အသိပေး တင်ပြရန် လိုကြောင်း၊

    မဲဆန္ဒ ရှင်ပညာ ပေးခြင်း (Voter Education) ဆောင်ရွက် ရာတွင် ရွေးကောက်ပွဲ ဆိုင်ရာ အသိပေး ကြေညာ ချက်များ၊ အမေး အဖြေ ကဏ္ဍများ၊ ဗီဒီယို ဇာတ်လမ်း များကို ရုပ်မြင် သံကြားနှင့် အသံလွှင့် အစီ အစဉ်များမှ ထုတ်လွှင့်ခြင်း၊ လက်ကမ်း စာစောင် များ၊ ကြော်ငြာ ဆိုင်းဘုတ်များ၊ ကာတွန်း ရုပ်ပုံများ ဖြန့်ဝေ ခြင်းဖြင့် ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ တိုင်းရင်း သားများ အတွက် သက်ဆိုင်ရာ ဘာသာ စကားများ ဖြင့် ပြန်ဆို အသိ ပညာပေး ဆောင်ရွက် ရမှာ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီး ဌာနများ အနေဖြင့် ပူးပေါင်း ဆောင်ရွက် ပေးကြရန် ပြောကြား လိုကြောင်း၊

    ရွေးကောက်ပွဲ ကျင်းပ မည့်ရက် မကြေညာ မီ မဲဆန္ဒ နယ်များ နှင့် တိုင်းရင်းသား လူမျိုး လွှတ်တော် ကိုယ်စားလှယ် များအတွက် ရွေးကောက် ခံခွင့်ရှိသော တိုင်းရင်းသား လူမျိုး များကို သတ်မှတ် ကြေညာ ပေးရမှာ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၆၁ (ခ)နှင့် (ဂ) အရ ဆောင်ရွက် နိုင်ရန် လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန အနေ ဖြင့် အတည်ပြု ပြီးသော စာရင်း များကို ဆောလျင် စွာ ကော်မရှင် သို့ပေးပို့ ရန်လိုကြောင်း၊

    ရွေးကောက်ပွဲ ကိုပွင့်လင်း မြင်သာမှု ရှိစေရန် နိုင်ငံ တကာ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့် ရေးအဖွဲ့ များကို ဖိတ်ခေါ် သွားမှာ ဖြစ်ကြောင်း၊ နိုင်ငံ တကာ လေ့လာရေး အဖွဲ့များ အနေဖြင့် ကော်မရှင် ကပြဋ္ဌာန်း ထားသည့် ကျင့်ဝတ် များနှင့် အညီ လေ့လာ စေမှာ ဖြစ်ကြောင်း၊ ကျင့်ဝတ် များကို နိုင်ငံ တကာ စံချိန် စံညွှန်း များနဲ့ အညီ နိုင်ငံတော် ၏နိုင်ငံ ခြားရေး မူဝါဒ ကို မထိ ခိုက်အောင် သက်ဆိုင် ရာဝန်ကြီး ဌာနနှင့် ညှိနှိုင်းရေး ဆွဲထုတ်ပြန် မှာဖြစ်ကြောင်း၊ ၄င်းအဖွဲ့ များ၏ လုပ်ငန်း များအဆင် ပြေချော မွေ့စေ ရေးအတွက် လိုအပ်ချက် များ အကူ အညီ တောင်းခံ လာပါက ထုတ်ပြန် ထားသည့် Code of Conduct များ၊ ဥပဒေ များနှင့် အညီ ကူညီ ဆောင်ရွက် ပေးစေ လိုကြောင်း၊

    စာသင် ကျောင်းများ တွင် မဲရုံများ ဖွင့်လှစ် ရမှာ ဖြစ်ကြောင်း၊ အခက် အခဲ ရှိပါက စည်ပင် သာယာနှင့် နယ်ဘက်မှ မဏ္ဍပ်များ ငှားရမ်း၍ မဲရုံ ဖွင့်နိုင်ရေး ဆောင်ရွက် နိုင်ကြောင်း၊ မဲရုံ ဖွင့်နိုင် ပါကြောင်း၊ မဲရုံမှူး နှင့် အဖွဲ့ဝင် များကို ခန့်ထား ရာတွင် ဝန်ထမ်း ကိုတာဝန် ပေးရန် ဥပဒေမှ ပြဋ္ဌာန်းထား သည့်အတွက် ပညာရေး မှ ဆရာ/ ဆရာမ များသာ ဖြစ်ဖို့ များကြောင်း၊ သက်ဆိုင်ရာ ကျေးရွာမှ ဆရာ /ဆရာမ များကို သက်ဆိုင်ရာ မဲရုံတွင် တာဝန် ချသော ကြောင့် ကောင်းကျိုး ရှိ သကဲ့သို့ ဆိုးပြစ် တွေလည်း ရှိမှာ ဖြစ်သည့် အတွက် အဆင့်ဆင့် သော ကော်မရှင် အဖွဲ့ခွဲ များအနေ ဖြင့် မလိုလား အပ်သည့် ဖြစ်စဉ်များ မဖြစ် စေရန် ကြပ်မတ် ဆောင်ရွက် သွားရန် လိုကြောင်း၊

