အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့
Filter
  • စုံညီခုံရုံးက အယူခံမှုအမှတ် ( ၁/၂၀၁၇) အား အပြီးသတ်အမိန့်ချမှတ်ခြင်းနှင့် အမှုများအားလုံးစစ်ဆေးပြီးစီးခြင်း

    body2

    နေပြည်တော် ဧပြီ ၁၁

    မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၂)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူ ဦးပြူးလွင် (အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် ဦးလှဆွေ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၇/၂၀၁၅) ကို ရွေးကောက်ပွဲ ခုံအဖွဲ့(၄)၏၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင်ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်) အား ဦးလှဆွေမှ ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် အယူခံမှုအမှတ် (၁/၂၀၁၇) ဖြင့် လက်ခံခဲ့သည်။

    ယင်းအယူခံမှုအား ၂၀၁၇ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး၊ အဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးမှ မူလရွေးကောက်ပွဲခုံအဖွဲ့(၄)၏ ၂၄-၂-၂၀၁၇ရက်နေ့က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အမိန့်ကို ဆက်လက်အတည်ပြုပြီး အယူခံလျှောက်ထားသူ၏အယူခံမှုကို စရိတ်နှင့်တကွပယ်ကြောင်း အမိန့်ချမှတ်ခဲ့သည့်အပြင် တရားစရိတ်ငွေကျပ်တစ်သိန်းကို အယူခံလျှောက်ထားသူ ဦးလှဆွေမှ အယူခံလျှောက်ထားခံရသူ ဦးပြူးလွင်အား ပေးစေသည့် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် ၂၁-၁၂-၂၀၁၅ ရက်နေ့မှစ၍ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများ၊ပြင်ဆင်မှုများ နှင့်အယူခံမှုများကို ရွေးကောက်ပွဲ ခုံအဖွဲ့များ၊ စုံညီခုံရုံးများဖြင့် ကြားနာစစ်ဆေးခဲ့ရာ ၂၀၁၇ခုနှစ် ဧပြီ ၁၁ရက် တွင် အမှုများအားလုံးစစ်ဆေးပြီးဖြစ်သည်။

  • (၂၉-၄-၂၀၁၆) ရက်နေ့ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများ စစ်ဆေးခြင်း

    body

    နေပြည်တော်၊ ဧပြီ ၂၉

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများအား ဆက်လက်စစ်ဆေးလျှက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ရွေးကောက်ပွဲခုံရုံးတရားခွင်များ၌ ရွေးကောက်ပွဲခုံအဖွဲ့ (၁) ဥက္ကဋ္ဌ ဦးအောင်မြင့်၊ အဖွဲ့ဝင် ဦးစန်းရွှေ နှင့် ဦးဝင်းမော်တို့က ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁/၂၀၁၅)၊ (၄/၂၀၁၅)၊ (၇/၂၀၁၅)နှင့် (၁၇/၂၀၁၅) တို့အားလည်းကောင်း၊ ရွေးကောက်ပွဲခုံအဖွဲ့ (၂) ဥက္ကဋ္ဌ ဦးစိုးရယ်၊ အဖွဲ့ဝင် ဦးသောင်းလှိုင် နှင့် ဦးဇော်လင်းမောင်တို့က ရွေးကောက်ပွဲကန့်ကွက်လွှာအမှု အမှတ် (၃/၂၀၁၅)၊ (၅/၂၀၁၅)၊ (၁၉/၂၀၁၅)၊ (၂၀/၂၀၁၅)၊ (၂၁/၂၀၁၅)၊ (၂၉/၂၀၁၅)၊ နှင့် (၃၈/၂၀၁၅) တို့အားလည်းကောင်း ဆက်လက်စစ်ဆေးခဲ့ပြီး အမှုရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့သည်။

  • ၃-၆-၂၀၁၆ ရက်နေ့ ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုများ စစ်ဆေးခြင်း

    body

    နေပြည်တော်၊ ဇွန် ၃

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုများအား ဆက်လက် စစ်ဆေးလျက် ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ရွေးကောက်ပွဲခုံရုံး တရားခွင်များ၌ ရွေးကောက်ပွဲ ခုံအဖွဲ့(၂) ဥက္ကဋ္ဌ ဦးစိုးရယ်၊ အဖွဲ့ဝင် ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင် တို့က ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအမှတ် (၅/၂၀၁၅)၊ (၁၉/ ၂၀၁၅)၊ (၂၀/ ၂၀၁၅) နှင့် (၃၄/၂၀၁၅) တို့အား လည်းကောင်း၊ ရွေးကောက်ပွဲ ခုံအဖွဲ့ (၃) ဥက္ကဋ္ဌ ဦးထွန်းခင်၊ အဖွဲ့ဝင် ဦးတင်မြင့်နှင့် ဦးမောင်မောင်လေးမြင့် တို့က ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအမှတ် (၁၄/၂၀၁၅) နှင့် (၁၆/၂၀၁၅) တို့အား လည်းကောင်း၊ ရွေးကောက်ပွဲ ခုံအဖွဲ့(၄) ဥက္ကဋ္ဌ ဦးလှတင့်၊ အဖွဲ့ဝင် ဦးခင်မောင်ဝင်းနှင့် ဦးကျော်သူ တို့က ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအမှတ် (၁၀/၂၀၁၅) နှင့် (၁၁/၂၀၁၅) တို့အား လည်းကောင်း ဆက်လက် စစ်ဆေး ဆောင်ရွက် ခဲ့သည်။

  • ရှေ့ဆက်လက် ဆောင်ရွက်ရမည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံမှာကြား

    body

    နေပြည်တော် ဧပြီ ၄

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ဝန်ထမ်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများအား တွေ့ဆုံ၍ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

     

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home ရွေးကောက်ပွဲများ လွှတ်တော်ကိုယ်စားလှယ် ဦးရေစာရင်း လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးရေစာရင်း