    အစိုးရ ၏ခွင့်ပြု ချက်ဖြင့် နိုင်ငံ ပြင်ပ ရောက်ရှိ နေသည့် ဆန္ဒ မဲပေး ခွင့်ရှိသော နိုင်ငံ သားများ မဲပေးခွင့် မဆုံးရှုံး ရအောင် နိုင်ငံခြား ရေးဝန်ကြီး ဌာန၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနနှင့် အလုပ် သမား၊ အလုပ် အကိုင်နှင့် လူမှု ဖူလုံ ရေးဝန်ကြီး ဌာန များမှ ပူးပေါင်း ဆောင်ရွက် ပေးရန် လိုအပ် ကြောင်း၊

    ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကို လွတ်လပ် တရား မျှတပြီး ပွင့်လင်း မြင်သာမှု ရှိစေရန် ကမ္ဘာက စောင့်ကြည့် နေမှာ ဖြစ်သ ကဲ့သို့ ကော်မရှင် အနေ ဖြင့်လည်း ဥပဒေ နှင့် အညီ ဆောင်ရွက် မှာဖြစ် ကြောင်း၊ အစိုးရ အဖွဲ့ အစည်းများ၊ ဝန်ထမ်း များ အနေ ဖြင့်ဘက် မလိုက်ဘဲ ဥပဒေ နှင့် အညီ တိကျစွာ ဆောင်ရွက် စေလို ကြောင်း၊ ပြည်ထဲရေး ဝန်ကြီး ဌာန အထူး သဖြင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ရွေးကောက်ပွဲ လုံခြုံရေး စီမံချက် ကို သီးသန့် ရေးဆွဲပြီး ကြပ်ကြပ် မတ်မတ် ဆောင်ရွက် စေလိုကြောင်း၊ ကာကွယ်ရေး ဝန်ကြီး ဌာန ကလည်း ပါဝင် ပူးပေါင်း ဆောင်ရွက် ပေးစေ လိုကြောင်း၊

    အသီးသီး သောဝန်ကြီး ဌာန များက ကော်မရှင် အဖွဲ့ခွဲ များနှင့် ဥပဒေ အရ တာဝန် ပေးအပ် ထားသည့် မဲရုံ ဝန်ထမ်း များအပေါ် ဖိအား မပေးဖို့ လိုကြောင်း၊ အဆင့်ဆင့် သော ကော်မရှင် အဖွဲ့ခွဲ များအနေ ဖြင့်လည်း ရွေးကောက်ပွဲ တာဝန် ထမ်းဆောင် ရာတွင် မည်သည့် ဖိအား ကိုမှ အလေး မထားဘဲ ရဲရဲ ဝံ့ဝံ့ ပြတ်ပြတ် သားသား ဆောင်ရွက် သွားရန် တာဝန် ပေးမှာကြား လိုကြောင်း၊ ရွေးကောက်ပွဲ တွင် မဲလိမ်၊ မဲခိုး၊ ဘက်လိုက်မှု များ ရှိနေပါက အရွေး ချယ်ခံ ရသည့် ကိုယ်စားလှယ် များသည် သိက္ခာ မဲ့ပြီး ၄င်းကိုယ်စား လှယ်များ ဖြင့် ဖွဲ့စည်း ဆောင်ရွက် သည့် လွှတ်တော်၊ အစိုးရ အဖွဲ့ မှာလည်း ကမ္ဘာ့ အလယ်တွင် မျက်နှာ ငယ်ရမှာ ဖြစ်သည့် အတွက် နိုင်ငံတော် နှင့် တိုင်းပြည် ဂုဏ်သိက္ခာ မညှိုး နွမ်းရ အောင် ဥပဒေ နှင့်အညီ တိတိ ကျကျ ဆောင်ရွက် ကြရန် တိုက်တွန်း လိုကြောင်း ပြောကြား ခဲ့ပါသည်။

    ၎င်းနောက် တိုင်းဒေ သကြီး/ ပြည်နယ် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ များက အခြေခံ မဲဆန္ဒ ရှင်စာရင်း ပြုစု နေမှု အခြေ အနေ နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် ပြင်ဆင် ဆောင်ရွက် ထားရှိမှု များနှင့် လိုအပ်ချက် များကို တင်ပြ ဆွေးနွေး ကြပါသည်။

    ပြည်ထဲရေး ဝန်ကြီး ဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှ ရွေးကောက်ပွဲ လုပ်ငန်းစဉ် များ အဆင်ပြေ ချောမွေ့ စေရေး အတွက် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့် တွင် အတွင်း ရေးမှူးများ ခန့်အပ် တာဝန် ပေးထား ပြီးဖြစ် ပါကြောင်း၊ လိုအပ်သော ရပ်ကွက်/ ကျေးရွာ အုပ်စု ကော်မရှင် အတွင်း ရေးမှူးများ ခန့်ထား နိုင်ရေး ကိုလည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် / ကျေးရွာ အုပ်စု အဆင့်ဆင့် အား ရွေးကောက်ပွဲ လုပ်ငန်းစဉ် များတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်ရန် ညွှန်ကြား ထားပါ ကြောင်း တင်ပြ ဆွေးနွေး ပါသည်။

    ပြည်ထဲရေး ဝန်ကြီး ဌာန၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှ ဆန္ဒမဲ လက်မှတ်များ ထိန်းသိမ်း ထားစဉ် လုံခြုံရေး စီမံချက်၊ မဲရုံသို့ ဆန္ဒမဲ လက်မှတ်များ ပို့ဆောင်စဉ် လုံခြုံရေး စီမံချက်၊ ဆန္ဒမဲ ပေးနေ စဉ်ကာလ အတွင်း လုံခြုံရေး စီမံချက်၊ ဆန္ဒမဲ လက်မှတ်များ ရေတွက် နေစဉ် လုံခြုံရေး စီမံချက်၊ မဲရရှိမှု စာရင်းများ ပေးပို့စဉ် လုံခြုံရေး စီမံချက် များရေးဆွဲ ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ပြင် ပြည်တွင်း/ ပြည်ပ သံတမန် များနှင့် နိုင်ငံ တကာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ များ၏ လုံခြုံရေး စီမံချက်၊ မီးဘေး လုံခြုံရေး စီမံချက်၊ ရွေးကောက်ပွဲ ဝင်မည့်  လွှတ်တော် ကိုယ်စား လှယ်လောင်း များ၏ လုံခြုံရေး စီမံချက် များကိုပါ ရေးဆွဲ ဆောင်ရွက် မည်ဖြစ် ပါကြောင်း တင်ပြ ဆွေးနွေး ပါသည်။

    လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနမှ သန်းခေါင် စာရင်း ကောက်ယူ ခဲ့မှုအရ အုပ်စု အလိုက် လူဦးရေ စာရင်း များအား ၂၀၁၅ ခုနှစ်၊ မေလ တွင် ထုတ်ပြန် နိုင်မည် ဖြစ်ပြီး တိုင်းရင်းသား လူမျိုးစု အလိုက် လူဦးရေ စာရင်းအား ရွေးကောက်ပွဲ ၏လိုအပ် ချက်နှင့် အညီ ထုတ်ပြန် ပေးနိုင်ရေး ကြိုးစား ဆောင်ရွက်မည် ဖြစ်ကြောင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်း ပုံစံ (၆၆/၆) များအား မိုးပွင့် စီမံချက် များဖြင့် ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ ရပ်ကွက်/ ကျေးရွာ အဆင့်ထိ နိုင်ငံသား စိစစ်ရေး ကတ်ပြား နှင့် အိမ်ထောင်စု လူဦးရေ စာရင်း ပုံစံ (၆၆/၆) မရှိသေး သူများအား စာရင်း ကောက်ယူ ပြီး ဆောင်ရွက် ပေးလျက် ရှိကြောင်း ရှင်းလင်း တင်ပြပါသည်။

    ပြန်ကြားရေး ဝန်ကြီး ဌာနမှ ဥပဒေ၊ နည်းဥပဒေ နှင့်လုပ်ငန်း လမ်းညွှန် စာအုပ် များပုံနှိပ် ဆောင်ရွက် နေမှု၊ မဲလက်မှတ် များရိုက်နှိပ် ရေး ကြိုတင် ပြင်ဆင် ဆောင်ရွက်မှု၊ Voter Education အတွက် ပြင်ဆင် ဆောင်ရွက် နေမှု တို့အား ရှင်းလင်း တင်ပြ ပါသည်။

    ပညာရေး ဝန်ကြီး ဌာနမှ မဲရုံမှူး နှင့် အဖွဲ့ဝင် များ ခန့်ထား နိုင်ရေး နှင့် မဲရုံများ ကြိုတင် ပြင်ဆင် လျာထား နိုင်ရန် လိုအပ်သည့် စာရင်း ဇယား များအား ကြိုတင် ပေးပို့ ပေးပါရန် တင်ပြ ပါသည်။

    ကာကွယ်ရေး ဝန်ကြီး ဌာန၊နိုင်ငံ ခြားရေး ဝန်ကြီး ဌာန၊ အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ဌာန၊ ကျန်းမာရေး ဝန်ကြီး ဌာနနှင့် ပြည်ထောင်စု ရှေ့နေ ချုပ်ရုံး တို့မှ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက် နေမှု များကို ဆွေးနွေး တင်ပြ ပါသည်။

    ကော်မရှင် အဖွဲ့ဝင် များဖြစ် ကြသည့် ဦးမြင့်နိုင်၊ ဦးဝင်းကြည် နှင့် ဦးဝင်းကို တို့မှ လိုအပ် သည်များ ကို ပါဝင် ရှင်းလင်း ဆွေးနွေး ခဲ့ကြသည်။

    ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး က ရွေးကောက်ပွဲ လုပ်ငန်းစဉ် များအား အောင်မြင်စွာ ဆောင်ရွက် နိုင်ရေး အတွက် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့် နှင့် ဝန်ကြီး ဌာနများ အနေဖြင့် ပူးပေါင်း ဆောင်ရွက် သွားရန် လိုကြောင်း၊ ဝန်ကြီး ဌာန များမှ လည်း အဆင့်ဆင့် အား ညွှန်ကြား ဆောင်ရွက် ပေးနိုင် ပါရန် နိဂုံးချုပ် အမှာ စကား ပြောကြားပြီး အခမ်း အနားကို ရုပ်သိမ်း လိုက်သည်။

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး မြန်မာ နိုင်ငံ ဆိုင်ရာ ဥရောပ သမဂ္ဂ သံအမတ် ကြီးH.E Mr. Roland Kobia နှင့်International IDEA အထွေထွေ အတွင်းရေး မှူးချုပ် Mr.Yves Leterme ၊ Regional Director Ms.Leena Rikkila Tamang အဖွဲ့အား လက်ခံ တွေ့ဆုံ

    body

    နေပြည်တော် ဇန်နဝါရီ ၂၀ ရက်


    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး သည် မြန်မာ နိုင်ငံ ဆိုင်ရာ ဥရောပ သမဂ္ဂ သံအမတ် ကြီး H.E Mr. Roland Kobia နှင့် International IDEA ၏ အထွေထွေ အတွင်းရေး မှူးချုပ် Mr.Yves Leterme ၊ Regional Director Ms.Leena Rikkila Tamang အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံး ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

    ထိုသို့ တွေ့ဆုံရာ တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင် ရေးအတွက် လုပ်ငန်း ဆောင်ရွက် နေမှုများ၊ နိုင်ငံရေး ပါတီများ၊ CSO များ၊ မီဒီယာ များနှင့် ပူးပေါင်း ဆောင်ရွက်မှု ၊ Voter Education နှင့် ပတ်သက်၍ နိုင်ငံ တကာ အဖွဲ့ အစည်း ဖြစ်သော EU၊ IFES၊ IDEA တို့နှင့် ဆောင်ရွက် နေမှုများ နှင့် ဆက်လက် ဆောင်ရွက် မည့် လုပ်ငန်း စဉ်များအား ရှင်းလင်း ပြောကြား သည်။ အဆိုပါ အဖွဲ့မှ Ms.Leena Rikkila Tamang နှင့် Ms.Ashley Pritchard တို့က EU အနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် ပူးပေါင်း ဆောင်ရွက်ရာ တွင် ရွေးကောက်ပွဲ လုပ်ငန်းစဉ် များ အောင်မြင်ရေး ရွေးကောက်ပွဲ ကော်မရှင် နှင့် Stakeholder များ ပူးပေါင်း ဆောင်ရွက် နိုင်ရေး၊ Voter Education ဆောင်ရွက် ရာတွင် Workshop များ၊ သင်တန်း များ ပြုလုပ်ခြင်း၊ နိုင်ငံရေး ပါတီများ အနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် အပြု သဘော ဆောင် ပူးပေါင်း ဆောင်ရွက်ရေး၊ နိုင်ငံရေး ပါတီများ ၏ Capacity မြှင့်တင် ပေးခြင်း၊ လူမှု အဖွဲ့ အစည်းများ အနေဖြင့် အများ ပြည်သူ အသိ ပညာ ပေးခြင်း လုပ်ငန်းများ လုပ်ဆောင် နိုင်ရေး အတွက် သင်တန်းများ ပေးခြင်း၊ ၎င်းတို့၏ Capacity အားမြှင့်တင် ပေးခြင်း၊ မီဒီယာ များနှင့် ပတ်သက်၍ နိုင်ငံ တကာ စံချိန် စံညွှန်း များနှင့် အညီ လိုက်နာရေး၊ ရေးသား နိုင်ရေး၊ ဘက်လိုက် ခြင်းမရှိ ဘဲ သတင်းပေး နိုင်ရေး စသည့် ဆောင်ရွက် မည့် လုပ်ငန်းစဉ် များအား Powerpoint ဖြင့် ရှင်းလင်း တင်ပြ ဆွေးနွေး ခဲ့ပြီး EU သံအမတ် ကြီးက EU အနေဖြင့် ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ စေလွှတ် မည်ဖြစ် သဖြင့်ဖိတ်ကြားစာ ပေးပို့ပေး ပါရန် ပြောကြား ခဲ့သည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက တင်ပြချက် များအပေါ် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့သည်။

    ယင်းသို့ တွေ့ဆုံရာ တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အတူ ကော်မရှင် အဖွဲ့ဝင် များဖြစ် ကြသော ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဒေါက်တာ ဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်၊ ဦးညွန့်တင်၊ ဦးဝင်းကို၊ အတွင်း ရေးမှူး ဦးတင်ထွန်း နှင့် ကော်မရှင် ရုံးမှ တာဝန်ရှိ သူများ တက်ရောက် ခဲ့ကြောင်း သတင်း ရရှိသည်။

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး The Richardson Center နှင့် American Council of Young Political Leaders အဖွဲ့မှ ပညာရှင်များအား လက်ခံ တွေ့ဆုံ

    body

    နေပြည်တော် ဇန်န ဝါရီ ၁၉ ရက်

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး သည် The Richardson Center နှင့် American Council of Young Political Leaders အဖွဲ့မှ ပညာ ရှင်များ အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံး ဧည့်ခန်း မဆောင်၌ လက်ခံ တွေ့ဆုံသည်။

    ထိုသို့ တွေ့ဆုံရာ တွင် The Richardson Center နှင့် American Council of Young Political Leaders အဖွဲ့မှ ရွေးကောက်ပွဲ နှင့်ပတ်သက် ၍ မဲစာရင်း ပြုစုခြင်း၊Voter Education ဆောင်ရွက်မှု၊ CSO များ အနေဖြင့် ပါဝင် ဆောင်ရွက် နိုင်မည့် ကဏ္ဍများ အား မေးမြန်းရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက မဲစာရင်း ပြုစုခြင်း ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက် နေမှု၊၂၀၁၅ ရွေးကောက်ပွဲ အတွက် ဆောင်ရွက် လျက် ရှိသည့် လုပ်ငန်း စဉ်များ၊ CSO များ အနေဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ် များတွင် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြင့်လည်းကောင်း၊ Observer အနေဖြင့် လည်းကောင်း၊ ဆောင်ရွက် နိုင်သည့် အခြေ အနေများ နှင့် ပူးပေါင်း ဆောင်ရွက် မည့် CSO များ အနေဖြင့် ပါတီ နိုင်ငံရေး ကင်းရှင်းရန် လိုအပ်မှု တို့ကို ရှင်းလင်း ပြောကြား ခဲ့သည်။

    ယင်းသို့ တွေ့ဆုံရာ တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အတူ ကော်မရှင် အဖွဲ့ဝင် များဖြစ် ကြသော ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဒေါက်တာ ဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်၊ ဦးညွန့်တင်၊ ဦးဝင်းကို၊ အတွင်း ရေးမှူး ဦးတင်ထွန်း နှင့် ကော်မရှင် ရုံးမှ တာဝန် ရှိသူများ တက်ရောက် ခဲ့ကြောင်း သတင်း ရရှိသည်။

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် များနှင့် NDI မှ Dr.Neil Nevitte ဦးဆောင် သော အဖွဲ့ တွေ့ဆုံ

    Body

    နေပြည်တော် ဇန်နဝါရီ ၁၂ 

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် သည် NDI မှ Dr.Neil Nevitte ဦးဆောင် သောအဖွဲ့ အား ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော် ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံ ဧည့်ခန်း မဆောင်၌ လက်ခံ တွေ့ဆုံ သည်။

    ထိုသို့ တွေ့ဆုံ ရာတွင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ တွင် ပြည်တွင်း လေ့လာ စောင့်ကြည့် ရေးနှင့် ပတ်သက်၍ လည်းကောင်း၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများ အား ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး နှင့် ပတ်သက်၍ သင်တန်း များ ပို့ချ နေမှုကို လည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် ပူးပေါင်း ဆောင်ရွက် နိုင်မည့် ကိစ္စရပ် များကို လည်းကောင်း ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

    ယင်းသို့ တွေ့ဆုံ ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် များ၊ အတွင်း ရေးမှူးနှင့် ကော်မရှင် ရုံးမှ တာဝန် ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သတင်း ရရှိသည်။

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး International Republican Institute ၏ ဌာနေ ညွှန်ကြား ရေးမှူး Mr. Stephen Cima နှင့် အဖွဲ့အား လက်ခံ တွေ့ဆုံ

    Body

    နေပြည်တော် ဇန်နဝါရီ ၇ 

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး သည် International Republican Institute (IRI) ၏ ဌာနေ ညွှန်ကြား ရေးမှူး Mr. Stephen Cima နှင့် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံး ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

    ထိုသို့ တွေဆုံရာ တွင် International Republican Institute ၏ ဌာနေ ညွှန်ကြား ရေးမှူး Mr. Stephen Cima က IRI အနေဖြင့် နိုင်ငံရေး ပါတီများ စွမ်းရည် မြှင့်တင်ရေး နှင့်မဲဆွယ် စည်းရုံးရေး စွမ်းရည် မြှင့်တင်ရေး အတွက် သင်တန်းများ ပို့ချလျက် ရှိကြောင်း၊ IRI အနေဖြင့် ပူးပေါင်း ဆောင်ရွက် ရာ၌ နိုင်ငံရေး ပါတီများ အားလုံး ပါဝင် စေလိုပြီး တန်းတူ ညီမျှ ပါဝင် နိုင်ဖို့ ဆန္ဒ ရှိကြောင်း၊ အရပ်ဘက် လူမှု အဖွဲ့ အစည်းများ အနေဖြင့် မဲဆန္ဒ ရှင်ပညာ ပေးခြင်း ကိုဆောင်ရွက် ရာတွင် ထိရောက် သောပညာ ပေးမှု ဖြစ်စေရေး၊ လုပ်ငန်း ဆိုင်ရာ စီမံခန့်ခွဲ မှုကောင်းမွန် ရေးနှင့် မဲဆန္ဒရှင် များပညာ ပေးခြင်း ဆိုင်ရာ နိုင်ငံတ ကာစံချိန် စံညွှန်းများ မျှဝေပေး ခြင်းတို့ကို ဆောင်ရွက် သွားမှာ ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့်လည်း ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း ပြောကြား သည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက IRI အနေဖြင့် ပူးပေါင်း ဆောင်ရွက်မှု အတွက် ကြိုဆို ကြောင်း၊ မြန်မာ နိုင်ငံ၏ ရွေးကောက်ပွဲ အား ပွင့်လင်း မြင်သာ စွာဖြင့် အောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် နိုင်ငံတ ကာအဖွဲ့ အစည်းများ နှင့်လည်း ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်း များအနေ ဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ် များအား ပူးပေါင်း ဆောင်ရွက် ရာတွင် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥ ပဒေများ၊ အမိန့်နှင့် ညွှန်ကြား ချက်များအား သိရှိရန် နှင့် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ် များအား ဥပဒေ နှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကော်မရှင် အဖွဲ့ခွဲများ၊ နိုင်ငံရေး ပါတီများ၊ CSO များ ထိတွေ့မှု များပါက ခင်မင် ရင်းနှီးမှု ရှိလာမှာ ဖြစ်ပြီး လုပ်ငန်းများ ဆောင်ရွက် ရာတွင် ပိုမို နားလည်မှု ရရှိစေမှာ ဖြစ်ကြောင်း၊ ကော်မရှင် အဖွဲ့ခွဲ များကိုလည်း နိုင်ငံရေး ပါတီများ၊ CSO များနှင့် မကြာ ခဏ တွေ့ဆုံ နိုင်ရေး ဆောင်ရွက် ရန် ညွှန်ကြား ထားကြောင်း၊ IRI မှ ပြုလုပ်သည့် သင်တန်း များသို့ ကော်မရှင် ဝန်ထမ်းများ ကိုလည်း တက်ရောက် စေခြင်းဖြင့် နိုင်ငံရေး ပါတီများ၊ CSO များနှင့် ထိတွေ့မှု ရရှိပြီး ခင်မင် ရင်းနှီးမှု ရရှိကာ လုပ်ငန်းများ ဆောင်ရွက် ရာ၌ အဆင်ပြေ ချောမွေ့မှာ ဖြစ်ကြောင်း၊ IRI အနေဖြင့် သင်တန်း များနှင့် အလုပ်ရုံ ဆွေးနွေးပွဲ များ ပြုလုပ် ပါက သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲ များသို့ အသိပေး ဆောင်ရွက် သွားရန် ပြောကြားသည်။

    ယင်းသို့ တွေ့ဆုံ ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အတူ ကော်မရှင် အဖွဲ့ဝင် များဖြစ် ကြသော ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဒေါက်တာ ဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်၊ ဦးညွန့်တင်၊ အတွင်း ရေးမှူး ဦးတင်ထွန်း နှင့် ကော်မရှင် ရုံးမှ တာဝန် ရှိသူများ တက်ရောက် ခဲ့ကြောင်း သတင်း ရရှိသည်။

  • ပွင့်လင်း မြင်သာစွာဖြင့် လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြည်သူအားလုံး ပူးပေါင်း ပါဝင် ဆောင်ရွက်ရန် လိုအပ်

    body1

    body2

    နေပြည်တော်၊ ဒီဇင်ဘာ ၃ဝ 

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနှင့် မြဝတီ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များမှ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၊ နိုင်ငံရေး ပါတီများ၊ မြို့မိမြို့ဖ များနှင့် လူမှုရေး အဖွဲ့အစည်း များ တွေ့ဆုံပွဲ အခမ်းအနား ကို ဒီဇင်ဘာ (၃ဝ)ရက် မွန်းတည့် (၁၂)နာရီတွင် ကရင်ပြည်နယ် မြဝတီမြို့ သောင်ရင်းခန်းမ ၌ ကျင်းပခဲ့သည်။

    အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့် အတူ ကရင်ပြည်နယ် အစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်၊ ကော့ကရိတ် တပ်နယ်မှ ဗိုလ်မှူးချုပ် မျိုးမိုးအောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေး ပါတီများ၊ မြို့မိမြို့ဖ များ၊ အရပ်ဘက် လူမှု အဖွဲ့အစည်း များနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ခဲ့ကြသည်။

    ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီး ကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အသိပေး ရှင်းလင်းရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ရွေးကောက်ပွဲ များကို (၅)နှစ် တစ်ကြိမ် ကျင်းပရပြီး ပထမ အကြိမ် လွတ်တော်များ၏သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်ရာ ရွေးကောက်ပွဲ ကျင်းပရန် ၁ဝ လခန့်သာ လိုတော့ကြောင်း၊ ရွေးကောက်ပွဲကို ပွင့်လင်း မြင်သာစွာဖြင့် လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲ အဖြစ် ကျင်းပနိုင်ရေး အတွက် ကော်မရှင်၊ နိုင်ငံရေး ပါတီများ၊ CSO များ၊ မီဒီယာများ နှင့် ပြည်သူများ အားလုံး ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင် နိုင်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲများ တွင် မဲပေးနိုင်ရန် အတွက် မိမိအမည် မဲစာရင်းတွင် ပါရှိရန် မှာ အခြေခံ အကျဆုံးလိုအပ်ချက် ဖြစ်ကြောင်း၊ မဲစာရင်း ကပ်ချိန် သွားရောက် ကြည့်ရှုရန် လိုအပ်ပြီး ပြည့်စုံ မှန်ကန်သည့် မဲဆန္ဒရှင် စာရင်းများ ရရှိစေရန် ပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း၊ ရွေးကောက်ပွဲတွင် မိမိ ဆန္ဒပြုသော မဲသည် ပယ်မဲ မဖြစ်စေရေး အတွက်လည်း ဂရုပြု ဆောင်ရွက် သွားရမည် ဖြစ်ပြီး မဲဆန္ဒရှင် ပညာပေးခြင်း လုပ်ငန်းများကို လည်း လုပ်ဆောင် ပေးသွားမည် ဖြစ် ကြောင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိသူများ ပြုလုပ်ပေးရေး သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းထားကြောင်း၊ တိုင်းရင်းသား လူမျိုးဖြစ်ပြီး ရပ်ရွာတွင် အမှန်တကယ် နေထိုင်ကြောင်း သက်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီမှ ထောက်ခံပါက မဲစာရင်းတွင် ထည့်ပေးရေး ဆောင်ရွက် ထားကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ အရ တာဝန်(၁၃)ရပ် ရှိသော်လည်း အနှစ်ချုပ် လိုက်လျှင် အဓိက တာဝန် (၃)ခုသာ ရှိကြောင်း၊ (၁)လွတ်တော် အသီးသီး အတွက် လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပေးခြင်း၊ (၂)ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှုကို စစ်ဆေးနိုင်ရေး အတွက် ဥပဒေနှင့် အညီ ရွေးကောက်ပွဲ ခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊ (၃)နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် အညီ နိုင်ငံရေး ပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း တို့ ဖြစ်ကြောင်း၊ ကြိုတင်မဲ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း ပွင့်လင်း မြင်သာစွာ၊ တရား မျှတစွာ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံရေး ပါတီများ အနေဖြင့် ဥပဒေကို သေချာစွာ လေ့လာရန်၊ လိုက်နာရန်နှင့် ဥပဒေ၏ အကာအကွယ်ကို ရယူရန် တိုက်တွန်းလိုကြောင်း၊ ရွေးကောက်ပွဲတွင် ပြည်တွင်း/ ပြည်ပမှ စောင့်ကြည့် လေ့လာရေး အဖွဲ့များ ဖိတ်ခေါ်ပြီး လွတ်လပ် တရား မျှတသော ရွေးကောက်ပွဲအား ဥပဒေနှင့် အညီ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မှတ်ကျောက်တင် သွားမှာဖြစ်ကြောင်း ပြောကြား သွားသည်။

    ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေး ပါတီများမှ ရွေးကောက်ပွဲနှင့် ပတ်သက်၍ သိရှိလိုသည့် အချက်များကို မေးမြန်းခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး နိဂုံးချုပ် အနေဖြင့် ပြည်သူများ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ Observer များနှင့် မီဒီယာများ အနေဖြင့်လည်း လွတ်လပ်၍ တရား မျှတသည့် ရွေးကောက်ပွဲကြီး ကို ဥပဒေနှင့် အညီ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက် သွားကြရန်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့်လည်း မဖြစ်မနေ ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

    ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ကရင်ပြည်နယ် မြဝတီမြို့ ချစ်ကြည်ရေး တံတားနှင့် အမှတ်(၄) ရပ်ကွက်ရှိ ရွေမြင်းဝန် ဘုရားသို့ သွားရောက်ခဲ့ပြီး ရွေမြင်းဝန် ဘုရားတွင် ပန်း၊ ဆီမီး ဆက်ကပ် ပူဇော်ပြီး အလှူငွေများ လှူဒါန်းခဲ့သည်။

    ထို့နောက် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌသည် မြဝတီမြို့ အေးချမ်းဖြိုး ရိပ်သာတွင် KNU တပ်မဟာ(၇)မှ ဦးစောဖောဒို၊ KNU/ KNLA (PC) မှ ဦးစောရင်နု၊ ဦးစောနေစိုးမြ၊ DKBA ကလိုထူးဖော တပ်ဖွဲ့မှ ဦးစောမိုရှေး၊ ဦးစတီး၊ ဦးထွန်းထွန်း တို့နှင့်တွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စများ ဆွေးနွေး ခဲ့ကြသည်။

    ယင်းနောက် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနှင့် အဖွဲ့သည် ညနေပိုင်းတွင် မြဝတီမြို့မှ ပြန်လည် ထွက်ခွာလာရာ မြဝတီနှင့် ကော့ကရိတ်ကြားရှိ မြဝတီ နယ်စပ် ကုန်သွယ်ရေးဇုန်နှင့် မြဝတီ စက်မှုဇုန် တို့အား ဝင်ရောက် ကြည့်ရှုပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်စည် စီးဆင်းမှုနှင့် စက်မှုဇုန် အတွင်း စက်ရုံများ တည်ဆောက်နေမှု အခြေအနေ များကို တာဝန်ရှိသူ များက ရှင်းလင်း တင်ပြကြသည်။

    ဆက်လက်၍ ကော်မရှင် ဥက္ကဌနှင့် အဖွဲ့သည် ညနေပိုင်းတွင် ကရင်ပြည်နယ် ဇွဲကပင် တောင်ခြေသို့ ရောက်ရှိပြီး ဇွဲကပင်တောင် ဆရာတော် ဘဒ္ဒန္တ ကဝိဓဇ အား လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး ကျောက်ကလပ် စေတီတော်သို့ သွားရောက်ကာ ပန်း၊ ဆီမီး၊ရေချမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။


    (သတင်းစဉ်)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home ရွေးကောက်ပွဲများ လွှတ်တော်ကိုယ်စားလှယ် ဦးရေစာရင်း လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးရေစာရင်း